Africa & Middle East
စစ်ပွဲ ရက်ပေါင်း ၆၀ ကြာမြင့်လာ၊ အမေရိကန်-အီရန် “စစ်ပွဲနှင့် ဆွေးနွေးပွဲ လိပ်ခဲတည်းလည်းဖြစ်နေခြင်း” မည်မျှ ကြာမြင့်ဦးမည်နည်း
ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
အီရန်စစ်ပွဲ ဖြစ်ပွားလာသည်မှာ ယနေ့တိုင် ရက်ပေါင်း ၆၀ ရှိပြီဖြစ်ပြီး အမေရိကန်နှင့် အီရန်က “စစ်ပွဲနှင့် ဆွေးနွေးပွဲ လိပ်ခဲတည်းလည်းဖြစ်သော” ကျဉ်းထဲကျပ်ထဲ အခြေအနေအတွင်းသို့ ကျရောက်နေသည်။ မကြာသေးမီက အီရန်နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံများစွာသို့ ခရီးစဉ်သွားရောက်ခဲ့ပြီး အမေရိကန်၏ “မော်ကွန်းတင်ဒေါသမီး” နှင့် “စီးပွားရေးအမျက်ဒေါသပေါက်ကွဲမှု” တို့ကို “သံတမန်ရေးလုပ်ဆောင်ချက်” ဖြင့် ကိုင်တွယ်စီမံခဲ့သည်။
အမေရိကန်နှင့် အီရန်သည် အဘယ်ကြောင့် လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေအတွင်းသို့ ကျရောက်နေသနည်း။ အဆိုပါ လိပ်ခဲတည်းလည်းအခြေအနေသည် မည်မျှကြာမြင့်ဦးမည်နည်း။
အမေရိကန်နှင့် အီရန်သည် “ပဋိပက္ခအား အေးခဲထားခြင်း” အခြေအနေမျိုးအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ စစ်မီးပြန်လည်လောင်ကျွမ်းလာနိုင်သည့် အန္တရာယ်မှာ အတန်အသင့်မြင့်မားဆဲဖြစ်သော်လည်း နှစ်ဖက်လုံးက ဘက်စုံစစ်ပွဲကို စတင်လိုသည့်ဆန္ဒမရှိကြောင်း နိုင်ငံတကာလူထုသဘောထားက ယူဆသည်။ ထို့ပြင် တင်းမာသောအခြေအနေသည် ပြင်ပသို့ ဆက်လက်ယိုလျှံနေဆဲဖြစ်ပြီး ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်တိုက် ထိုးနှက်မှုဖြစ်စေကာ အမေရိကန်က ဗိုလ်ကျကြီးစိုးမှုကို ကာကွယ်ရန်အတွက် စတင်ခဲ့သည့် အဆိုပါ ပဋိပက္ခအတွက် တစ်ကမ္ဘာလုံးက အဖိုးအခပေးဆပ်နေရပေသည်။
အီရန် “သံတမန်ရေးထိုးစစ်” က မည်သို့သော နည်းဗျူဟာအပြောင်းအလဲကို ဖော်ပြနေသနည်း
လတ်တလောရက်ပိုင်းတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက လမ်းကြောင်းစုံ သံတမန်ဆက်ဆံရေး လုပ်ဆောင်ခဲ့ရာ ပါကစ္စတန်သို့ ဆက်တိုက်ခရီးစဉ် သွားရောက်ခဲ့သည့်အပြင် အိုမန်သို့လည်းသွားရောက်ပြီး အိုမန် ဆူလ်တန် Haitham bin Tariq နှင့် တွေ့ဆုံခဲ့သည်။ အာရက်ဂ်ချီ၏ ဧပြီ ၂၇ ရက် ရုရှားခရီးစဉ်သည်လည်း အထူးအာရုံစိုက်ခြင်းခံခဲ့ရသည်။
ရုရှား သမ္မတ ပူတင်က စိန့်ပီတာစဘတ်စ်မြို့တွင် အာရက်ဂ်ချီနှင့် တစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ပူတင်က ရုရှားဘက်အနေဖြင့် အီရန်နှင့် အရှေ့အလယ်ပိုင်းဒေသ အခြားနိုင်ငံများ၏ အကျိုးစီးပွားကို အစွမ်းကုန်ကာကွယ်ပေးပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ဆောလျင်စွာ ဖော်ဆောင်ရန်အတွက် အင်တိုက်အားတိုက် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘက်အသီးသီးသတင်းများအရ အာရက်ဂ်ချီ၏ ခရီးစဉ်မှတစ်ဆင့် အီရန်သည် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုတွင် “အဆင့်ခွဲလုပ်ဆောင်ခြင်း” နည်းလမ်းအသစ်ကို အဆိုပြုခဲ့သည်။ ယင်းမှာ ရှေးဦးစွာ ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းနှင့် အမေရိကန်၏ ပင်လယ်ရေကြောင်း ပိတ်ဆို့မှုအရေးကိစ္စအပေါ် ရှေးဦးစွာ အာရုံစိုက်ခြင်း၊ အပစ်ရပ်မှုကို သက်တမ်းတိုးခြင်း သို့မဟုတ် ဘက်အသီးသီးက စစ်ပွဲကို ရာသက်ပန်အဆုံးသတ်ရန် သဘောတူခြင်း၊ နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုကို ရေလက်ကြား ပြန်လည်ဖွင့်လှစ်ပြီး အမေရိကန်က ပိတ်ဆို့မှုပယ်ဖျက်ပြီးမှသာ ကျင်းပခြင်း တို့ဖြစ်သည်။
အာရက်ဂ်ချီက စစ်ပွဲအဆုံးသတ်ရန် အီရန်၏တောင်းဆိုချက်ကို ပါကစ္စတန်ဘက်သို့လည်းပေးပို့ခဲ့ရာ ၎င်းတွင် ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှုစနစ်အသစ် ကျင့်သုံးခြင်း၊ စစ်ပွဲအတွက်လျော်ကြေးရရှိခြင်း၊ အမေရိကန်က ပင်လယ်ရေကြောင်းပိတ်ဆို့မှုကို ပယ်ဖျက်ပြီး ကျူးကျော်မှု ထပ်မံမလုပ်ဆောင်ရန် အာမခံခြင်း စသည်တို့ ပါဝင်ပေသည်။
အမေရိကန်က အီရန်ဘက်၏အစီအစဉ်ကို လက်ခံရရှိပြီးဖြစ်ကြောင်း အတည်ပြုထားသော်လည်း တုံ့ပြန်မှုမှာ တက်ကြွမှုမရှိလှပေ။ အမေရိကန် သမ္မတ ထရမ့်သည် “ဒီအစီအစဉ်ကို သဘောကျမှုမရှိ” ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါအစီအစဉ်တွင် နျူကလီးယားအရေးကိစ္စ မပါဝင်ခြင်းကြောင့်ဖြစ်သည်ဟု ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။
အမေရိကန်-အီရန် အနေအထားကို ကြည့်မည်ဆိုလျှင် နှစ်ဖက်အနေဖြင့် ဆက်လက်ဆွေးနွေးလိုသောဆန္ဒ ရှိနေဆဲဖြစ်ကြောင်း သုံးသပ်သူများက ယူဆကြသည်။
အီရန် အဆိုပြုချက်သစ်တွင် ၎င်း၏ နည်းဗျူဟာသည် ကနဦးက ဘက်စုံတစ်ဆင့်တည်းဖြင့် အပြီးသတ်မည်ဟူသော အတွေးအခေါ်မှသည် အဆင့်လိုက် ပိုမိုလက်တွေ့ကျသော လှုပ်ရှားမှုမူဘောင်သို့ ပြောင်းလဲလာသည်။ နောက်ဆုံးစည်းမျဉ်းကို အခိုင်အမာ လက်ကိုင်ထား စောင့်ထိန်းထားသည့် တစ်ချိန်တည်းတွင် အီရန်ဘက်က ဘက်ပေါင်းစုံ သံတမန်ရေးနည်းလမ်းများကို အဓိကထားရန် ရွေးချယ်လိုက်ပြီး ဦးစွာ စတင်လှုပ်ရှားမှုမှတစ်ဆင့် အမေရိကန်ဘက်၏ တုံ့ပြန်မှုကို အကဲစမ်းပြီး ဆွေးနွေးပွဲအသစ်တွင် အသာစီးရယူခွင့်ကို ကြိုးပမ်းလျက်ရှိသည်။
အမေရိကန်-အီရန် မည်သည့်အကြောင်းကြောင့် “စစ်ပွဲနှင့် ဆွေးနွေးပွဲ လိပ်ခဲတည်းလည်းဖြစ်နေရ” သနည်း
ကျွမ်းကျင်သူများက အကြောင်းရင်း ၃ ချက်ကြောင့် အမေရိကန်-အီရန် “စစ်ပွဲနှင့် ဆွေးနွေးပွဲ လိပ်ခဲတည်းလည်းဖြစ်” သည့် အကျပ်အတည်းတွင်းသို့ ကျဆင်းနေခြင်းပြီး ဤကဲ့သို့သော အခြေအနေမှာ အချိန်ကာလတစ်ခုအထိ ဆက်လက်တည်ရှိနေနိုင်ကြောင်း ယူဆကြသည်။
ပထမအနေဖြင့် နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု အလျှင်းမရှိခြင်းကြောင့် ဖြစ်သည်။ အီရန်နိုင်ငံ တီဟီရန်တက္ကသိုလ်မှ ပါမောက္ခ Hassan Ahmadian က အမေရိကန်အပေါ် အီရန်သည် စိတ်ကူးယဉ်မှုများကို စွန့်လွှတ်လိုက်ပြီဖြစ်ပြီး အမေရိကန်၏ ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ တောင်းဆိုချက်များကို လွယ်လင့်တကူ လက်ခံလိမ့်မည်မဟုတ်ကြောင်း၊ အာရက်ဂ်ချီ မကြာမီရက်ပိုင်းက ပါကစ္စတန်သို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ခြင်းမှာလည်း ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးသည့် ကြိုးပမ်းမှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းမျှသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ဆွေးနွေးညှိနှိုင်းမှု ရပ်တည်ချက်များမှာ ဆန့်ကျင်ဘက်ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ လက်ရှိ အမေရိကန်-အီရန် နှစ်ဖက်စလုံးသည် နျူကလီးယားစီမံကိန်းနှင့် ဟော်မုဇ်ရေလက်ကြား ဟူသည့် အဓိကပြဿနာကြီးနှစ်ရပ်တွင် သဘောထားကွဲလွဲမှုများမှာ “စေ့စပ်ညှိနှိုင်း၍မရနိုင်” ဖြစ်နေဆဲပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နှစ်ဖက်စလုံး၏ ဆွေးနွေးမှုရည်ရွယ်ချက်အားလုံးနီးပါးမှာ “ဖဲချပ်လှန်” အတိအလင်းပြသထားပြီး ဖြစ်သည်။
စစ်မြေပြင်တွင် အသာစီးရရန် ခက်ခဲနေသည့်အခြေအနေ၌ အမေရိကန်ဘက်က ဆွေးနွေးညှိနှိုင်းမှုကို အသုံးချ၍ “ဖိအားပေးခြင်းဖြင့် ပြောင်းလဲစေရန်” နှင့် စစ်မြေပြင်တွင် မရရှိခဲ့သည့်အရာများကို ရယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ အလားတူပင် အီရန်ဘက်ကလည်း ဆွေးနွေးညှိနှိုင်းမှုကို “စစ်ပွဲ၏ယိုလျှံမှု” အဖြစ်သာ ရှုမြင်ထားပြီး အလွယ်တကူ လိုက်လျောလိမ့်မည်မဟုတ်ကြောင်း ကာတာနိုင်ငံ Al Jazeera ရုပ်သံသတင်းဖော်ပြချက်များက သုံးသပ်ထားသည်။
တတိယအနေဖြင့် နှစ်ဖက်စလုံးတွင် ပြည်တွင်းဖိအားများ ရှိကြသည်။ ရှန်ဟိုင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ ပညာရှင် ပေါင်ချိန်ကျန်းက အမေရိကန်နှင့် အီရန် နှစ်ဖက်စလုံးသည် ပြည်တွင်းဖိအားများနှင့် ရင်ဆိုင်နေရသည်ဟု ယူဆသည်။
ထရမ့်အစိုးရသည် ဘေးကျပ်နံကျပ် အခြေအနေနှစ်ရပ်ကြားတွင် နက်နက်ရှိုင်းရှိုင်း ပိတ်မိနေကြောင်း၊ ယင်းမှာ ဆွေးနွေးမှုတွင် အလျှော့မပေးလိုသလို အီရန်နှင့် တစ်ကျော့ပြန် စစ်ဖြစ်ပွားရန်လည်း ဆန္ဒမရှိကြောင်း၊ ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာခြင်းကလည်း ၎င်း၏ မူဝါဒရေးရာ လှုပ်ရှားနိုင်စွမ်းကို ပိုမိုအကန့်အသတ်ဖြစ်စေကြောင်း၊ အီရန်ဘက်တွင်လည်း အစိုးရသစ်ခေါင်းဆောင်အလွှာက အမေရိကန်အပေါ် တင်းမာသော ရပ်တည်ချက်ကို ပြသခြင်းဖြင့် ပြည်တွင်းအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းလိုသလို တစ်ချိန်တည်းတွင်ပင် စစ်ပွဲ၏ ထိခိုက်ဆုံးရှုံးမှုနှင့် အမေရိကန်၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဖိအားများကို ရင်ဆိုင်နေရခြင်းကြောင့် အီရန်အနေဖြင့်လည်း စစ်ပွဲကို ရေရှည် ဆက်လက်ဆင်နွှဲရန် ခဲယဉ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
သုံးသပ်သူများက “စစ်ပွဲနှင့် ဆွေးနွေးပွဲ လိပ်ခဲတည်းလည်းဖြစ်နေခြင်း” အခြေအနေ၏နောက်ကွယ်တွင် နှစ်ဖက်စလုံးက မဟာဗျူဟာအခွင့်အလမ်းများရရှိရန် အချိန်ကိုအသုံးချပြီး ကြိုးပမ်းနေသည်ဟု ယူဆကြသည်။
အမေရိကန်ဘက်က ပင်လယ်ပြင်ပိတ်ဆို့မှုများမှတစ်ဆင့် အီရန်၏ စီးပွားရေးကို “ပြိုလဲသွားစေရန်” နှင့် ထိုမှတစ်ဆင့် အီရန်ပြည်တွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ကြံရွယ်ကြိုးပမ်းလျက်ရှိသလို အီရန်ဘက်ကမူ ရေနံဈေးနှုန်း ဂယက်ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးဖိအားနှင့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ၏ နိုင်ငံရေးဖိအားများကို အသုံးချကာ ထရမ့်အစိုးရကို “ဖိအားဖြင့် ပြိုလဲစေရန်” မျှော်လင့်ထားကြောင်း သုံးသပ်သူများက ယူဆကြသည်။
အကယ်၍ ကြီးမားသော ရုတ်ခြည်းအချိုးအကွေ့များမရှိပါက ဤကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်မှု အကျပ်အတည်းမှာ ဆက်လက်တည်ရှိနိုင်ပေသည်။ ဩစတြေးလျ ပညာရှင်များက ဤအကျပ်အတည်းအခြေအနေသည် “ပဋိပက္ခကို အေးခဲထားခြင်း” အသွင်မျိုး ဖြစ်လာနိုင်ကြောင်း၊ ဆိုလိုသည်မှာ စစ်ပွဲ၏ အရင်းခံအကြောင်းတရားများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ပြင်းထန်မှုအားနည်းသော ထိတွေ့မှုများ အချိန်မရွေး ဖြစ်ပွားနိုင်သော်လည်း “ဘက်စုံစစ်ပွဲ” အဆင့်အထိကိုမူ ရောက်ရှိလိမ့်မည်မဟုတ်ကြောင်း ယူဆကြသည်။
ရက်ပေါင်း ၆၀ ကြာစစ်ရေးက ကမ္ဘာကြီးကို “မည်သို့ရိုက်ခတ်ခဲ့သနည်း”
အမေရိကန်နှင့် အစ္စရေး စတင်ခဲ့သော စစ်ရေးသည် နှစ်လကြာ ကြာမြင့်ခဲ့ပြီး အရှေ့အလယ်ပိုင်း၊ ကမ္ဘာကြီးနှင့် “သူသူငါငါ လူနေမှုဘဝ” အထိ နေ့စဉ်နှင့်အမျှ နက်ရှိုင်းသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်မီဒီယာများက “တစ်ကမ္ဘာလုံးက အမေရိကန် စတင်ခဲ့တဲ့ စစ်ပွဲအတွက် ပေးဆပ်နေရတယ်” ဟု ဆိုခဲ့သည်။
ဟော်မုဇ်ရေလက်ကြားက “မူလအခြေအနေပြန်ရောက်အောင်လုပ်မရသည့် ရိုက်ခတ်မှုများ” ယူဆောင်လာနိုင်သည်။ စစ်ရေးကြောင့် အတားအဆီးဖြစ်ရသော ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်နှင့် အီရန်၏ “နှစ်ထပ်ပိတ်ဆို့မှု” ပုံစံသို့ ရောက်ရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်များကို ရိုက်ခတ်ခြင်း၊ ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ပိတ်ဆို့မှုခြင်း၊ စားနပ်ရိက္ခာစနစ်များအပေါ် ဖိအားဖြစ်စေခြင်း၊ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးပတ်ဝန်းကျင်ကို တုန်လှုပ်စေပြီး နိုင်ငံအများအပြားတွင် ငွေကြေးဖောင်းပွမှုအန္တရာယ်များကို ဖြစ်ပေါ်စေခြင်းတို့ အဆက်မပြတ် ဖြစ်ပေါ်စေခဲ့သည်။ ယင်းကြောင့် အဖွဲ့အစည်းအများအပြားသည် ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များကို လျှော့ချခဲ့ကြသည်။
ယင်းမှာ “ရာစုနှစ်ဝက်အတွင်း စီးပွားရေးအား အပျက်အစီးအများဆုံးဖြစ်စေသည့် စစ်ရေး” ဖြစ်ရာ ကမ္ဘာ့စီးပွားရေး၏ အဓိကထောက်တိုင်များစွာကို တုန်လှုပ်စေသည့်အပြင် ၎င်း၏အကျိုးသက်ရောက်မှုများသည် နှစ်ပေါင်းများစွာ ကြာရှည်မည်ဖြစ်ပြီး လျင်မြန်စွာ ပြန်ပြင်၍မရနိုင်ကြောင်း Nikkei Asia မဂ္ဂဇင်းတွင် ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။
ဒေသတွင်းမှာမူ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်ထပ်ကွမ်း အကျပ်အတည်းတွင် ကျရောက်ခဲ့သည်။ အမေရိကန်နှင့် အီရန်၏ အားပြိုင်မှုအကျပ်အတည်းသည် ကာလရှည်ကြာစွာ ဆက်လက်တည်ရှိနိုင်ရာ စစ်မက်မီးလျှံများ ပြန်လည်လောင်ကျွမ်း၍ အဆင့်မြင့်တက်လာမည့် အန္တရာယ်မှာ ဖယ်၍မရပေ။ ထို့အပြင် ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့၊ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့စသည့် ပိုမိုများပြားသော ဒေသတွင်း အင်အားစုများ ပါဝင်လာနိုင်ခြင်းကြောင့် ဒေသတွင်းသည် ရေရှည်မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အထူးသဖြင့် ပင်လယ်ကွေ့ဒေသများအတွက် အမေရိကန်၏ “လုံခြုံရေးအာမခံချက်” သည် “အန္တရာယ်ဖြစ်စေသည့် အကြောင်းရင်း” ဖြစ်ခဲ့ပြီး ဒေသတွင်း စဉ်ဆက်မပြတ် မတည်ငြိမ်မှုများကြောင့် ၎င်း၏ “အရှေ့အလယ်ပိုင်းအတွင်း တည်ငြိမ်သည့် အိုအေစစ်” ဟူသော ရင်းနှီးမြှုပ်နှံမှု အနေအထား ဆုံးရှုံးသွားစေခဲ့ရာ ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ တစ်ပြိုင်နက်တည်း အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
နိုင်ငံတကာစည်းစနစ်ကို ရိုက်ခတ်ခဲ့သည်။ အီရန်စစ်ရေးက အမေရိကန်၏ ဗိုလ်ကျကြီးစိုးမှုလုပ်ရပ်သည် လွန်စွာ အန္တရာယ်များသော အလေ့အထဖြစ်ပြီး လက်ရှိကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှု၏ အရင်းအမြစ်ဖြစ်လာသည်။ အာဏာအင်အားသုံးနိုင်ငံရေးကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်းများ ပျက်ပြားသွားပါက နမူနာဆိုးသက်ရောက်မှု (Broken Windows Effect) ကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ပြီး ယခင်က မတွေးဝံ့သော အန္တရာယ်ရှိသည့် လုပ်ရပ်အချို့သည် ပိုမိုများပြား၊ ပိုမို၍ မကြာခဏဖြစ်ပွားလာမည်ဖြစ်ကာ ကမ္ဘာကြီးသည် ပို၍ မတည်ငြိမ်မှု၊ ကမောက်ကမဖြစ်မှုများဆီသို့ ဦးတည်သွားမည်ဖြစ်သည်။
အမေရိကန်၏ ဗိုလ်ကျကြီးစိုးမှုကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်သည့် အီရန်စစ်ရေးသည် ကမ္ဘာ့ “စနစ်ဆိုင်ရာ အကျပ်အတည်း” ကို ဖြစ်ပေါ်စေလျက်ရှိသည်။ အိန္ဒိယမူဝါဒ သုတေသနစင်တာမှ ပါမောက္ခ Brahma Chellaney က “ဒါအတွက် တစ်ကမ္ဘာလုံးရဲ့ ပေးဆပ်နေရမှုက အစပဲရှိသေးတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည့် အမေရိကန်သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုအပြီး မီးခိုးလိပ်များ တက်လာသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
国际观察|战事60天,美伊“不战不谈”还要多久
新华社北京4月28日电 题:战事60天,美伊“不战不谈”还要多久
新华社记者柳伟建 王储 胡冠
伊朗战事爆发至今已60天,美国和伊朗陷入“不战不谈”的对峙僵局。日前,伊朗外长访问多国,以“外交攻势”应对美国的“史诗怒火”和“经济狂怒”。
美伊为何陷入目前的僵局?这样的僵局还会持续多久?
国际舆论认为,美伊或陷入一种“冻结冲突”的局面,战火重燃的风险依然较高但双方又都不愿打响全面战争。另外,紧张局势仍继续外溢,持续冲击地区和全球安全与发展,“美国为维护霸权而发起的这场战争,正让全世界为之买单”。
伊朗“外交攻势”显露何种策略转变
连日来,伊朗外长阿拉格齐展开多线外交,接连访问巴基斯坦,还前往阿曼会晤阿曼苏丹海赛姆。阿拉格齐27日的俄罗斯之行,尤其广受关注。
俄总统普京在圣彼得堡与阿拉格齐畅谈一个半小时。普京表示,俄方将尽全力维护伊朗以及中东地区其他国家的利益,全力推动中东地区尽快实现和平。
综合各方消息,通过阿拉格齐的访问,伊方提出了与美谈判的“分步走”新方案:首先聚焦霍尔木兹海峡危机和美国海上封锁问题,停火将被长期延长或各方将同意永久结束战事,核谈判只有在海峡重新开放、美国封锁解除后才开始举行。
阿拉格齐还向巴基斯坦转交了结束战事的伊方条件,包括实施霍尔木兹海峡新管理制度、获得战争赔偿、确保美国解除海上封锁并不再发动侵略等。
美国确认已收到伊方方案,但反应并不积极。一名美国官员称,总统特朗普27日表示“不喜欢这个方案”,原因在于该方案未涉及核问题。
分析人士认为,从美伊态度来看,双方依然有继续谈判的意愿。
伊朗提出新方案,显示其策略已从初期的全面、一步到位思路,转向分阶段、更务实的行动框架。在坚守底线的同时,伊方选择以多线外交为抓手,通过“主动出招”来试探美方反应,争取新一轮谈判的主导权。
美伊缘何陷入“不战不谈”僵局
专家认为,缘于三方面原因,美伊陷入“不战不谈”的僵持局面,且这种僵局在一定时间内或将持续。
首先,政治互信全无。伊朗德黑兰大学教授哈桑·艾哈迈迪安说,伊朗已对美国放弃幻想,不会轻易接受美方谈判条件。阿拉格齐近日两度到访巴基斯坦,更多只是为了对巴方斡旋努力有所交代。
其次,谈判立场对立。目前,美伊双方在核项目和霍尔木兹海峡两大核心问题上的分歧仍然“无法调和”。同时,双方的谈判目的几乎已是“明牌”。卡塔尔半岛电视台报道认为,在战场难占上风的情况下,美方企图借谈判“以压促变”、获得在战场上未能得到的东西;而伊朗同样将谈判视为“战争外延”,不会轻易妥协。
第三,双方国内承压。上海外国语大学专家包澄章认为,美伊双方都面临国内压力。特朗普政府深陷两难:既不愿在谈判中妥协,也不愿再度与伊朗开战,加之中期选举临近,其政策空间进一步受限。而在伊朗方面,新一届领导层希望通过对美强硬立场稳固国内形势,同时因面临战事消耗损失和美国封锁造成的经济压力,伊朗也难以长期持续作战。 分析认为,“不战不谈”僵局的背后,是双方都在试图用时间换取战略空间。美方企图通过海上封锁“拖垮”伊朗经济,甚至引发伊朗国内变局;伊方则希望借油价波动下的经济压力和美国中期选举的政治压力,“压垮”特朗普政府。
如果没有重大突发变局,这种对峙僵局或将延续。澳大利亚学者认为,这种僵局或成为一种“冻结冲突”的状态,即战事根源未解决、低烈度冲突随时可能爆发,但不会达到“全面战争”的程度。
战事60天“如何冲击”世界
美国和以色列发动的战事已持续两个月,对中东、世界甚至“你我他的生活”造成日益深远的影响。美国媒体说,“全世界都在为美国发起的战争买单”。
——霍尔木兹海峡或带来“难以挽回的冲击”。因战事受阻的霍尔木兹海峡进入美伊“双重封锁”模式,持续冲击全球能源市场、阻塞贸易和供应链、给粮食系统带来压力、震荡全球金融环境并引发多国通胀风险。为此,多家机构下调今年全球经济增长预期。 《日经亚洲》杂志文章说,这是“半个世纪以来最具经济破坏性的战事”,撼动全球经济多个支柱,而且其影响将持续多年、无法迅速逆转。
——地区陷入安全和发展双重困境。美以与伊朗的博弈僵局或长期持续,战火重燃并升级的风险无法消除,同时也门胡塞武装、黎巴嫩真主党等更多地区力量可能卷入,地区将面临长期动荡。
尤其是对海湾国家而言,美国的“安全保障”反而成为“风险诱因”,地区持续动荡已让其丧失“中东稳定绿洲”的投资地位,地区安全和发展同时面临困境。
——国际秩序受到冲击。伊朗战事显示,美国霸权行为已形成一种极度危险的惯性,成为当前全球动荡根源。强权若不受遏制,规则一旦被打破,也将引发“破窗效应”,一些原本不可想象的危险行径会更多、更频繁发生,世界将变得更加动荡和混乱。
旨在维护美国霸权的伊朗战事正引发世界“系统性危机”,印度政策研究中心教授布拉马·切拉尼说,“而全球才刚刚开始为此买单。”(完)
图说1:4月25日,巴基斯坦总理夏巴兹(左)在首都伊斯兰堡同伊朗外长阿拉格齐举行会谈。新华社发(巴基斯坦总理办公室供图)
图说2:4月16日,美国总统特朗普在华盛顿白宫南草坪接受媒体采访。新华社发(李源清摄)
图说3:4月26日,黎巴嫩南部一处地点遭以军袭击后升起浓烟。新华社发(吉尔·科恩·马根摄)
