Connect with us

North America

ဂျာမနီ ဝန်ကြီးချုပ်၏ အီရန်နှင့်စပ်လျဉ်းသော ပြောဆိုချက်အပေါ် ထရမ့် ကျေနပ်မှုမရှိ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က ၂၀၂၆ ခုနှစ် ဧပြီ ၂၅ သတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက် ဗီဒီယိုစခရင်ရှော့၌ တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဂျာမနီ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်၏ မကြာသေးမီက အီရန်နှင့်စပ်လျဉ်းသော ပြောဆိုချက်အပေါ် ကျေနပ်မှုမရှိကြောင်း ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က လူမှုမီဒီယာ၌ ပို့စ်တင်၍ “အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတာက ပြဿနာမရှိဘူးလို့ ဖရီးဒရစ် မက်ဇ်က ထင်ပါတယ်။ သူက ကိုယ့်ဘာသာ ဘာတွေပြောနေလဲဆိုတာတောင် သိမှာမဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။ ဂျာမနီသည် လက်ရှိတွင် “စီးပွားရေးအရ ဒါမှမဟုတ် အခြားကဏ္ဍမှာပဲဖြစ်ဖြစ် သိပ်ကိုဆိုးရွားနေပါတယ်” ဟု လည်း ၎င်းက ပြောကြားခဲ့သည်။
ဖရီးဒရစ် မက်ဇ်သည် ဧပြီ ၂၇ ရက်က ဂျာမနီနိုင်ငံ North Rhine-Westphalia ပြည်နယ် အထက်တန်းကျောင်းတစ်ကျောင်းတွင် အခမ်းအနားတက်ရောက်စဉ် အမေရိကန်အနေဖြင့် မည်သည့်မဟာဗျူဟာကိုမျှ ထိန်းချုပ်ထားခြင်းမရှိသည့် အခြေအနေတွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိတွင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင်းသို့ ကျရောက်နေပြီး အီရန်ဘက်၏ “စော်ကားမှု” ခံနေရသည်ဟု ပြောကြားခဲ့သည်။
ဖရီးဒရစ် မက်ဇ်က ၎င်းအနေဖြင့် အမေရိကန်က မည်သည့်မဟာဗျူဟာမြောက် နုတ်ထွက်မှုအစီအစဉ် ရွေးချယ်မည်ကို ခန့်မှန်း၍မရကြောင်း ပြောကြားခဲ့သည်။ အီရန်သည် ဆွေးနွေးညှိနှိုင်းမှုအတွင်း အလွန်ကျွမ်းကျွမ်းကျင်ကျင်ရှိလှသည် သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုကို ငြင်းပယ်ရန် အလွန်ကျွမ်းကျင်သည်ဟု ဆိုနိုင်ကြောင်း၊ “အမေရိကန်သားတွေကို အစ္စလာမ်မာဘတ်ဆီ သွားခိုင်းပြီး ဘာရလဒ်မှမရဘဲ ပြန်သွားခိုင်းတယ်” ဟု ၎င်းက ဆိုသည်။ စစ်မျက်နှာစာ စတင်ဖွင့်လှစ်ပြီးနောက် “နုတ်ထွက်ရန်နည်းလမ်းကို မဖြစ်မနေ ရှာတွေ့ရမည်” ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ယင်းနှင့်စပ်လျဉ်း၍ မဟာဗျူဟာမရှိသည်မှာ သိသာထင်ရှားကြောင်း၊ အမေရိကန်က အာဖဂန်နစ္စတန်စစ်ပွဲနှင့် အီရတ်စစ်ပွဲများတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
အမေရိကန်နှင့် အစ္စရေးသည် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုစတင်ပြီးနောက် ဂျာမနီသည် စစ်ပွဲအတွင်း ပါဝင်ရန် ငြင်းဆိုခဲ့သည်။ ဖရီးဒရစ် မက်ဇ်က ထိုမတိုင်မီ အဆိုပါစစ်ပွဲက အမေရိကန်အပါအဝင် ဘက်အသီးသီးကို ထိခိုက်နစ်နာမှုဖြစ်စေကြောင်း၊ ဥရောပအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ တစ်ဆင့်တိုး အဆင့်မြင့်တက်လာမှုကို ရှောင်ရှားပြီး စစ်ပွဲဆောလျင်စွာအဆုံးသတ်ရန် မျှော်လင့်ကြောင်း‌ ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
特朗普对德国总理涉伊朗言论不满
新华社华盛顿4月28日电(记者黄强 徐剑梅)美国总统特朗普28日对德国总理默茨日前涉伊朗的言论表达不满。
特朗普在社交媒体发文说,默茨“认为伊朗拥有核武器没问题,他根本不知道自己在说什么”。他还表示,德国现在“无论是在经济还是其他方面都表现得如此糟糕”。
默茨27日在德国北莱茵-威斯特法伦州一所中学出席活动时说,美国在没有制定任何战略的情况下对伊朗发起军事行动,导致目前进退两难,正遭到伊朗方面“羞辱”。
默茨说,他看不出美国会选择什么样的战略性退出方案。伊朗在谈判中显得非常老练,或者说非常老练地拒绝谈判,“让美国人前往伊斯兰堡,又一无所获地离开”。他指出,开启战端后“必须找到退出的方式”,美国显然就此没有战略,美国在阿富汗战争和伊拉克战争中都是这样。
美国和以色列对伊朗发动军事打击后,德国拒绝卷入战事。默茨此前表示,这场战事对包括美国在内的各方都造成损害,欧洲希望战事早日结束,避免中东地区局势进一步升级。(完)
图说:这张4月26日拍摄的视频截图显示,4月25日,美国总统特朗普在华盛顿白宫新闻发布会上讲话。新华社记者李睿摄