International Organizations
နည်းဗျူဟာချင်း အားပြိုင်ကြမည့် အက်သလက်တီကို-အာဆင်နယ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်၌ တည်ကန်ဘောများကို အဓိကလက်နက်အဖြစ် အသုံးပြုလာနိုင်
မက်ဒရစ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
အက်သလက်တီကို မက်ဒရစ်အသင်းမှာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်း မက်ထရိုပိုလစ်တာနို၌ ဧပြီ ၂၉ ရက်တွင် အာဆင်နယ်အသင်းနှင့် ရင်ဆိုင်ကစားမည်ဖြစ်ပြီး ထိုပွဲစဉ်မှာ အောက်တိုဘာလက ချန်ပီယံလိဂ် လိဂ်ပြိုင်ပွဲအဆင့်၌ အာဆင်နယ်အား ၄ ဂိုးပြတ် အရေးနိမ့်ခဲ့သည့် ပွဲစဉ်အတွက် မကျေပွဲလည်းဖြစ်သည်။
ထို့နောက်ပိုင်းတွင် ရာသီအစပိုင်းက ပြသခဲ့သည့် အာဆင်နယ်၏ အကောင်းဆုံးခြေစွမ်းမှာ ကျဆင်းသွားခဲ့ကာ လက်ရှိတွင် မစ်ကယ် အာတေတာ၏ အသင်းအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်ချက်စတာစီးတီးနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရသည်။
ဒဏ်ရာပြဿနာများကလည်း အာဆင်နယ်အသင်းကို အကြီးအကျယ် ထိုးနှက်လျက်ရှိသည်။ မစ်ကယ် မယ်ရီနိုမှာ ကာလရှည် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိသလို ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပါဝင်နိုင်ရန် မသေချာသေးပေ။ ထို့အတူ ဂျူရီယန် တင်ဘာမှာ တင်ပါးဆုံရိုးဒဏ်ရာကြောင့် အနားယူနေရပြီး ကိုင်ဟာဗက်ဇ်မှာလည်း လွန်ခဲ့သည့် သီတင်းပတ်က နယူးကာဆယ်အသင်းနှင့် ပွဲစဉ်၌ ပေါင်ခြံဒဏ်ရာရရှိခဲ့သည်။ ထိုပွဲစဉ်၌ အီဘာရီချီ အီဇီနှင့် မာတင် ဇူဘီမန်ဒီတို့ကိုလည်း ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး အီဇီမှာ ဧပြီ ၂၉ ရက်၌ ပါဝင်ကစားနိုင်ရန် မသေချာသေးပေ။
သို့သော် အာဆင်နယ်အတွက် အဓိကအားတက်စရာအဖြစ် ဘူကာယို ဆာကာ ဖနောင့်ကြောဒဏ်ရာမှ သက်သာလာပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်ရာ ခံစစ်အားပြုကာ လျင်မြန်သည့် တန်ပြန်တိုက်စစ်ကို အားပြုကစားဖွယ်ရှိသည့် အက်သလက်တီကိုအား တိုက်စစ်ပိုင်းတွင် ပိုမိုခြိမ်းခြောက်နိုင်ဖွယ်ရှိသည်။
အက်သလက်တီကိုမှာ လာလီဂါတွင် အဆင့်-၄ ၌ ရပ်တည်နေကာ လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် သေချာသလောက် ရှိနေသော်လည်း ချန်ပီယံဆုနှင့် အလှမ်းဝေးသွားခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ နည်းပြ ဒီယေဂို ဆီမြွန်နီအဖို့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ရီးရဲလ်ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းလူစာရင်းကို အပြောင်းအလဲလုပ်ခွင့် ရသွားခဲ့ပြီး အက်ဒီမိုလာ လွတ်ခ်မန်း၊ ဟူလီယန် အယ်လ်ဗာရက်ဇ်၊ ဂူလီယာနို ဆီမြွန်နီ စသည့် အဓိကကစားသမားများသည်လည်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာရန် အချိန်ရရှိခဲ့သည်။ အဆိုပါ ကစားသမားသုံးဦးစလုံးမှာ ယခုပွဲစဉ်၌ ပွဲထွက်ပါဝင်လာမည်ဟု ယူဆရသော်လည်း လွတ်ခ်မန်းမှာ ဖနောင့်ကြောဒဏ်ရာကို ကုသမှုခံယူနေရဆဲဖြစ်သည်။
ဧပြီ ၂၉ ရက် ပွဲစဉ်မှာ နည်းဗျူဟာချင်း အားပြိုင်ကြမည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်ကာ နှစ်သင်းစလုံးက low block ဖြင့် ခံစစ်လုံအောင်ကစားပြီး တည်ကန်ဘောများမှတစ်ဆင့် ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်စွမ်းရှိကြသည်။ ထို့အတွက်ကြောင့် ထောင့်ကန်ဘောမှတစ်ဆင့် သွင်းဂိုးတစ်ဂိုး ရရှိသွားရုံဖြင့် ပထမအကျော့ပွဲစဉ်ကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိသော်လည်း လာမည့်သီတင်းပတ်တွင် လန်ဒန်၌ ယှဉ်ပြိုင်ကစားမည့် ဒုတိယအကျော့ပွဲစဉ်ရောက်မှသာ အဆုံးအဖြတ်ရလဒ် ထွက်ပေါ်နိုင်ဖွယ်ရှိသည်။
ထိုသို့ဖြစ်လာမည်ဆိုလျှင် အက်သလက်တီကိုအတွက် ကျေနပ်စရာအခြေအနေ ဖြစ်လာမည်ဖြစ်ပြီး နည်းပြ ဆီမြွန်နီအနေဖြင့် ယခုသီတင်းပတ်ကုန်၌ လာလီဂါတွင် ကစားသမားများကို အနားပေးနိုင်မည် ဖြစ်သော်လည်း အာဆင်နယ်အသင်းမှာမူ ပရီးမီးယားလိဂ်တွင် ဖူလ်ဟမ်အသင်းနှင့် အရေးကြီးပွဲစဉ် ကစားရမည်ဖြစ်သဖြင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ (Xinhua)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က လေဗာကူဆင်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်၌ အားဆင်နယ် ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်က အက်သလက်တီကို မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ် ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………..
(English Version)
Atletico, Arsenal bank on set pieces in tactical Champions League semifinal
MADRID, April 28 (Xinhua) — Atletico Madrid faces Arsenal at the Metropolitano Stadium on Wednesday in the first leg of their UEFA Champions League semifinal, in a rematch of the league phase meeting that Arsenal won 4-0 in London in October.
Since then, Arsenal’s imperious early-season form has dipped, with Mikel Arteta’s side now locked in a tight Premier League title race with Manchester City.
Injuries have also taken a toll. Mikel Merino is a long-term absentee and is doubtful for the World Cup, Jurrien Timber is sidelined with a pelvic problem, and Kai Havertz picked up a groin injury against Newcastle United last weekend. Eberechi Eze and Martin Zubimendi were also forced off in that game, with Eze a doubt for Wednesday.
The main boost for Arsenal is the return to fitness of Bukayo Saka, who has shaken off Achilles trouble and will add attacking threat against an Atletico team likely to defend deep and play on the break.
Atletico sits fourth in La Liga, comfortably clear in the race for next season’s Champions League but out of the title picture. That has allowed Diego Simeone to rotate since the Copa del Rey final defeat to Real Sociedad, giving key players such as Ademola Lookman, Julian Alvarez and Giuliano Simeone time to recover. All three are expected to start, although Lookman is nursing a groin issue.
Wednesday promises to be a tactical game, with both sides capable of sitting in a low block and both dangerous from set pieces. A single goal, perhaps from a corner, could decide the first leg, but the tie is likely to be settled in next week’s return in London.
If that is the case, Atletico will be satisfied, with Simeone able to rest players in La Liga at the weekend, while Arsenal face no such luxury as they host Fulham in a crucial Premier League fixture.
English Caption 1
Gabriel Magalhaes of Arsenal celebrates after the UEFA Champions League quarterfinal 2nd Leg football match between Arsenal and Sporting CP in London, Britain, April 15, 2026. (Xinhua)
English Caption 2
Players of Arsenal celebrate scoring during the UEFA Champions League round of 16 first leg match between Bayer 04 Leverkusen and Arsenal in Leverkusen, Germany, March 11, 2026. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Players of Atletico Madrid celebrate during the 2025/2026 UEFA Champions League quarterfinal second leg football match between Atletico Madrid and Barcelona in Madrid, Spain, April 14, 2026. (Xinhua/Cheng Min)
