Australia / Oceania
တိုကျိုရုံးတင်စီရင်မှု (Tokyo Trial) ကို ကမ္ဘာက မှတ်မိသင့်ဟု ဩစတြေးလျ နိုင်ငံသားများပါတီ ပြည်လုံးဆိုင်ရာ ဥက္ကဋ္ဌ ပြောကြား
မဲလ်ဘုန်း၊ မေ ၂ ရက် (ဆင်ဟွာ)
တိုကျိုရုံးတင်စီရင်မှု (Tokyo Trial) ကို ကမ္ဘာတစ်ဝန်းက လူများ ပိုမိုနားလည်သိရှိပြီး မှတ်မိသင့်ကြောင်း၊ ဂျပန်စစ်ဝါဒ လှုပ်ရှားမှုများကို သတိထားသင့်ကြောင်း ဩစတြေးလျ နိုင်ငံသားများပါတီ ပြည်လုံးဆိုင်ရာ ဥက္ကဋ္ဌ Robert Barwick က မကြာသေးမီရက်က ဆင်ဟွာသတင်းထောက်၏ သီးသန့်မေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။ယခုနှစ်သည် တိုကျိုရုံးတင်စီရင်မှုစတင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်သည်။ တိုကျိုရုံးတင်စီရင်မှုမှတစ်ဆင့် တရားမျှတမှုကို ဖော်ဆောင်နိုင်ခဲ့သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုက်သင့်သည့် ပြစ်ဒဏ်မခံရသော စစ်ရာဇဝတ်သားများစွာ ကျန်ရှိသေးကြောင်း၊ အမေရိကန်သည် စစ်အေးတိုက်ပွဲ အခြေအနေကို ထည့်သွင်းစဉ်းစားကာ ဂျပန်စစ်ရာဇဝတ်သားများအပေါ် သက်ညှာသည့်သဘောထားက တိုကျိုရုံးတင်စီရင်မှုရလဒ်များကို အားလျော့သွားစေခဲ့ကြောင်း Barwick က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမအနီးဝန်းကျင်၌ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ထိန်းသိမ်းရေးကို တိုက်တွန်းရန် ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ကြသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ယခုလတွင် ယာဆူကူနီဂူဗိမာန်သို့ သွားရောက်၍ ပူဇော်ပစ္စည်းနှင့် ပူဇော်ငွေ ဆက်သလှူဒါန်းခြင်း၊ ဂျပန်လွှတ်တော်အမတ် အများအပြား သွားရောက်ဂါရဝပြုခဲ့ကြခြင်းတို့အပေါ် Barwick က ဂျပန်နိုင်ငံရေးသမားများ၏ ထိုကဲ့သို့သော လုပ်ရပ်များသည် “အလွန်အမင်း စိတ်ပျက်စရာကောင်းသည်” ဟု ပြောကြားခဲ့သည်။ ”ဂျပန်ပြည်တွင်း၊ အထူးသဖြင့် အာဏာရပါတီအတွင်းပိုင်းမှာ ထပ်မံစစ်ရေးအသွင်ပြောင်းဖို့လုပ်ဆောင်ရင်း သမိုင်းကို ဖုံးကွယ်အလှဆင်တဲ့ အလားအလာတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာနေတယ်” ဟု ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်စစ်တပ်သည် အင်ဒိုနီးရှားနိုင်ငံတွင် ဩစတြေးလျ သူနာပြု ၂၀ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် ကြောက်မက်ဖွယ်ပြစ်မှုကို ဩစတြေးလျသား အားလုံးသိကြသော်လည်း တရုတ်နိုင်ငံ၊ နန်ကျင်းမြို့တွင် ဂျပန်စစ်တပ် ကျူးလွန်ခဲ့သော အလားတူ ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှု ထောင်သောင်းပေါင်းများစွာကို ၎င်းတို့အနက် အနည်းငယ်သာ သိရှိကြကြောင်း၊ ဂျပန်နိုင်ငံရေးလောက၏ ယာဆူကူနီဂူဗိမာန်နှင့် ပတ်သက်သော ဆိုးရွားသောလုပ်ရပ်များအပေါ် ပြင်းထန်စွာ အမျက်ဒေါသထွက်ရန် တရုတ်နိုင်ငံမှာ ခိုင်လုံသည့် အကြောင်းပြချက်ရှိကြောင်း Barwick က ပြောကြားခဲ့သည်။

၎င်း၏ အဘိုးဖြစ်သူသည် ပါပူအာနယူးဂီနီနိုင်ငံတွင် ဂျပန်စစ်တပ်နှင့် စစ်တိုက်ခဲ့ဖူးကြောင်း၊ “တရုတ်နိုင်ငံက ကြီးမားစွာ စတေးခဲ့ပြီး ဂျပန်စစ်တပ်ရဲ့ အင်အားအများစုကို အချိန်ဆွဲထားနိုင်ခဲ့ပြီး သူတို့ တောင်ဘက်ကို အင်အားအပြည့်နဲ့ မချီတက်နိုင်ခဲ့တာကြောင့် ကျွန်တော့်အဘိုးတို့ ပါပူအာ နယူးဂီနီမှာ ဂျပန်တပ်တွေကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတာ နောက်မှ ကျွန်တော် သိလိုက်ရတယ်” ဟု ၎င်းက သတင်းထောက်အား ပြောပြခဲ့သည်။
“တိုကျိုရုံးတင်စီရင်မှုစတင်ခြင်း နှစ် ၈၀ ပြည့်အခါသမယမှာ တိုကျိုရုံးတင်စီရင်မှုအကြောင်း နားလည်ကြသလားဆိုတာ ကျွန်တော်ရဲ့ ဩစတြေးလျသွေးချင်းတွေကို မေးကြည့်မှာပါ။ တကယ်လို့ သူတို့က မသိဘူးလို့ ပြန်ဖြေရင် ဘာကြောင့်လဲဆိုတာ မေးဖို့ သူတို့ကို တိုက်တွန်းမယ်။ ဒီလို လိုက်မေးမှပဲ အမှားကိုအမှန်လို့ပြော၊ အမည်းကို အဖြူပြောင်းနေတဲ့လူရှိတယ်ဆိုတာကို လူတွေ သတိပြုမိလာအောင် တွန်းအားပေးနိုင်မှာဖြစ်တယ်” ဟု Barwick က ပြောကြားခဲ့သည်။ (Xinhua)
……………………………………….
(Chinese Version)
澳大利亚公民党全国主席:东京审判应当被世界铭记
新华社墨尔本5月2日电(记者徐海静 熊文苑)澳大利亚公民党全国主席罗伯特·巴威克近日接受新华社记者专访时表示,东京审判应该被世界上更多人了解并铭记,日本的军国主义动向值得警惕。
今年是东京审判开庭80周年。巴威克说,通过东京审判,正义似乎得到伸张,但是实际上还有很多战犯并没有得到应有的惩处。美国出于冷战考虑对一大批日本战犯采取姑息态度,削弱了东京审判的成果。
对于日本首相高市早苗本月向靖国神社供奉祭品、祭祀费以及多名日本议员前往参拜,巴威克表示,日本政客这类举动“极度令人失望”。他强调,“在日本国内,特别是执政党内部,正在形成一种越来越强的动向,再军事化的同时粉饰历史。”
巴威克说,澳大利亚人都知道二战期间日军在印度尼西亚强奸、杀害20名澳大利亚女护士的可怕罪行,但他们当中很少人知道日军在中国南京犯下成千上万类似暴行。中国当然有理由对日本政界涉靖国神社的一系列恶行感到强烈愤慨。
他还告诉记者,他的外公曾在巴布亚新几内亚与日军作战,“我后来才知道,是因为中国付出巨大牺牲,拖住日军大部分兵力,使其无法全力南下,外公他们才能在巴新打败日军。”
巴威克说:“在东京审判开庭80周年之际,我会问我的澳大利亚同胞是否了解东京审判。如果他们回答不了解,我会督促他们问问为什么。只有这样追问才会促使人们意识到,有人在指鹿为马、颠倒黑白。”(完)
图说1:东京审判现场(资料照片)。新华社发
图说2:4月19日,人们在位于日本东京的国会议事堂周围参加抗议活动,呼吁守护和平宪法。新华社记者 贾浩成 摄
