Videos
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်တန်းဒေသရှိ လက်ဖက်ခြံများမှ လက်ဖက်ရွက်များကို ဒရုန်းများဖြင့် သယ်ယူပို့ဆောင်
ယူနန်၊ မေ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကုန်းမြင့်တောင်တန်းဒေသရှိ လက်ဖက်ခြံများမှ ခူးဆွတ်ရရှိသည့် လတ်လတ်ဆတ်ဆတ်လက်ဖက်ရွက်များကို ဒရုန်းများအသုံးပြုကာ လက်ဖက်ခြောက်ထုတ်လုပ်သည့် အလုပ်ရုံများဆီသို့ မိနစ်ပိုင်းအတွင်း ချက်ချင်း ပို့ဆောင်ပေးသည်။ တစ်ချိန်က အဆိုပါခရီးလမ်းကို အထမ်းသမားများ၊ မြင်းများ (သို့မဟုတ်) မော်တော်ဆိုင်ကယ်များဖြင့် ပို့ဆောင်ရာတွင် အနည်းဆုံး နာရီဝက်ခန့် အချိန်ယူခဲ့ရကြောင်းသိရသည်။ (Xinhua)
……………………………………..
(English Version)
Drones ferry tea from mountainous tea gardens in China’s Yunnan
Fresh tea leaves harvested in the high-altitude tea gardens of Yunnan, southwest China, are delivered instantly by drones to tea processing workshops in just minutes. The same journey once took at least half an hour via porters, horses or motorcycles.
