Connect with us

International Organizations

ပီအက်စ်ဂျီနှင့် ပွဲစဉ်မတိုင်မီ ဟယ်ရီကိန်း၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် ဦးဆောင်နိုင်မှုတို့အပေါ် ဘိုင်ယန်နည်းပြ ကွန်ပနီ ချီးကျူး

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ပါ့ခ် ဒီပရင့်စ် အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီကိန်း ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ မေ ၆ ရက် (ဆင်ဟွာ)

ဘွန်ဒက်စ်လီဂါ ဆုဖလားကို စံချိန်တင်ဆွတ်ခူးထားသည့် ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းက ဟယ်ရီကိန်းအား အဆင့်သစ်တစ်ခုဆီသို့ ရောက်ရှိစေခဲ့ကြောင်း မေ ၆ ရက်၌ ပီအက်စ်ဂျီအသင်းနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီက ပြောကြားခဲ့သည်။
ပထမအကျော့တွင် အပြန်အလှန် တိုက်စစ်ဖွင့်ကစားကာ ၅-၄ ဂိုးရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီးနောက် တစ်ကမ္ဘာလုံးက ယခုပွဲစဉ်အပေါ် အာရုံစိုက်လျက်ရှိကာ အသက် ၃၂ နှစ်အရွယ် ကိန်းက ပထမအကျော့တွင် သွင်းဂိုးတစ်ဂိုး ရရှိခဲ့သလို အရေးပါသည့် ဂိုးဖန်တီးမှုများကိုလည်း ပြုလုပ်နိုင်ခဲ့သည်။ အဆိုပါ အင်္ဂလန်အသင်းခေါင်းဆောင်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် တော့တင်ဟမ်အသင်းမှ ရောက်ရှိလာပြီးနောက် ဘက်ပေါင်းစုံတွင် ပိုမိုတိုးတက်လာသည်ဟု ကွန်ပနီက ဆိုသည်။

ကိန်းအနေဖြင့် အင်္ဂလန်တွင် ၁၄ နှစ်ကြာ ဖြတ်သန်းခဲ့စဉ်က ၎င်း၏အရည်အသွေးမှာ အများအားဖြင့် ဂိုးသွင်းရန်အတွက်သာ ကန့်သတ်ခံခဲ့ရသည်ဟု အသက် ၄၀ နှစ် အရွယ် ကွန်ပနီက ဘိုင်ယန်မြူးနစ်အသင်း၏ ဆိုရှယ်မီဒီယာချန်နယ်၌ ပြောကြားခဲ့သည်။
“သူ အင်္ဂလန်မှာကစားတုန်းကဆိုရင် လူတွေက သူ့ကို ဂိုးသွင်းနိုင်တဲ့သူတစ်ယောက်လို့ပဲ မြင်ကြတယ်” ဟု ကွန်ပနီက ပြောကြားခဲ့ပြီး ကိန်း၏ အဆုံးသတ်စွမ်းရည်နှင့် ခေါင်းဆောင်မှုစွမ်းရည်တို့ကိုလည်း အမြဲတစေ အသိအမှတ်ပြုကြသည်ဟု ဆိုသည်။
“ဒါပေမဲ့ ကိန်းမှာ ဘောလုံးနဲ့ပတ်သက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးလို တခြားအရည်အသွေးတွေကိုလည်း တွေ့ရတယ်။ အခု ကျွန်တော်တို့ အဲဒီအရာကို အသိအမှတ်ပြုနိုင်ပြီလေ။ အင်္ဂလန်မှာတုန်းက အဲဒီအရည်အသွေးကို လျှော့တွက်ခဲ့ကြတဲ့ပုံပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ကွန်ပနီက ကိန်း၏ တိုးတက်လာမှုကို သက်တမ်းကြာသည်နှင့်အမျှ ပိုမိုကောင်းမွန်လာသည့် နှစ်ချို့ဝိုင်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။

ပီအက်စ်ဂျီနှင့် ပထမအကျော့ပွဲစဉ်၌ အဆိုပါ တိုက်စစ်မှူးမှာ ၎င်း၏စွယ်စုံရသည့် အရည်အသွေးများကို ထင်ထင်ရှားရှားပြသခဲ့ပြီး ပွဲချိန်နှောင်းပိုင်းတွင် ၎င်း ကွက်တိပေးပို့လိုက်သည့် ဘောလုံးကို လူးဝစ်စ် ဒီယက်ဇ်က ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုစ်ကို ကျော်ဖြတ်၍ ဘိုင်ယန်အတွက် စတုတ္ထဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ကိန်းအနေဖြင့် ယခုရာသီ၌ ပြိုင်ပွဲစုံ ၅၄ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားကာ ခြေစွမ်းပြနေမှုကြောင့် ပီအက်စ်ဂျီနှင့် ပရီးမီးယားလိဂ်အသင်းများ အပါအဝင် ထိပ်တန်းဥရောပအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ဘိုင်ယန်မြူးနစ်အသင်း၏ စီမံကြီးကြပ်ရေး ဘုတ်အဖွဲ့ဝင် ကားလ်-ဟိန့်ဇ် ရွမ်မန်နစ်ဂီက အသင်းအနေဖြင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိသော ကိန်းအား ထပ်မံသက်တမ်းတိုးရန်အတွက် ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
“ရာသီကုန်ရင် ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ” ဟုလည်း ၎င်းက ပြောကြားခဲ့ပြီး ထိုသို့လုပ်ဆောင်ရန် ကလပ်အသင်း၏ ထိပ်ပိုင်းတာဝန်ရှိသူများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆက်လက်ပြောသည်။
ကိန်းနှင့် ၎င်း၏မိသားစုမှာ မြူးနစ်မြို့၌ အခြေကျနေပြီဖြစ်ရာ အဆိုပါ တိုက်စစ်မှူးအနေဖြင့် ယခုနွေဦးရာသီ၌ အသင်းမှထွက်ခွာခွင့်ရှိသည့် စာချုပ်ပါအချက်ကို အသက်သွင်းခဲ့ခြင်းမရှိဟု ဂျာမန်မီဒီယာများက ဖော်ပြခဲ့သည်။
ကိန်းမှာ ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ခဲ့စဉ်က ဘွန်ဒက်စ်လီဂါ၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့သလို အသင်းဘုတ်အဖွဲ့ဝင် အူလီ ဟိုးနက်စ်ကလည်း အဆိုပါ တိုက်စစ်မှူး၏ တန်ကြေးမှာ ယူရိုသန်း ၂၅၀ အထိ ရှိနေပြီဖြစ်ကြောင်း၊ ၎င်း၏ ကွင်းတွင်းစွမ်းဆောင်ရည်သာမက ဘက်ပေါင်းစုံတွင် တန်ဖိုးမဖြတ်နိုင်လောက်အောင် အရေးပါကြောင်း မကြာမီက ပြောကြားခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် လေဗာကူဆင်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ ဘိုင်ယန်မြူးနစ် နည်းပြချုပ် ဗင်းဆင့် ကွန်ပနီ အမူအရာဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ လူးဝစ်စ် ဒီယက်ဇ် (ဝဲ-ဒုတိယ) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………..
(English Version)
Bayern coach Kompany hails Kane’s intelligence, leadership before PSG tie
BERLIN, May 5 (Xinhua) — Bayern Munich coach Vincent Kompany said joining the German record champion team has taken Harry Kane to a new level ahead of Wednesday’s UEFA Champions League semifinal second leg against Paris Saint-Germain.
The tie has drawn global attention following a wild 5-4 first leg, with the 32-year-old Kane contributing a goal and key assists. Kompany said the England captain’s overall profile has risen significantly since his move from Tottenham in 2023.
Speaking on the club’s social media channel, the 40-year-old said Kane’s qualities were often reduced to goalscoring during his 14 years in England.
“People saw him as a goalscorer during his time playing there,” Kompany said, adding that his finishing and leadership were always recognized.
“But we have seen other qualities too, such as football intelligence. We can appreciate that now. It was perhaps somewhat underestimated in England.”
Kompany likened Kane’s development to “a fine wine that improves with age.”
The striker again underlined his all-around game in the first leg against PSG, setting up Bayern’s fourth goal with a precise pass to Luis Diaz, who finished past Marquinhos late in the match.
Kane has scored 54 goals and provided 16 assists in all competitions this season, performances that have reportedly attracted interest from several top European clubs, including PSG and Premier League sides.
Bayern supervisory board member Karl-Heinz Rummenigge said the club plans to open talks to extend Kane’s contract, which runs until 2027.
“We will take up talks right after the season,” he said, describing the move as a unanimous decision by the club’s leadership.
German media reports say Kane and his family are settled in Munich and that the striker has not activated an exit clause this spring.
Kane became the Bundesliga’s most expensive signing when he joined Bayern in 2023, and board member Uli Hoeness recently said the forward is worth up to 250 million euros and is “priceless” beyond his on-field contribution.
English Caption 1
Bayern Munich’s Harry Kane celebrates after scoring during the UEFA Champions League semi-final first leg football match between Paris Saint-Germain (PSG) and Bayern Munich at the Parc des Princes in Paris, France, April 28, 2026. (Photo by Henri Szwarc/Xinhua)
English Caption 2
Bayern Munich’s head coach Vincent Kompany gestures during the German Cup football semifinal match between Bayern Munich and Bayer 04 Leverkusen in Leverkusen, Germany, April 22, 2026. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Luis Diaz (2nd L) of Bayern Munich celebrates with teammates after scoring during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)