Connect with us

Europe

နိုင်ငံအသီးသီးအနေဖြင့် ၎င်းတို့၏ဝန်ထမ်းများအား ကိဗ်မြို့မှ အချိန်မီ ရွှေ့ပြောင်းပေးရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၇ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ကိဗ်မြို့ရှိ နိုင်ငံအသီးသီးမှ သံတမန်ရေးရာအဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်း၏ ကိုယ်စားလှယ်ရုံးများထံ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ၎င်းတို့၏ ဝန်ထမ်းများအား ကိဗ်မြို့မှ အချိန်မီ ရွှေ့ပြောင်းပေးရန် တိုက်တွန်းခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မေ ၆ ရက်တွင် ပြောကြားခဲ့သည်။

မေ ၉ ရက် မဟာမျိုးချစ်စစ်အောင်ပွဲနေ့ (Victory Day) တွင် မော်စကိုကို တိုက်ခိုက်ရန် ကိဗ်အာဏာပိုင်၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ အကယ်၍ ကိဗ်အာဏာပိုင်သည် မဟာမျိုးချစ်စစ်အောင်ပွဲနေ့တွင် “ဆိုးရွားသော အကြမ်းဖက်ကြံစည်မှု” ဖော်ဆောင်ခဲ့ပါက ရုရှားလက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ကိဗ်နှင့် ယူကရိန်း ဆုံးဖြတ်ချက်ချမှတ်ရာစင်တာကို လက်စားချေတန်ပြန်တိုက်ခိုက်မှုများ မလွဲမသွေ လုပ်ဆောင်သွားမည်ဖြစ်ရာ ယူကရိန်းနိုင်ငံ ကိဗ်မြို့ရှိ နိုင်ငံအသီးသီးမှ သံတမန်ရေးရာအဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်း၏ ကိုယ်စားလှယ်ရုံးများအနေဖြင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်ကို အထူးအလေးထားရန်၊ သက်ဆိုင်ရာဝန်ထမ်းများကို ကိဗ်မြို့မှ အချိန်မီ ရွှေ့ပြောင်းပေးရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းကြောင်း Zakharova က ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်သတင်းဖော်ပြချက်အရ သိရသည်။

ရုရှား၏ မဟာမျိုးချစ်စစ်အောင်ပွဲနေ့ စစ်ရေးပြပွဲအခမ်းအနားတွင် ယူကရိန်းဒရုန်းများ ပေါ်ထွက်လာနိုင်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မေ ၄ ရက်က ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေးဌာနက အကယ်၍ ကိဗ်အာဏာပိုင်သည် မဟာမျိုးချစ်စစ်အောင်ပွဲနေ့ ဂုဏ်ပြုအခမ်းအနား ဖျက်ဆီးရေးကို ဖော်ဆောင်ရန် ကြံစည်ကြိုးပမ်းပါက ရုရှားစစ်တပ်သည် ကိဗ်မြို့လယ်ကောင်တွင် လက်စားချေတုံ့ပြန်မှုအဖြစ် ဒုံးကျည်ဖြင့်တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမည်ဖြစ်ရာ ကိဗ်မြို့သူမြို့သားများနှင့် နိုင်ငံအသီးသီးမှ သံတမန်ရေးရာပုဂ္ဂိုလ်များ လိုအပ်လျှင် အမြန်ဆုံး ရွှေ့ပြောင်းကြရန် ရုရှားအနေဖြင့် သတိပေးလိုကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)
……………………
(Chinese Version)
俄外交部呼吁各国及时从基辅撤离人员
新华社莫斯科5月6日电 俄罗斯外交部发言人扎哈罗娃6日表示,俄外交部已向各国驻基辅的外交机构和国际组织代表处发出照会,呼吁其将人员及时撤离基辅。
据俄外交部网站消息,扎哈罗娃说,俄国防部4日就基辅政权威胁在9日卫国战争胜利日期间袭击莫斯科一事发表声明。如果基辅政权在卫国战争胜利日期间实施“罪恶的恐怖主义计划”,俄罗斯武装部队对基辅及乌克兰决策中心进行报复性打击势在必行,俄外交部敦促各国驻基辅外交机构和国际组织代表处高度重视俄国防部的声明,及时从基辅撤离相关人员。
乌克兰总统泽连斯基4日说,乌无人机或将出现在俄罗斯卫国战争胜利日阅兵式上。俄国防部当天发表声明说,如果基辅政权企图实施破坏卫国战争胜利日庆祝活动的计划,俄军将对基辅市中心发动大规模报复性导弹打击,俄方提醒基辅市民和各国外交人员必要时第一时间撤离。(完)
图说:这张视频截图显示,12月25日,俄罗斯外交部发言人扎哈罗娃在莫斯科举行的外交部例行记者会上讲话。 新华社发