China
ဖုဟွာနှင့် တရုတ်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီး Khaled Nazmy တွေ့ဆုံ
ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် တရုတ်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီး Khaled Nazmy တို့သည် မေ ၈ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံသည် ယဉ်ကျေးမှုရှေးဟောင်းနိုင်ငံကြီးများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးကြီးနိုင်ငံများ ဖြစ်သည့်အားလျော်စွာ ယနေ့ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းသည့် အရေးကြီးအင်အားဖြစ်ကြောင်း၊ ယခုနစ်သည် တရုတ်-အီဂျစ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်ဖြစ်ကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် တရုတ်-အီဂျစ်ဆက်ဆံရေး နက်ရှိုင်းစေရန်အတွက် ပိုမိုများပြားသော မီဒီယာနှင့် Think Tank အင်အားဖြင့် အကျိုးထမ်းဆောင်လိုကြောင်း၊ နှစ်ဖက်က မီဒီယာ Think Tank ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးတံတားအသစ် အတူတည်ဆောက်ကာ ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံအသစ်များကို အတူလေ့လာသင်ယူပြီး တရုတ်-အီဂျစ် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အလားအလာအသစ်များကို အတူချဲ့ထွင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Khaled Nazmy က မီဒီယာသည် နှစ်နိုင်ငံပြည်သူများ ချိတ်ဆက်နားလည်သိရှိမှုကို မြှင့်တင်ရေးကဏ္ဍတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အီဂျစ်နိုင်ငံအနေဖြင့် ဆင်ဟွာသတင်းဌာနနှင့် အတူလက်တွဲ၍ နှစ်နိုင်ငံ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ကာ အီဂျစ်-တရုတ် ရှေးဟောင်းယဉ်ကျေးမှုကြီးနှစ်ရပ်၏ ရှင်သန်စွမ်းအားအသစ်များ စဉ်ဆက်မပြတ် သစ်လွင်စေရေးကို တွန်းအားပေးဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
傅华会见埃及驻华大使纳兹米
新华社北京5月8日电(记者冯歆然)新华社社长傅华8日在北京会见埃及驻华大使纳兹米。
傅华表示,中国与埃及同为文明古国和全球南方重要国家,是当今世界维护和平与稳定的重要力量。今年是中埃建交70周年,新华社愿为深化中埃关系贡献更多媒体智库力量。期待双方共筑媒体智库合作新桥梁,共鉴全球南方发展新经验,共拓中埃务实合作新空间。
纳兹米表示,媒体在增进两国人民沟通了解方面发挥着至关重要的作用。埃方愿同新华社携手促进两国交流与合作,推动埃中两大古老文明持续焕发新活力。(完)
图说:5月8日,新华社社长傅华在北京会见埃及驻华大使纳兹米。 新华社记者 申宏 摄
