Connect with us

China

ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲတွင် တရုတ်အသင်းက တောင်ကိုရီးယားအသင်းကို ပြန်လည်ချေပပြီး အမျိုးသားဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲ၊ အမျိုးသားအသင်းလိုက် ကွာတာဖိုင်နယ်ပွဲစဉ်အတွင်း တောင်ကိုရီးယားအသင်းမှ Oh Junsung နှင့် တစ်ဦးချင်းပွဲစဉ်အား အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသည့် တရုတ်အသင်းမှ ဝမ်ချူချင်း (အရှေ့) ကို ၂၀၂၆ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၉ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် တရုတ်အသင်းက တောင်ကိုရီးယားအသင်းအား မေ ၈ ရက်၌ ကျင်းပသည့် ကွာတာဖိုင်နယ်အဆင့်တွင် ၃-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုအဆင့်၌ ၎င်းတို့အသင်း ရှုံးနိမ့်ခဲ့မှုကို ပြန်လည်ချေပခဲ့သည်။
ပထမပွဲစဉ်၌ ကမ္ဘာ့အဆင့် ၁ ဝမ်ချူချင်းက ငါးပွဲကစား၍ Oh Jun-sung အား အနိုင်ရရှိကာ တရုတ်အသင်းအား ဦးဆောင်ခဲ့သည်။ Oh Jun-sung မှာ ဝမ်အနားယူစဉ် တရုတ်အသင်းအား ၃-၁ ရလဒ်ဖြင့် အနိုင်ရခဲ့သည့် အုပ်စုအဆင့်တွင် နှစ်ပွဲအနိုင်ရခဲ့သူဖြစ်သည်။
ဝမ်က ၎င်းတို့နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုတွင်လည်း ၃ ပွဲနိုင် တစ်ပွဲရှုံး စံချိန်ရှိထားပြီး ၎င်း၏ တစ်ခုတည်းသော ရှုံးပွဲမှာ ၂၀၂၄ ခုနှစ် အာရှချန်ပီယံရှစ်ပြိုင်ပွဲ၌ အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်မှ ဖြစ်သည်။
ဝမ်က အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့သည့် ပထမကစားပွဲတွင် ရမှတ် ၁၁-၉ ဖြင့် အနိုင်ရပြီးနောက် ရမှတ် ၁၁-၁ ဖြင့် အနိုင်ရရှိကာ ဦးဆောင်မှုကို နှစ်ဆတိုးခဲ့သည်။

ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ချန်ပီယံရှစ်ဖိုင်နယ်ပွဲ၌ ၎င်း၏ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည့် Oh က တတိယကစားပွဲတွင် ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ရမှတ် ၁၁-၈ ရရှိပြီး စတုတ္ထကစားပွဲတွင်လည်း ရမှတ် ၁၁-၇ ဖြင့် အနိုင်ရရှိကာ အဆုံးအဖြတ်ပွဲသို့ ရောက်ရှိစေခဲ့သည်။
ပြန်လည်တိုက်စစ်ဆင်မှုကို မမှုဘဲ ဝမ်က ပဉ္စမကစားပွဲ၌ ရမှတ် ၁၁-၇ ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်နေသော တရုတ်အသင်းအား ရှေ့ဆက်နိုင်စေခဲ့ခြင်းဖြစ်သည်။

ဒုတိယပွဲစဉ်၌ တရုတ်အသင်းမှ လျင်ရှီးတုန့်ကလည်း အုပ်စုအဆင့်တွင် ရုန်းကန်ခဲ့ရပြီးနောက် ၎င်း၏ အခြေအနေ တိုးတက်ကောင်းမွန်လာမှုကို ပြသခဲ့ပြီး Jang Woo-jin အား ရမှတ် ၁၁-၃၊ ၁၃-၁၁၊ ၁၁-၈ တို့ဖြင့် အနိုင်ယူခဲ့သည်။
တတိယပွဲစဉ်၌လည်း လျန်ကျင့်ခွန်းက ပြိုင်ပွဲတစ်လျှောက် ၎င်း၏ အကောင်းဆုံးစွမ်းဆောင်ရည်များအနက် တစ်ခုကို ပြသခဲ့ပြီး An Jae-hyun ကို ရမှတ် ၁၁-၇၊ ၁၁-၅၊ ၁၅-၁၃ တို့ဖြင့် အနိုင်ယူကာ တရုတ်အသင်းကို အနိုင်ရရှိစေခဲ့ခြင်းဖြစ်သည်။
တရုတ်အသင်းအနေဖြင့် ဆီမီးဖိုင်နယ်အဆင့်တွင် ပြင်သစ်အသင်း သို့မဟုတ် ဘရာဇီးအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မေ ၈ ရက် အစောပိုင်းက ဂျပန်အသင်းကလည်း ယူကရိန်းအသင်းကို ၃-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဂျာမနီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်အသင်းမှ ဝမ်ချူချင်းက စပေးဘော ပေးနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက် ကွာတာဖိုင်နယ်ပွဲစဉ်အတွင်း တောင်ကိုရီးယားအသင်းမှ Jang Woojin နှင့် တစ်ဦးချင်းပွဲစဉ်၌ တရုတ်အသင်းမှ လျင်ရှီးသုန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက် ကွာတာဖိုင်နယ်ပွဲစဉ်အတွင်း တောင်ကိုရီးယားအသင်းမှ An Jaehyun နှင့် တစ်ဦးချင်းပွဲစဉ်အား အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသည့် တရုတ်အသင်းမှ လျန်ကျင့်ခွန်းကို တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
China avenges S. Korea to reach men’s semifinal at table tennis team worlds
LONDON, May 8 (Xinhua) — China avenged its group stage loss with a 3-0 victory over South Korea in the men’s quarterfinals at the 2026 ITTF World Team Table Tennis Championships Finals on Friday.
World No. 1 Wang Chuqin gave China the lead with a five-game victory over Oh Jun-sung, who had scored two points in a 3-1 win over China in the group match with Wang rested.
Wang had a 3-1 win-loss record in their head-to-head, with his only defeat coming from the men’s singles quarterfinal at the 2024 Asian Championships.
Wang won 11-9 in a closely contested first game, before cruising to an 11-1 victory to double the lead.
Playing in his first team worlds, Oh began clawing back in the third game, triumphing 11-8 and 11-7 to force a decider.
Unfazed by the comeback, Wang took the fifth game 11-7 to move the defending champion ahead.
China’s Lin Shidong showed improvement on his shape after struggling at times in the group phase, dispatching Jang Woo-jin 11-3, 13-11, 11-8.
In the third match, Liang Jingkun delivered one of his best performances so far in the tournament, beating An Jae-hyun 11-7, 11-5, 15-13 to close out China’s win.
China will face either France or Brazil in the semifinals.
Earlier in the day, Japan swept Ukraine 3-0, setting up a women’s semifinal clash with Germany. ■
English Caption 1
Wang Chuqin (front) of China celebrates winning the singles match against Oh Junsung of South Korea during the men’s teams quarterfinal match at the ITTF World Team Table Tennis Championships Finals in London, Britain, on May 8, 2026. (Xinhua/Li Ying)
English Caption 2
Wang Chuqin of China serves. (Xinhua/Lian Yi)
English Caption 3
Lin Shidong of China reacts in the singles match against Jang Woojin of South Korea during the men’s teams quarterfinal match. (Xinhua/Lian Yi)
English Caption 4
Liang Jingkun of China celebrates winning the singles match against An Jaehyun of South Korea. (Xinhua/Lian Yi)