Connect with us

Africa & Middle East

ရောဂါကူးစက်မှုဖြစ်ပွားခဲ့သည့် အပျော်စီးသင်္ဘောပေါ်မှ ရွှေ့ပြောင်းပို့ဆောင်သူနှစ်ဦး အန်ဒီးစ်ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ကိတ်ဗာဒီနိုင်ငံ ဆို

ကိတ်ဗာဒီနိုင်ငံ မြို့တော်ပရိုင်ရာတွင် ရောဂါကူးစက်သူများအား ရွှေ့ပြောင်းရန် အာမခံပေးသည့် လူနာတင်ယာဉ်တစ်စင်းက ပရိုင်အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးတစ်ဝိုက်၌ ရပ်နားထားသည်ကို ၂၀၂၆ ခုနှစ် မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒတ်ကာ၊ မေ ၉ ရက် (ဆင်ဟွာ)

ကိတ်ဗာဒီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၈ ရက် ထုတ်ပြန်ချက်အရ ထိုမတိုင်မီ ပရိုင်ရာဆိပ်ကမ်း ကမ်းလွန်ပင်လယ်ပြင်၌ ရပ်နားထားသည့် Hondius အပျော်စီးသင်္ဘောမှ ရွှေ့ပြောင်းပို့ဆောင်သူ သုံးဦးအနက် နှစ်ဦး၏ ဇီဝနမူနာကို ဓာတ်ခွဲခန်းက စမ်းသပ်စစ်ဆေးပြီးနောက် ဟန်တာဗိုင်းရပ်စ်မျိုးဗီဇဝင် အန်ဒီးစ်ဗိုင်းရပ်စ် ကူးစက်ခံရသည်ကို အတည်ပြုခဲ့ကြောင်း သိရသည်။
ရွှေ့ပြောင်းမှု မပြုလုပ်မီ စုဆောင်းရရှိထားသော ဇီဝနမူနာများကို ဓာတ်ခွဲစစ်ဆေးရန်အတွက် ဆီနီဂေါနိုင်ငံ မြို့တော်ဒတ်ကာရှိ Institut Pasteur de Dakar သို့ ပို့ဆောင်ခဲ့ကြောင်း၊ ဆေးစစ်ချက်အဖြေအရ ရွှေ့ပြောင်းပို့ဆောင်သူ သုံးဦးအနက် နှစ်ဦးသည် လတ်တလောကာလတွင် အန်ဒီးစ်ဗိုင်းရပ်စ် ကူးစက်ခံရပြီး ထိုမတိုင်မီတွင်ပင် ရောဂါလက္ခဏာများ ပေါ်ထွက်ခဲ့ကြောင်း၊ ဗိုင်းရပ်စ်မျိုးကွဲ၏ ထူးခြားချက်လက္ခဏာ အပြည့်အဝကို တစ်ဆင့်တိုးအတည်ပြုနိုင်ရန်အတွက် လက်ရှိတွင် ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇစဉ်ဆက်စစ်ဆေးခြင်း (Genomic sequencing) လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကိတ်ဗာဒီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သက်ဆိုင်ရာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာဌာနများသို့ စစ်ဆေးချက် ရလဒ်အဖြေများ အသိပေးပြီးဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုမတိုင်မီ ကပ်ရောဂါကာကွယ်ရေးနှင့် အများပြည်သူကျန်းမာရေး လုံခြုံမှုကို ထည့်သွင်းစဉ်းစားသောအားဖြင့် ကိတ်ဗာဒီနိုင်ငံက Hondius အပျော်စီးသင်္ဘောအား ဆိပ်ကမ်းသို့ ကမ်းကပ်ခွင့်မပြုခဲ့သလို သင်္ဘောပေါ်ပါ လူပုဂ္ဂိုလ်များ သင်္ဘောမှဆင်းရန်လည်း ခွင့်မပြုခဲ့ပေ။ နောက်ပိုင်းတွင် ညှိနှိုင်းဆွေးနွေးပြီးနောက် ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိသည့် သင်္ဘောသားနှစ်ဦးနှင့် ဆုံးပါးသွားပြီဖြစ်သော ဂျာမနီနိုင်ငံသား ခရီးသည်နှင့် သက်ဆိုင်သူတစ်ဦးကို နယ်သာလန်နိုင်ငံသို့ ဆေးကုသ၍ ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့သည်။
နိုင်ငံတကာ ကပ်ရောဂါကာကွယ်ရေး သတ်မှတ်ချက်နှင့်အညီ သင်္ဘောပေါ်သို့တက်ရောက်၍ ကုသကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းတွင် ပါဝင်ခဲ့ဖူးသည့် ကျန်းမာရေးဝန်ထမ်းများအား သီးခြားကွာရန်တင်းထားကာ စောင့်ကြည့်လျက်ရှိကြောင်း၊ ရွှေ့ပြောင်းပို့ဆောင်မှုအတွင်း အသုံးပြုခဲ့သည့် ယာဉ်၊ စက်ပစ္စည်းနှင့် သက်ဆိုင်ရာပစ္စည်းများအာလုံးကို ပိုးသတ်မှုလုပ်ဆောင်ပြီးဖြစ်ကြောင်း ကိတ်ဗာဒီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
Hondius အပျော်စီးသင်္ဘောသည် မေ ၃ ရက်မှ မေ ၆ ရက်အထိ ပရိုင်ရာဆိပ်ကမ်း ကမ်းလွန်ပင်လယ်ပြင်၌ ရပ်နားခဲ့ပြီး လက်ရှိတွင် စပိန်နိုင်ငံ ကနေရီကျွန်းသို့ သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
佛得角:两名涉疫邮轮转运人员确认感染安第斯病毒
新华社达喀尔5月8日电(记者陈晨 张健)普拉亚消息:佛得角卫生部8日发布公报说,此前从停泊在普拉亚港外海域的“洪迪厄斯”号邮轮上转运的三人中,两人的生物样本经实验室检测后确认感染汉坦病毒家族中的安第斯病毒。
公报说,转运前采集的相关生物样本被送往位于塞内加尔首都达喀尔的巴斯德研究所检测。结果显示,三名转运人员中,两人近期感染安第斯病毒,且此前均出现症状。目前基因组测序工作正在进行,以进一步明确病毒毒株的完整特征。
公报说,佛得角卫生部已向相关国家卫生主管部门通报检测结果。
先前,出于防疫和公共卫生安全考虑,佛方未允许“洪迪厄斯”号邮轮靠港,也未允许船上人员下船,后经协商将两名疑似感染汉坦病毒的船员和一名与已去世德国籍乘客关联人员医疗转运至荷兰。
佛得角卫生部说,根据国际防疫规定,曾登船参与救治和协助工作的医务人员正在接受隔离观察,转运过程中使用的车辆、设备和相关物资均已完成消毒。
“洪迪厄斯”号邮轮于5月3日至6日停泊在普拉亚港外海域,现已前往西班牙特内里费岛。(完)
图说:5月6日,在佛得角首都普拉亚,一辆参与涉疫人员转运保障的救护车停靠在普拉亚国际机场附近。新华社发(埃尔顿·蒙泰罗摄)