Europe
အပစ်ရပ်မှုကို သက်တမ်းတိုး၍ စစ်သုံ့ပန်းများ လဲလှယ်ရန် ရုရှား သဘောတူ၊ ရင်ပြင်နီစစ်ရေးပြအခမ်းအနားအား တိုက်ခိုက်မည်မဟုတ်ဟု ယူကရိန်း ဆို
မော်စကို/ကိဗ်၊ မေ ၉ ရက် (ဆင်ဟွာ)
ရုရှားဘက်အနေဖြင့် အမေရိကန် သမ္မတ ထရမ့် အဆိုပြုသည့် အပစ်ရပ်မှုသက်တမ်းတိုးရန်နှင့် ရုရှား-ယူကရိန်း စစ်သုံ့ပန်းများလဲလှယ်ရန်အစီအစဉ်ကို သဘောတူညီသလို ထောက်ခံအားပေးကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က မေ ၈ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်း သမ္မတ ဇယ်လန်းစကီးကလည်း ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီတွင် မေ ၉ ရက်၌ ကျင်းပမည့် စစ်ရေးပြအခမ်းအနားမှာ ယူကရိန်းဘက်၏ တိုက်ခိုက်မှုပစ်မှတ် ဖြစ်မည်မဟုတ်ကြောင်း အမိန့်ချခဲ့သည်။
Yuri Ushakov က ရုရှားဘက်အနေဖြင့် ရုရှား-ယူကရိန်း အပစ်ရပ်မှုကို မေ ၁၁ ရက်အထိ သက်တမ်းတိုးရန် အမေရိကန် အဆိုပြုချက်အား သဘောတူညီသလို ရုရှား-ယူကရိန်းနှစ်ဖက်က မေ ၁၁ ရက်မတိုင်မီ စစ်သုံ့ပန်း ၁,၀၀၀ လဲလှယ်ရန် အမေရိကန်ဘက်၏ အဆိုပြုချက်ကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့သည်။ အထက်ပါအဆိုပြုချက်သည် ရုရှား-အမေရိကန် နှစ်ဖက်က ဖုန်းဖြင့်ဆက်သွယ်ညှိနှိုင်းမှုဖြင့် ရရှိထားခြင်းဖြစ်ကြောင်း၊ “သမ္မတထရမ့်ရဲ့ အထက်ပါအဆိုပြုချက်တွေက မဟာမျိုးချစ်စစ်အောင်ပွဲနေ့ (V-day) ၈၁ နှစ်ပြည့် အခါသမယကို အထူးရွေးချယ်ပြီး အဆိုပြုခဲ့တာဖြစ်ပါတယ်” ဟု ၎င်း၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
ဇယ်လန်းစကီးက လူမှုမီဒီယာတွင်ပို့စ်တင်၍ အမေရိကန် ကြားဝင်စေ့စပ်ပေးသည့် ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်း၌ ရုရှားဘက်က ယူကရိန်းဘက်နှင့် စစ်သုံ့ပန်း အပြန်အလှန်ဖလှယ်ရန် သဘောတူညီကြောင်း၊ မေ ၉ ရက်မှ မေ ၁၁ ရက်သည်လည်း အပစ်ရပ်သင့်ကြောင်း ပြောကြားခဲ့သည်။ စစ်သုံ့ပန်းများ ပြန်လွှတ်ပေးခြင်းသည် ရုရှား-ယူကရိန်းပဋိပက္ခ၌ ဖြေရှင်းရန်လိုအပ်သည့် အဓိက လူသားချင်းစာနာထောက်ထားမှု အရေးကိစ္စများအနက်တစ်ခုဖြစ်သလို ယူကရိန်းဘက် ရပ်တည်ချက်အား အဆုံးအဖြတ်ပေးသည့် အရေးကြီးမှီငြမ်းမှုလည်းဖြစ်ကြောင်း၊ ယူကရိန်းဘက်အနေဖြင့် ထိန်းသိမ်းခံထားရသော ယူကရိန်းပြည်သူများ မိသားစုဥယျာဉ်သို့ ပြန်လည်ရောက်ရှိရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယူကရိန်းဘက်အဖွဲ့ကိုလည်း စစ်သုံ့ပန်းလဲလှယ်ရေးအတွက် လိုအပ်သော ပြင်ဆင်ချက်အားလုံး ချက်ချင်းလုပ်ဆောင်ထားရန် ဇယ်လန်းစကီးက ညွှန်ကြားထားကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဝက်ဘ်ဆိုက်က မေ ၈ ရက် ညပိုင်းတွင် ဇယ်လန်းစကီး ထိုနေ့တွင် လက်မှတ်ရေးထိုးခဲ့သော သမ္မတအမိန့်ထုတ်ပြန်ခဲ့ပြီး အမေရိကန်ဘက်နှင့် မေ ၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် ရှင်းလင်းပြောကြားခဲ့သည့် လူသားချင်းစာနာထောက်ထားမှု ရည်ရွယ်ချက်အား ထောက်ထားသောအားဖြင့် မေ ၉ ရက် ရုရှားနိုင်ငံ မြို့တော်မော်စကို ရင်ပြင်နီ၌ စစ်ရေးပြအခမ်းအနား ကျင်းပသည့်ကာလအတွင်း ရင်ပြင်နီတည်ရှိရာနေရာသည် ယူကရိန်း၏ တိုက်ခိုက်မှုပစ်မှတ် ဖြစ်လာမည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဆိုခဲ့သည်။
ထရမ့်က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်း၏အဆိုပြုမှုအောက်တွင် ရုရှားနှင့် ယူကရိန်းက မေ ၉ ရက်မှ မေ ၁၁ ရက်အထိ သုံးရက်ကြာ အပစ်ရပ်မည်ဖြစ်ပြီး ထိုကာလအတွင်း စစ်သုံ့ပန်း ၁,၀၀၀ အပြန်အလှန် လဲလှယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားဘက်က မေ ၉ ရက် မဟာမျိုးချစ်စစ်အောင်ပွဲနေ့ (V-day) အထိမ်းအမှတ်အနေဖြင့် မေ ၈ ရက်မှ ၉ ရက်အထိ အပစ်ရပ်မည်ဖြစ်ကြောင်း၊ ယူကရိန်းဘက်ကလည်း ထိုနည်းလည်းကောင်းလုပ်ဆောင်ရန် မျှော်လင့်ကြောင်း မေ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် ဇယ်လန်းစကီးက ယူကရိန်းဘက်သည် မေ ၆ ရက် ၀ နာရီမှစ၍ တစ်ဖက်သတ်အပစ်ရပ်မှုဖော်ဆောင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ အပစ်ရပ်သည့်ကာလအပိုင်းအခြားကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
မေ ၇ ရက်တွင် ရုရှားဘက်က မေ ၈ ရက်မှ မေ ၁၀ ရက်အထိ ယူကရိန်း အထူးစစ်ရေးလှုပ်ရှားမှုဒေသအပေါ် အပစ်ရပ်ကြောင်း တစ်ဆင့်တိုး ကြေညာခဲ့သည်။ သို့သော် မကြာသေးမီရက်များအတွင်း ရုရှား-ယူကရိန်းနှစ်ဖက်သည် တစ်ဖက်က အပစ်ရပ်မှုအစီအစဉ်အား ချိုးဖောက်၍ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု အပြန်အလှန်စွပ်စွဲခဲ့ကြသည်။ (Xinhua)
——————
(Chinese Version)
俄罗斯同意延长停火并换俘 乌克兰称不会袭击红场阅兵
新华社莫斯科/基辅5月8日电(记者黄河 李东旭)俄罗斯总统助理乌沙科夫8日晚表示,俄方同意并支持美国总统特朗普提出的延长停火和俄乌交换被俘人员的方案。乌克兰总统泽连斯基下令,莫斯科红场9日举行的阅兵活动不会成为乌方攻击目标。
乌沙科夫说,俄方同意美方将俄乌停火延长至5月11日的提议,并支持美方关于俄乌双方在11日前互换1000名被俘人员的提议。据他介绍,上述提议是俄美双方电话沟通达成,“特朗普总统的上述提议特意选在卫国战争胜利81周年之际提出”。
泽连斯基在社交媒体发文称,在美方斡旋的谈判框架内,俄方同意与乌方互换战俘的方案,5月9日至11日也应实现停火。他表示,释放战俘是俄乌冲突需要解决的关键人道主义问题之一,也是决定乌方立场的重要根据。乌方正在持续努力让被囚禁的乌克兰人返回家园。他指示乌方团队立即为换俘做好一切必要准备。
乌总统网站8日深夜发布泽连斯基当天签署的总统令,称鉴于与美方8日会谈时阐明的人道主义宗旨,乌方决定,5月9日俄首都莫斯科红场举行阅兵期间,红场所在区域不会成为乌方攻击目标。
特朗普当天稍早时候在社交媒体发文称,在他提议下,俄乌将在9日至11日停火三天,期间相互交换1000名战俘。
俄方4日宣布,为纪念5月9日卫国战争胜利日,8日至9日将实施停火,希望乌方跟进。泽连斯基随后宣布乌方自6日零时起单方面实施停火,但没有提及停火持续时间。7日,俄方进一步宣布,将从8日至10日在对乌特别军事行动区停火。然而,连日来,俄乌双方相互指责对方违反停火安排、发动袭击。(完)
图说:5月4日,在俄罗斯首都莫斯科,士兵前往红场参加卫国战争胜利日阅兵式彩排。新华社发(亚历山大摄)
