China
တရုတ်နှင့် ဥရောပတို့ ပူးတွဲ သုတေသနထုတ်လုပ်ထားသော SMILE ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်
ပြင်သစ်နိုင်ငံပိုင် ဂီယာနာ၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နှင့် ဥရောပတို့ ပူးတွဲ သုတေသနထုတ်လုပ်ထားသော နေရောင်ခြည်၊ လေစွမ်းအင် (Solar wind) နှင့် သံလိုက်စက်ကွင်း (Magnetosphere) တို့၏ အပြန်အလှန်သက်ရောက်မှုကို မြင်ကွင်းကျယ် ပုံဖော်ရိုက်ကူးရေး ဂြိုဟ်တု (SMILE ဂြိုဟ်တု) ကို မေ ၁၉ ရက်တွင် ပြင်သစ်နိုင်ငံပိုင် ဂီယာနာရှိ Kourou အာကာသစင်တာမှ လွှတ်တင်ခဲ့ပြီး ယင်းဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားကာ လွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။
ဒေသစံတော်ချိန် မေ ၁၉ ရက် ၀၀ နာရီ ၅၂ မိနစ် (ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၅၂ မိနစ်) တွင် SMILE ဂြိုဟ်တုအား သယ်ဆောင်ထားသော ဥရောပ “Vega-C” ဒုံးပျံကို အာကာသထဲသို့ လွှတ်တင်ခဲ့ပြီး ယင်းနောက် ဂြိုဟ်တုကို သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းထဲသို့ ပို့ဆောင်ခဲ့သည်။ သိရသည်။ ဂြိုဟ်တုသည် ပုံမှန်အခြေအနေတွင် ရှိနေပြီး ၎င်း၏ ဆိုလာပြားတောင်ပံများသည်လည်း အပြည့်အဝ ဖြန့်ကြက်ခဲ့ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ (CAS) အမျိုးသားအာကာသသိပ္ပံစင်တာ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
SMILE ဂြိုဟ်တုမစ်ရှင်သည် တရုတ်သိပ္ပံအကယ်ဒမီ (CAS) နှင့် ဥရောပအာကာသအေဂျင်စီ (ESA) တို့အကြား ပထမဆုံးအကြိမ်ပြုလုပ်သော မစ်ရှင်အဆင့်၊ ဘက်စုံထောင့်စုံ၌ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သည့် အာကာသသိပ္ပံ စူးစမ်းလေ့လာရေးမစ်ရှင်တစ်ခု ဖြစ်ကြောင်း၊ ယင်းမှာ နေရောင်ခြည်၊ လေနှင့် ကမ္ဘာ့သံလိုက်စက်ကွင်းတို့ အပြန်အလှန်သက်ရောက်မှု၏ အလုံးစုံ မြင်ကွင်းကျယ်ကို ပုံဖော်ကြည့်ရှုနိုင်ရန်၊ နေရောင်ခြည်၊ လေနှင့် ကမ္ဘာ့သံလိုက်စက်ကွင်းတို့ အပြန်အလှန်သက်ရောက်မှု၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်ရန် ရည်ရွယ်ကြောင်း သိရသည်။
အစီအစဉ်အရ ဂြိုဟ်တုသည် ဂြိုဟ်ပတ်လမ်းအတွင်း ၄၂ ရက်ခန့်ကြာလှည့်ပတ်ပြီးနောက် ၎င်း၏ပစ်မှတ် သိပ္ပံနည်းကျ လေ့လာရေးပတ်လမ်းသို့ ရောက်ရှိပြီး ၂ လကြာ ဂြိုဟ်ပတ်လမ်းအတွင်း စမ်းသပ်လေ့လာရေး လုပ်ဆောင်ပြီးနောက် ၃ နှစ်ကြာ ပုံမှန်သိပ္ပံနည်းကျ လေ့လာရေးအဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။ ဂြိုဟ်တုသည် ဂြိုဟ်ပတ်လမ်းအတွင်း လည်ပတ်နေစဉ်အတွင်း တရုတ်နှင့် ဥရောပမှ သိပ္ပံပညာရှင်များသည် ဒေတာစီမံဆောင်ရွက်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ပူးတွဲလုပ်ဆောင်မည်ဖြစ်ပြီး သက်ဆိုင်ရာ သိပ္ပံဆိုင်ရာဒေတာများကို ကမ္ဘာတစ်ဝန်းရှိ သိပ္ပံသုတေသနအဖွဲ့အစည်းများနှင့် တံခါးဖွင့်မျှဝေသွားမည်ဖြစ်သည်။ (Xinhua)

ပြင်သစ်နိုင်ငံပိုင် ဂီယာနာရှိ Kourou အာကာသစင်တာတွင် SMILE ဂြိုဟ်တုအား သယ်ဆောင်ထားသော ဥရောပ “Vega-C” ဒုံးပျံကို ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
中欧联合研制“微笑”卫星成功发射
新华社法属圭亚那库鲁5月19日电 中国和欧洲联合研制的太阳风-磁层相互作用全景成像卫星(“微笑”卫星)19日从法属圭亚那库鲁航天中心发射升空并顺利进入预定轨道,发射任务取得圆满成功。
当地时间19日00时52分(北京时间11时52分),搭载“微笑”卫星的欧洲“织女星-C”火箭发射升空,卫星随后被送入预定轨道。据中国科学院国家空间科学中心介绍,卫星状态正常,太阳翼展开到位。
据介绍,“微笑”卫星任务是中国科学院与欧洲航天局首次开展任务级、全方位深度合作的空间科学探测任务,旨在实现对太阳风与地球磁层相互作用的整体成像观测,揭示太阳风与地球磁层相互作用的奥秘。
按计划,卫星将在入轨约42天后抵达目标科学观测轨道,并开展为期2个月的在轨测试,随后进入为期3年的常规科学观测阶段。卫星在轨运行期间,中欧双方的科学家将联合开展数据处理与分析,相关科学数据面向全球科研机构开放共享。(完)
图说1:5月19日,工作人员在法属圭亚那库鲁航天中心工作。新华社发(里卡多·蒙托亚摄)
图说2:这是5月18日在法属圭亚那库鲁航天中心拍摄的搭载“微笑”卫星的欧洲“织女星-C”火箭。新华社发(里卡多·蒙托亚摄)
