Connect with us

China

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌက အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်၏ လက်ထောက်ဖြစ်သူနှင့် တွေ့ဆုံ

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်၏ လက်ထောက်ဖြစ်သူနှင့် အီဂျစ်အစိုးရ လက်အောက်ရှိ ထိပ်တန်း အစိုးရ Think Tank အဖွဲ့ဖြစ်သော Information and Decision Support Center (IDSC) ၏ ဥက္ကဋ္ဌဖြစ်သူ အိုစမာ အယ်လ်-ဂိုဟာရီနှင့် တွေ့ဆုံနေပုံကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်၏ လက်ထောက်ဖြစ်သူနှင့် အီဂျစ်အစိုးရ လက်အောက်ရှိ ထိပ်တန်း အစိုးရ Think Tank အဖွဲ့ဖြစ်သော Information and Decision Support Center (IDSC) ၏ ဥက္ကဋ္ဌဖြစ်သူ အိုစမာ အယ်လ်-ဂိုဟာရီနှင့် ကိုင်ရိုမြို့တွင် မေ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် အလွန်သက်တမ်းကြာမြင့်သော လူမှုအဖွဲ့အစည်းများဖြစ်ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုများမှာ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရလဒ်များ၏ ထင်ရှားသော စံနမူနာတစ်ခု ဖြစ်လာခဲ့သည်ဟု ဖုက ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-အီဂျစ် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကာလ ဖြစ်သည့်အားလျော်စွာ ဆင်ဟွာသတင်းဌာနအနေဖြင့် မီဒီယာအဖွဲ့အစည်းများနှင့် Think Tank အဖွဲ့များ၏ “စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးခွင့်ရှိသော” အခန်းကဏ္ဍကို ထိထိရောက်ရောက် အသုံးချရေး၊ နှစ်နိုင်ငံအကြား စီမံခန့်ခွဲမှု အတွေ့အကြုံများ ကူးလူးဖလှယ်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်မှုကို အထောက်အကူပြုရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်း၏ “အကောင်းမွန်ဆုံး သဟဇာတဖြစ်မှု” ကို အတူတကွ ဖန်တီးရေးအတွက် IDSC နှင့် လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ဖုက ပြောသည်။
အယ်လ်-ဂိုဟာရီကလည်း ဖု၏ ခရီးစဉ်ကို နွေးထွေးလှိုက်လှဲစွာကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဆင်ဟွာသတင်းဌာနသည် ဓမ္မဓိဋ္ဌာန်ကျ၍ သမာသမတ်ကျသည့် ရပ်တည်ချက်ကို ကိုင်စွဲထားကာ အများယုံကြည်လက်ခံနိုင်မှုနှင့် တစ်ကမ္ဘာလုံးအပေါ် အကျိုးသက်ရောက်မှုမှာ အဆင့်မြင့်မားကြောင်း ၎င်းက ဆိုသည်။
ဖု၏ ခရီးစဉ်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော အရှိန်အဟုန်များ ဖြည့်တင်းပေးခဲ့ကြောင်း၊ IDSC အနေဖြင့် ပူးတွဲသုတေသန လုပ်ဆောင်ရန်၊ ဝန်ထမ်းအချင်းချင်း ကူးလူးဖလှယ်မှု တိုးမြှင့်ရန်၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိစေရန် မျှော်လင့်ထားကြောင်း၊ ဤနည်းအားဖြင့် အီဂျစ်-တရုတ် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား တူညီဆန္ဒများ စုစည်းတည်ဆောက်ရာတွင် မီဒီယာနှင့် Think Tank အဖွဲ့များ၏ ကျွမ်းကျင်မှုဖြင့် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………
(English Version)
Xinhua president meets Egyptian PM assistant
CAIRO, May 12 (Xinhua) — President of Xinhua News Agency Fu Hua met here Tuesday with Osama El-Gohary, assistant to the Prime Minister of Egypt and chairman of the Information and Decision Support Center (IDSC), a leading Egyptian governmental think tank affiliated with the Cabinet.
Fu said China and Egypt are both ancient civilizations, and the friendly exchanges between the two countries have become a vivid example of solidarity and cooperation, as well as mutual benefit and win-win outcomes.
Noting that this year marks the 70th anniversary of the establishment of diplomatic relations between China and Egypt, Fu said Xinhua looks forward to working with the IDSC to leverage the “governance advisory” role of media outlets and think tanks, step up exchanges on governance experience between the two countries, contribute to the elevation of bilateral ties, and jointly create the “most beautiful harmony” of the Global South.
El-Gohary warmly welcomed Fu’s visit. He said Xinhua upholds an objective and impartial stance and enjoys a high level of credibility and global influence.
He added that the visit injected strong momentum into bilateral cooperation, noting that the IDSC looks forward to conducting joint research, increasing personnel exchanges, and deepening innovation collaboration, thereby contributing the expertise of media and think tanks to promoting Egypt-China friendship and building consensus among Global South countries. Enditem
English Caption
President of Xinhua News Agency Fu Hua meets with Osama El-Gohary, assistant to the Prime Minister of Egypt and chairman of the Information and Decision Support Center (IDSC), a leading Egyptian governmental think tank affiliated with the Cabinet, in Cairo, Egypt, on May 12, 2026. (Xinhua/Chen Junqing)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.