Europe
ရာထူးမှ နုတ်ထွက်မည်မဟုတ်၊ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ရန် စီစဉ်ထားဟု စတားမာ ဆို
လန်ဒန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာက မေ ၁၈ ရက်တွင် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်မည်မဟုတ်သလို နုတ်ထွက်မည့် အချိန်ဇယားကိုလည်း တင်သွင်းမည်မဟုတ်ကြောင်း၊ နောက်တစ်ကြိမ် ဗြိတိန်အထွေထွေရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ရန် စီစဉ်ထားကြောင်း ထပ်မံပြောကြားခဲ့သည်ဟု ဗြိတိန် Sky News ချန်နယ်က သတင်းဖော်ပြခဲ့သည်။
စတားမာက ထိုနေ့ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်း၏ အလုပ်သမားပါတီ ခေါင်းဆောင်မှု အာဏာသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရစေကာမူ ၎င်းသည် “ပြီးပြီးရောထွက်ခွာသွားမည်” လည်း မဟုတ်ကြောင်း၊ အကယ်၍ အလားအလာရှိတဲ့ ပြိုင်ဘက်များ၊ မန်ချက်စတာမြို့တော်ဝန် Andy Burnham တို့က အောက်လွှတ်တော်အမတ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ လွှတ်တော်သို့ ပြန်လာလျှင်လည်း ၎င်းအနေဖြင့် နုတ်ထွက်မည့် အချိန်ဇယားကို တင်သွင်းမည်မဟုတ်ဘဲ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
စတားမာသည် လတ်တလော ဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် အလုပ်သမားပါတီ အပြတ်အသတ်ရှုံးနိမ့်မှုကြောင့် အုပ်ချုပ်မှုအကျပ်အတည်းထဲ နက်ရှိုင်းစွာ ကျရောက်ခဲ့သည်။ ၎င်းသည် ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့ပြီး အကယ်၍ အလုပ်သမားပါတီ အောက်လွှတ်တော်အမတ်များက ပါတီခေါင်းဆောင်ရွေးကောက်ရန် အဆိုပြုပါက ၎င်းအနေဖြင့် “စိန်ခေါ်မှုကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း” အခိုင်အမာ ဆိုခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
斯塔默表示不会辞职 仍计划参加下次大选
新华社伦敦5月18日电(记者于艾岑)据英国天空新闻频道报道,英国首相斯塔默18日再次表示不会辞职,也不会提出辞职时间表,仍计划参加下次英国大选。
斯塔默当天接受媒体采访时表示,即便其工党领导权面临挑战,他也不会“一走了之”,如果潜在竞争者、曼彻斯特市长安迪·伯纳姆赢得下院议员补选重返议会,他也不会提出辞职时间表,并表示仍计划参加下次大选。
斯塔默近期因工党在地方选举中惨败深陷执政危机。他多次表示不会辞职,并坚称如有工党下院议员发起党首选举,他将“迎战”。(完)
图说:5月7日,在英国首都伦敦,英国首相斯塔默(左)与妻子在一家投票站投票后离开。新华社发(雷伊·唐摄)
