Connect with us

Asia

(အာရှ-ပစိဖိတ် အသိုက်အဝန်း) ပြန်လည်ဦးမော့လာခြင်းနှင့် ပြန်လည်ချိန်ညှိခြင်း၊ ဩစတြေးလျ၏ အကြီးမားဆုံး B2B ခရီးသွားလုပ်ငန်းပြပွဲက တရုတ်-ဩစတြေးလျ ခရီးသွားလုပ်ငန်းချင်း တစ်ကျော့ပြန် ချိတ်ဆက်ဆောင်ရွက်မှုများကို ပြသနေ

ဩစတြေးလျနိုင်ငံ အက်ဒလေ့ဒ်မြို့၌ ကျင်းပသည့် ၄၆ ကြိမ်မြောက် ဩစတြေးလျ ခရီးသွားလုပ်ငန်း ကူးလူးဖလှယ်ရေး (ATE) ပြပွဲသို့ တက်ရောက်လာသော ဩစတြေးလျ ခရီးသွားလုပ်ငန်းဦးစီးဌာန၏ တရုတ်နိုင်ငံဆိုင်ရာ ဌာနေ အထွေထွေမန်နေဂျာ နစ်ခ် ဟန်ဒါဆန်ကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အက်ဒလေ့ဒ်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ပွဲလမ်းသဘင်များနှင့် ဝိုင်တို့ကြောင့် ပိုမိုလူသိများသော ပင်လယ်ကမ်းခြေမြို့တော် အက်ဒလေ့ဒ်တွင် ကျင်းပသည့် ဩစတြေးလျနိုင်ငံ၏ အကြီးမားဆုံး B2B ခရီးသွားလုပ်ငန်းပြပွဲ၌ ကမ္ဘာတစ်ဝန်းမှ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ပါဝင်တက်ရောက်လျက်ရှိစဉ် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းသည် အရေးပါသောနေရာကို တစ်ခဏတာ ရယူထားခဲ့သည်။
ဩစတြေးလျ ခရီးသွားလုပ်ငန်းဦးစီးဌာနက မေ ၁၀ ရက်မှ ၁၄ ရက်အထိ ကြီးမှူးကျင်းပခဲ့သည့် ၄၆ ကြိမ်မြောက် ဩစတြေးလျ ခရီးသွားလုပ်ငန်း ကူးလူးဖလှယ်ရေး (ATE) ပြပွဲသို့ ခရီးသွားလုပ်ငန်းနယ်ပယ်မှ ဩစတြေးလျ ရောင်းချသူများနှင့် ကမ္ဘာတစ်ဝန်းမှ ဝယ်လက်များ တက်ရောက်ခဲ့ကြသည်။ လူများပြားစည်းကားလှသည့် လျှောက်လမ်းများနှင့် ပြည့်နှက်လျက်ရှိသော အစီအစဉ်များနောက်ကွယ်တွင် ပိုမိုအခြေခံကျသော အရာတစ်ခုရှိနေပြီး ယင်းသည် ဩစတြေးလျနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အရှိန်အဟုန် ပြန်လည်ကောင်းမွန်လာသည့် ခရီးသွားလုပ်ငန်း ဆက်ဆံရေးပင်ဖြစ်ကာ ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်အတွက် တိတ်တဆိတ် ချိန်ညှိပြင်ဆင်လျက်ရှိသည်။
တရုတ်နိုင်ငံ၏ အင်တိုက်အားတိုက် ပါဝင်မှု
ယခုနှစ် ATE ပြပွဲသည် တရုတ်နိုင်ငံမှ ဝယ်လက်များ၏ ပါဝင်မှုကို ထင်ထင်ရှားရှား မြင်တွေ့ရသည့် အမှတ်သင်္ကေတလည်းဖြစ်သည်။
ပြပွဲခန်းမ အနှံ့အပြားတွင် မန်ဒရင်းဘာသာဖြင့် စကားပြောဆိုသံများကို မကြာခဏ ကြားနေရသည်။ တရုတ်ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များ၊ အသေးစိတ်စီစဉ်ပေးသော ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများနှင့် အွန်လိုင်းပလက်ဖောင်းများသည် ခရီးစဉ်၊ ဈေးနှုန်း၊ ဝန်ဆောင်မှုပေးသည့် ဩ‌စတြေးလျ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုတို့အတွက် ဆွေးနွေးညှိနှိုင်းလျက်ရှိကာ အလျဉ်မပြတ်လောက်အောင် စီစဉ်ထားသည့် တွေ့ဆုံမှုများအကြား ပျားပန်းခပ်မျှ အလုပ်များလျက်ရှိသည်။
၎င်းတို့အနေဖြင့် မည်ကာမတ္တမျှသာ ပါဝင်ခြင်းမဟုတ်ဘဲ အခမ်းအနား တက်ရောက်လာသည့် နိုင်ငံနှင့် ဒေသ ၃၂ ခုမှ ဝယ်လက်ကုမ္ပဏီ ၇၃၀ ခန့်အနက် တရုတ်ကုမ္ပဏီ ၁၄၀ ကျော် ပါဝင်နေသည့်အတွက် ပြည်တွင်းဝယ်လက်များပြီးလျှင် ဒုတိယအများဆုံးပင်ဖြစ်သည်။ လေးရက်ကြာ ကျင်းပသည့် အဆိုပါအစီအစဉ်၌ အလုပ်သဘော တွေ့ဆုံဆွေးနွေးရန် ကြိုတင်ချိန်းဆိုမှုပေါင်း ၅၅,၀၀၀ ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
အဆိုပါလုပ်ငန်းကို ထဲထဲဝင်ဝင် လုပ်ကိုင်နေသူများအဖို့ “တရုတ်နိုင်ငံ ပြန်လာပြီ။ ယုံကြည်မှုပြန်ရနေပြီ” ဟူသော ရှင်းလင်းလွယ်ကူသည့် သတင်းစကားပါးလိုက်ခြင်းလည်းဖြစ်သည်။
ဩစတြေးလျနိုင်ငံ၏ အထင်ရှားဆုံး အမှတ်သညာတစ်ခုဖြစ်သည့် ဆစ်ဒနီ အော်ပရာပြဇာတ်ရုံရှိ ပြခန်း၌ အလုပ်သဘော တွေ့ဆုံမှုများကို အင်ပြည့်အားပြည့် လုပ်ဆောင်လျက်ရှိသည်။ ယခုပြပွဲ၌ အလုပ်သဘော တွေ့ဆုံဆွေးနွေးရန် ကြိုတင်ချိန်းဆိုမှုများ၏ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်ဝယ်လက်များဖြစ်ကြောင်း ဆစ်ဒနီ အော်ပရာပြဇာတ်ရုံ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မန်နေဂျာ ရှယ်လီကျိုး၏ အဆိုအရ သိရသည်။
“တရုတ်နိုင်ငံဟာ ခရီးသွားဧည့်သည် ဦးရေအရရော ရရှိလာတဲ့ဝင်ငွေအရပါ ကျွန်မတို့ရဲ့ ထိပ်တန်း ဈေးကွက်နှစ်ခုထဲက တစ်ခုအဖြစ် တောက်လျှောက် ရပ်တည်နေခဲ့တာပါ။ တရုတ်နိုင်ငံက မိတ်ဖက်တွေနဲ့ ပြန်လည်ချိတ်ဆက်နိုင်မယ့် အခွင့်အရေးတိုင်းကို ကျွန်မတို့ တန်ဖိုးထားပါတယ်” ဟု ၎င်းက ပြောသည်။
ယမန်နှစ် နိုဝင်ဘာလ၌ တရုတ်နိုင်ငံ ရှီးအန်းမြို့တွင် ဩစတြေးလျ ခရီးသွားလုပ်ငန်းဦးစီးဌာနက ကျင်းပခဲ့စဉ်က ၎င်းတက်ရောက်ခဲ့သည့် Marketplace China အစီအစဉ်နှင့် နယူးဆောက်ဝေးလ်စ်ပြည်နယ် ခရီးသွားလုပ်ငန်းဦးစီးဌာနတို့က မကြာမီက ကျင်းပခဲ့သည့် အခမ်းအနားတို့မှာ တရုတ်နိုင်ငံကို အဓိကထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဆစ်ဒနီ အော်ပရာပြဇာတ်ရုံက တရုတ်နိုင်ငံမှ မိတ်ဖက်များနှင့် အပြန်အလှန် ထိတွေ့ဆက်ဆံနိုင်မည့် အခွင့်အရေးဟူသမျှကို တန်ဖိုးထားသည်ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
တောရိုင်းတိရစ္ဆာန်များ၏ ဆွဲဆောင်မှုတွင်လည်း အလားတူလားရာကို မြင်တွေ့ရသည်။ ATE ပြပွဲကာလအတွင်း ဗစ်တိုးရီးယား တိရစ္ဆာန်ဥယျာဉ်၌ တွေ့ဆုံရန် ချိန်းဆိုမှုများ၏ လေးပုံတစ်ပုံကျော်မှာ တရုတ်ဝယ်လက်များထံမှဖြစ်ကြောင်း သိရသည်။
“တရုတ်နိုင်ငံဟာ လက်ရှိမှာ ကျွန်တော်တို့ရဲ့ တတိယအကြီးဆုံးဈေးကွက်ပါ” ဟု လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မန်နေဂျာ စတီဖင် ပက်ပ်ပ့ါဒ်က ပြောကြားခဲ့ကာ တရုတ်ခရီးသွားဧည့်သည်များကို အလွန်တန်ဖိုးထားသည်ဟု ဆိုသည်။ “တရုတ်ခရီးသွားဧည့်သည်တွေကို လက်ခံကြိုဆိုရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ သူတို့က တိရစ္ဆာန်တွေကို ချစ်မြတ်နိုးတတ်ပြီး ဧည့်သည်ကောင်းတွေလည်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260514/2222c5d4d8a848b29190ca4d8880378c/c.html

ဩစတြေးလျနိုင်ငံ အက်ဒလေ့ဒ်မြို့၌ ကျင်းပသည့် ၄၆ ကြိမ်မြောက် ဩစတြေးလျ ခရီးသွားလုပ်ငန်း ကူးလူးဖလှယ်ရေး (ATE) ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောနေသည့် ဩစတြေးလျ ခရီးသွားလုပ်ငန်းဦးစီးဌာန မန်နေးဂျင်းဒါရိုက်တာ ရော်ဘင်မက်ခ်အား ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Tourism Australia/Handout via Xinhua)

ဩစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ ကော့တီဆလိုးကမ်းခြေ၌ ပြသထားသော အနုလက်ရာဖန်တီးမှုတစ်ခုပေါ်၌ စာရေးနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Asia-Pacific Community: Rebound and Recalibration: Australia’s largest B2B tourism event showcases renewed China-Australia travel links
ADELAIDE, May 14 (Xinhua) — In Adelaide, a coastal capital better known for its festivals and wine, the global tourism industry has briefly taken center stage as Australia’s largest B2B tourism event engages market players worldwide.
From May 10 to 14, the 46th Australian Tourism Exchange (ATE), hosted by Tourism Australia, brought together global buyers and Australian sellers in the tourism industry. Behind the crowded aisles and packed schedules lies something more fundamental: a tourism relationship between Australia and China regaining momentum, and related services quietly recalibrating for its next phase of growth.
STRONG CHINA PRESENCE
The ATE this year is marked by the sheer visibility of Chinese buyers.
Across the exhibition floor, Mandarin can be heard frequently. Representatives from Chinese travel agencies, bespoke tour operators and online platforms moved briskly between tightly scheduled meetings, negotiating itineraries, prices and partnerships with Australian suppliers.
Their presence is not marginal. Of the roughly 730 buyer companies from 32 countries and regions attending the event, more than 140 are from China, second only to domestic buyers. Over the four-day program, a total of 55,000 appointments are expected to take place.
For industry insiders, the message is straightforward: China is back, and confidence is returning.
At the booth of the Sydney Opera House, one of the country’s most recognizable icons, meetings are running at full capacity. According to Shirley Zhou, business development manager at the Sydney Opera House, the Chinese buyers account for roughly 65 to 70 percent of their scheduled appointments during the event.
“China has always been among our top 2 markets, both in visitor numbers and revenue,” she said. “We value every opportunity to reconnect with Chinese partners.”
She mentioned the Marketplace China event held by Tourism Australia, which she attended in Xi’an last November, as well as the recent event held by Tourism New South Wales focused on China. She noted that the Sydney Opera House values every opportunity to interact with Chinese partners.
Wildlife attractions are seeing similar trends. At Zoos Victoria, more than a quarter of meeting requests during ATE have come from Chinese buyers.
“China is currently our third-largest market,” said Business Development Manager Stephen Peppard, adding that Chinese visitors are highly valued. “We enjoy hosting the Chinese visitors. They love the animals and are great visitors.”
https://english.news.cn/20260514/2222c5d4d8a848b29190ca4d8880378c/c.html
English Caption 1
Nick Henderson, regional general manager of Greater China at Tourism Australia, attends the 46th edition of the Australian Tourism Exchange (ATE) in Adelaide, Australia, May 11, 2026. (Photo by Lyu Wei/Xinhua)
English Caption 2
Robin Mack, managing director of Tourism Australia, addresses the opening ceremony of the 46th edition of the Australian Tourism Exchange (ATE) in Adelaide, Australia, May 11, 2026. (Tourism Australia/Handout via Xinhua)
English Caption 3
Visitors write on an artwork displayed on Cottesloe Beach in Perth, Australia, March 16, 2026. (Xinhua/Ma Ping)