Europe
Hondius အပျော်စီးသင်္ဘောမှ လူ ၂၆ ဦး နယ်သာလန်နိုင်ငံသို့ ရောက်ရှိပြီး နေရာချထားမှုခံယူ
သည်ဟိတ်၊ မေ ၁၁ ရက် (ဆင်ဟွာ)
Hondius အပျော်စီးသင်္ဘောမှ လူ ၂၆ ဦး တင်ဆောင်ထားသော လေယာဉ်တစ်စင်းသည် ဒေသစံတော်ချိန် မေ ၁၀ ရက် ညပိုင်းတွင် နယ်သာလန်နိုင်ငံ Eindhoven လေတပ်စခန်းသို့ ဆိုက်ရောက်ခဲ့ပြီး အဆိုပါ လူ ၂၆ ဦးကို သီးခြားကွာရန်တင်းထားရှိ၍ စောင့်ကြည့်ခြင်း သို့မဟုတ် အခြားနိုင်ငံသို့ ရွှေ့ပြောင်းပို့ဆောင်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်သည်။
အဆိုပါလေယာဉ်တွင် နယ်သာလန်နိုင်ငံသား ၈ ဦးနှင့် အခြားနိုင်ငံ ၁၀ နိုင်ငံမှ လူ ၁၈ ဦး တင်ဆောင်ထားကြောင်း၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ် စသည့်နိုင်ငံများက မိမိနိုင်ငံသားများကို နိုင်ငံသို့ ပြန်လည်ရွှေ့ပြောင်းပို့ဆောင်ရန်အတွက် ကူးစက်ရောဂါသီးသန့်သုံး လူနာတင်ယာဉ်များ စေလွှတ်ထားပြီးဖြစ်ကြောင်း နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
နယ်သာလန် အမျိုးသား အများပြည်သူကျန်းမာရေး ပတ်ဝန်းကျင် အင်စတီကျု (RIVM) က အဆိုပါလူများသည် လေဆိပ်တွင် ကျန်းမာရေးဆိုင်ရာ ဆေးစစ်မှုခံယူရမည်ဖြစ်ကြောင်း၊ ထို့နောက် နယ်သာလန် နိုင်ငံသားများသည် သီးသန့်ယာဉ်ဖြင့် အိမ်ပြန်ကာ သီးခြားကွာရန်တင်း နေထိုင်ရမည်ဖြစ်ကြောင်း၊ ချက်ချင်း ရွှေ့ပြောင်းပို့ဆောင်နိုင်ခြင်းမရှိသည့် နိုင်ငံခြားသားများကမူ သတ်မှတ်ထားသောဟိုတယ်၌ ၄၂ ရက်ကြာ သီးခြားကွာရန်တင်း နေထိုင်ရမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း ကွာရန်တင်းနေထိုင်သူများသည် အပြင်ထွက်၍ အချိန်တိုအပန်းဖြေလမ်းလျှောက်ခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်၍ အခြားသူများနှင့် အနည်းဆုံး ၁.၅ မီတာ အကွာအဝေးရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အန်ဒီးစ်ဗိုင်းရပ်စ်သည် ကူးစက်သူနှင့် အချိန်ကြာရှည်စွာ နီးနီးကပ်ကပ်ထိတွေ့မှုရှိမှသာ ကူးစက်နိုင်ပြီး ပမာဏအများအပြား ကူးစက်ပျံ့နှံ့နိုင်သည့် အန္တရာယ်နည်းပါးကြောင်းလည်း RIVM က ဆိုသည်။
Hondius အပျော်စီးသင်္ဘောအား လုပ်ငန်းလည်ပတ်သည့် Oceanwide Expeditions ကုမ္ပဏီက မေ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အဆိုပါအပျော်စီးသင်္ဘောသည် စပိန်နိုင်ငံ တန်နာရီဖစ်ကျွန်းတွင် လောင်စာဖြည့်၍ လိုအပ်သည့်ပစ္စည်းများ ဖြည့်စွက်ပြီးနောက် နယ်သာလန်နိုင်ငံ ရော့တာဒမ်ဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ရာ ခန့်မှန်းခြေခရီးကြာချိန်မှာ ၅ ရက်ခန့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နယ်သာလန်ဘက်ကလည်း မေ ၁၁ ရက်တွင် “နောက်ဆုံး” လေယာဉ်တစ်စင်း စေလွှတ်၍ ထိုအချိန်အထိ ကိုယ်စီနိုင်ငံမှ လာရောက်ခေါ်ဆောင်ခြင်းမရှိသေးသည့်သူများကို ရွှေ့ပြောင်းပို့ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
26名“洪迪厄斯”号邮轮人员抵荷接受安置
新华社海牙5月10日电(记者邵海军)当地时间10日晚,一架载有26名“洪迪厄斯”号邮轮人员的飞机抵达荷兰埃因霍温空军基地,他们将被隔离观察或转运他国。
荷兰外交部说,这架飞机载有8名荷兰公民和来自其他10个国家的18名人员。德国、比利时等国已派专用传染病救护车准备将本国公民转运回国。
荷兰国家公共卫生与环境研究所表示,这些人员将在机场接受医学筛查。之后,荷兰公民将乘坐专用车辆回家隔离,无法立即转运的外籍人员将被安排在指定酒店隔离42天。其间,隔离人员可出门短途散步,但必须佩戴口罩并与他人保持至少1.5米的社交距离。
该研究所还说,安第斯病毒只有在与感染者长时间密切接触的情况下才会传染,大规模流行风险极低。
“洪迪厄斯”号邮轮运营方“泛海探险”公司10日发表声明说,该邮轮在特内里费岛加注燃料并补充必要物资后将前往荷兰鹿特丹港,预计航程约5天。此外,荷兰方面还计划于11日派出一架“收尾”航班,转运届时未被各自国家接走的人员。(完)
图说:5月10日,涉汉坦病毒疫情邮轮“洪迪厄斯”号进入西班牙特内里费岛格拉纳迪利亚港。新华社记者 程敏 摄
