Connect with us

China

တရုတ်နိုင်ငံမှ လျို က ITTF အားကစားသမားကော်မရှင် တွဲဖက်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခံရ

ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲအတွင်း ITTF ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လျိုစီးဝန် ကို တွေ့ရစဉ် (ဓာတ်ပုံ - Photo courtesy of ITTF)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ လျိုစီးဝန် နှင့် အင်္ဂလန်နိုင်ငံမှ Paul Drinkhall တို့အား အားကစားသမားကော်မရှင်၏ ပထမအကြိမ်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ပြီးနောက် ယင်းကော်မရှင်၏ တွဲဖက်ဥက္ကဋ္ဌများအဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံတကာစားပွဲတင်တင်းနစ်အဖွဲ့ချုပ်က မေ ၁၄ ရက်၌ ကြေညာခဲ့သည်။
ယခုလအစောပိုင်း၌ ပြုလုပ်သည့် အားကစားသမားကော်မရှင် ရွေးကောက်ပွဲအပြီးတွင် အသစ်စက်စက်ရွေးကောက်ခံရသော ကော်မရှင်အဖွဲ့ဝင် ၁၀ ဦးစလုံးက အဆိုပါပထမဆုံးအစည်းအဝေးတွင် ပါဝင်ခဲ့ကြသည်။
ယခင်က ကော်မရှင်၏ တွဲဖက်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော လျို ကို ယင်းရာထူးအတွက် ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး Drinkhall ကမူ ပထမဆုံးအကြိမ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ နှစ်ဦးစလုံးက ITTF အမှုဆောင်ဘုတ်အဖွဲ့တွင် အားကစားသမားများကို ကိုယ်စားပြုမည်ဖြစ်သည်။
လျို က ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရှင် တရုတ်အသင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်လည်း ကျားမနှစ်ယောက်တွဲ ငွေတံဆိပ်ဆု ရရှိခဲ့သည်။ ၎င်းက ၂၀၁၉ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကိုလည်း ရရှိခဲ့ကာ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း စံချိန်တင် ငါးကြိမ်ရရှိခဲ့သည်။
သုံးကြိမ်တိုင်တိုင် အိုလံပစ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ဒရင့်ဟောလ်ကမူ ရီယိုနှင့် တိုကျိုအိုလံပစ်ပြိုင်ပွဲများအပြင် ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ၎င်းက ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ဓနသဟာယအားကစားပြိုင်ပွဲများတွင် အမျိုးသားနှစ်ယောက်တွဲယဉ်ပြိုင်မှု၌ ရွှေတံဆိပ်ဆုများ ရရှိခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် စပိန်အိုးပင်းပြိုင်ပွဲနှင့် ၂၀၁၉ ခုနှစ် ဆားဘီးယားအိုးပင်းပြိုင်ပွဲတို့ကို အနိုင်ရရှိခြင်းဖြင့်လည်း ITTF ကမ္ဘာ့ခရီးစဉ်တွင် တစ်ဦးချင်းချန်ပီယံဆုနှစ်ခုရရှိခဲ့သည့် ပထမဆုံးအင်္ဂလိပ်ကစားသမားဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်တွင် ကျင်းပသည့် ၂၀၁၉ ခုနှစ် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ အနိုင်ရရှိပြီးနောက် ဆုတံဆိပ်အား အနမ်းပေးနေသည့် လျို ကို ၂၀၁၉ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပသည့် ၂၀၂၄ ခုနှစ် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် ITTF ထိပ်သီးညီလာခံအတွင်း အမှတ်တရဓာတ်ပုံရိုက်နေကြသည့် ITTF အားကစားသမားကော်မရှင် တွဲဖက်ဥက္ကဋ္ဌများဖြစ်ကြသည့် လျို (အလယ်) နှင့် Sharath Kamal Achanta (ဝဲ) နှင့် ဒုတိယဥက္ကဋ္ဌ Stefan Fegerl တို့ကို တွေ့ရစဉ် (ဓာတ်ပုံ – Photo courtesy of ITTF)

……………….
(English Version)
China’s Liu re-appointed ITTF Athletes’ Commission co-chair
BEIJING, May 14 (Xinhua) — The International Table Tennis Federation announced Thursday that China’s Liu Shiwen and England’s Paul Drinkhall have been appointed co-chairs of the Athletes’ Commission following a vote at the commission’s first meeting.
All 10 members of the newly elected commission took part in the meeting after the Athletes’ Commission election earlier this month.
Liu, who previously served as co-chair of the commission, was reappointed to the role, while Drinkhall will serve for the first time. Both will represent athletes on the ITTF Executive Board.
Liu was part of China’s gold medal-winning team at the 2016 Rio Olympic Games and claimed mixed doubles silver at the Tokyo Games in 2021. She also won the women’s singles title at the 2019 World Table Tennis Championships and captured a record five Women’s World Cup titles.
Drinkhall, a three-time Olympian, competed at London 2012 in addition to the Rio and Tokyo Games. He won Commonwealth Games men’s doubles gold in 2018 and 2022, and became the first English player to claim two singles titles on the ITTF World Tour, winning the Spanish Open in 2014 and the Serbia Open in 2019. ■
English Caption 1
Liu Shiwen attends the ITTF Summit during the 2025 ITTF World Table Tennis Championships Finals in Doha, Qatar. (Photo courtesy of ITTF)
English Caption 2
Liu kisses the trophy after winning the women’s singles at the 2019 ITTF World Table Tennis Championships in Budapest, Hungary on April 27, 2019. (Xinhua/Lu Yang)
English Caption 3
ITTF Athletes’ Commission co-chairs Liu (C) and Sharath Kamal Achanta (L), and deputy chair Stefan Fegerl pose during the ITTF Summit at the 2024 ITTF World Team Table Tennis Championships Finals in Busan, South Korea. (Photo courtesy of ITTF)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117