China
ရှင်းကျန်းဒေသ ရီးလီဒေသခွဲရှိ ကော်ကျီကုန်း၏ ခမ်းနားလှပမှု
ရီးလီ (ရှင်းကျန်း)၊ မေ ၁၄ ရက် (ဆင်ဟွာ)
ကော်ကျီကုန်းသည် တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရီးလီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ ဟော့ချိန်ခရိုင်တွင် တည်ရှိကာ ရီးလီမြစ်ဝှမ်းရှိ အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ပြီး “ရီးလီ၏ နံပါတ်တစ် ရှုခင်းသာနေရာ” အဖြစ် လူသိများသည်။ မိုးရွာပြီးနောက် ကောင်းကင်ကြည်လင်လာချိန်တွင် ကော်ကျီကုန်း နှင်းတောင်ထိပ်များမှာ မြင့်မားထည်ဝါစွာ တည်ရှိနေပြီး လျိုမြောင်ချိုင့်ဝှမ်းများမှာလည်း ကွေ့ကွေ့ကောက်ကောက်ဖြင့် လှပနေပေသည်။ လျန်ဟော့ အမြန်လမ်းမပေါ်ရှိ ကော်ကျီကုန်းတံတားကြီးသည် သဘာဝရှုခင်းများနှင့် တစ်သားတည်းပေါင်းစပ်သွားကာ လွန်စွာခမ်းနားလှပလှသဖြင့် ခရီးသွားဧည့်သည်များ ဤနေရာတွင် ရပ်တန့်ငေးမောရှုစားရန် ဆွဲဆောင်လျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရီးလီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ ဟော့ချိန်ခရိုင်ရှိ ကော်ကျီကုန်းတွင် မင်္ဂလာဆောင်ဓာတ်ပုံရိုက်ကူးနေသော စုံတွဲအား ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………..
(Chinese Version)
新疆伊犁:壮美果子沟
新华社照片,伊犁(新疆),2026年5月13日
果子沟位于新疆伊犁霍城县,是伊犁河谷的咽喉要道,被誉为“伊犁第一景”。雨过天晴,果子沟雪峰耸峙,峡谷回转,连霍高速公路果子沟大桥与自然景观融为一体,分外壮美,吸引游人驻足赏景。
图说1:5月13日,游客在新疆霍城县果子沟游玩拍照。 新华社记者 胡虎虎 摄
图说2:5月13日,一对新人在新疆霍城县果子沟拍摄婚纱照。新华社记者 胡虎虎 摄
