North America
အမေရိကန်အနေဖြင့် အီရန်အားတိုက်ခိုက်မှုကို ယာယီရပ်ဆိုင်းရန် အရှေ့အလယ်ပိုင်း နိုင်ငံများစွာမှ အကြီးအကဲများ မျှော်လင့်ကြောင်း အမေရိကန်မီဒီယာဆို
ဝါရှင်တန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး နိုင်ငံ သုံးနိုင်ငံမှ အကြီးအကဲများက အမေရိကန်အနေဖြင့် အီရန်အားတိုက်ခိုက်မှုကို ယာယီရပ်ဆိုင်းရန် မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ထရမ့်အား ပြောကြားခဲ့သည်ဟု အမေရိကန် Axios သတင်းဝက်ဘ်ဆိုက် မေ ၁၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။
သတင်းတွင် သတင်းအရင်းအမြစ်နှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ထရမ့်က အီရန်အပေါ် တိုက်ခိုက်မှု ယာယီရပ်ဆိုင်းကြောင်း ဆုံးဖြတ်ချက် မကြေညာမီ ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီး နိုင်ငံတို့မှ အကြီးအကဲများနှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းနိုင်ငံ သုံးနိုင်ငံမှ အကြီးအကဲများက “ဆွေးနွေးညှိနှိုင်းမှုအတွက် အခွင့်အရေးတစ်ကြိမ်ပေးရန်” မျှော်လင့်သည်ဟူသော “တစ်ပြေးညီသတင်းစကား” အား ထရမ့်ထံ ပြောကြားခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန်က အီရန်အား တိုက်ခိုက်မည်ဆိုပါက အဆိုပါနိုင်ငံသုံးနိုင်ငံကလည်း “ယင်းကြောင့် တန်ဖိုးပေးဆပ်ရမည်” ဖြစ်သောကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါနိုင်ငံသုံးနိုင်ငံမှ အကြီးအကဲများကလည်း ၎င်းတို့အနေဖြင့် မိမိနိုင်ငံ စွမ်းအင်အဆောက်အအုံက အီရန်၏ လက်တုံ့ပြန်မှုကြောင့် ဖောက်ခွဲဖျက်ဆီးခံရခြင်းကို မတွေ့မြင်လိုကြောင်းလည်း ထရမ့်ထံ ပြောကြားခဲ့သည်ဟု သတင်းက ဆိုထားသည်။
ထရမ့်က ကာတာ၊ ဆော်ဒီအာရေဗျ၊ ယူအေအီး နိုင်ငံတို့မှ အကြီးအကဲများ၏ တောင်းဆိုချက်အရ ၎င်းအနေဖြင့် “မူလက မနက်ဖြန် (မေ ၁၉ ရက်) တွင်” အီရန်အပေါ် လုပ်ဆောင်မည့် စစ်ရေးတိုက်ခိုက်မှုအား ရွှေ့ဆိုင်းရန် အမိန့်ချပြီးဖြစ်ကြောင်း မေ ၁၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
美媒称中东多国领导人希望美国暂缓打击伊朗
新华社华盛顿5月18日电 据美国阿克西奥斯新闻网站18日报道,沙特阿拉伯、卡塔尔、阿联酋三国领导人向美国总统特朗普表示希望美国暂缓打击伊朗。
报道援引两名知情人士的话称,特朗普在宣布暂缓打击伊朗决定前的24小时内与沙特阿拉伯、卡塔尔和阿联酋领导人通了电话。中东三国领导人向特朗普传达了“一致信息”,希望“给谈判一次机会”。因为如果美国打击伊朗,这三个国家“也会因此付出代价”。
报道还称,这三国领导人向特朗普表示,他们不希望本国能源设施因遭伊朗报复而被炸毁。
特朗普18日在社交媒体发文称,应卡塔尔、沙特阿拉伯、阿联酋领导人请求,他已下令推迟“原定于明天(19日)”对伊朗发动的军事攻击。(完)
图说:这是5月11日在美国首都华盛顿拍摄的白宫。新华社记者 李睿 摄
