Connect with us

China

တရုတ်နိုင်ငံ ပြည်တွင်း၌ထုတ်လုပ်သော ဒုတိယမြောက် အကြီးစား အပျော်စီးသင်္ဘော “Adora Flora City” ပင်လယ်၌ စမ်းသပ်ပြေးဆွဲ

တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေးအုပ်စု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ဝိုက်ကောင်းချောင် သင်္ဘောကျင်း၏ အမှတ် ၅ ဆိပ်ကမ်းတွင် ရပ်နားကာ စတင်ထွက်ခွာရန် အသင့်ပြင်ထားသော “Adora Flora City” အပျော်စီးသင်္ဘောကြီးကို ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်း၌ထုတ်လုပ်သော ဒုတိယမြောက် အကြီးစား အပျော်စီးသင်္ဘော “Adora Flora City” သည် တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေးအုပ်စု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ဝိုက်ကောင်းချောင် သင်္ဘောကျင်း အမှတ် ၅ ဆိပ်ကမ်းမှ မေ ၁၆ ရက်က ထွက်ခွာမောင်းနှင်လာခဲ့ပြီး ၁၂ ရက်ကြာ ပင်လယ်ပြင်စမ်းသပ်ပြေးဆွဲမှုကို စတင်ခဲ့သည်။ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လူပေါင်း ၉၃၇ ဦးပါဝင်သော အင်ဂျင်နီယာနှင့် နည်းပညာအဖွဲ့သည် ယခုအကြိမ်စမ်းသပ်ပြေးဆွဲမှုတွင် ပါဝင်ခဲ့သည်။

“Adora Flora City” သည် စုစုပေါင်း ၃၄၁ မီတာရှည်လျားကာ စုစုပေါင်းတန်ချိန် ၁၄၁,၉၀၀ ရှိပြီး အခန်းနှင့် အခန်းတွဲ ၂,၁၃၀ ခန်းပါရှိရာ လူအပြည့်တင်ဆောင်လျှင် ဧည့်သည် ၅,၂၃၂ ဦး တင်ဆောင်နိုင်သည်။ အဆိုပါသင်္ဘောကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် လွှဲပြောင်းပေအပ်မှု ပြီးစီးရန် စီစဉ်ထားပြီး တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ နန်ရှား အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘော ပင်မဆိပ်ကမ်းမှ ပထမဆုံး သင်္ဘောလိုင်းပြေးဆွဲရာသီကို စတင်မည်ဖြစ်သည်။ (Xinhua)

“Adora Flora City” အပျော်စီးသင်္ဘောကြီး၏ ပင်လယ်ပြင်စမ်းသပ်ပြေးဆွဲခြင်းအခမ်းအနား ကျင်းပရာနေရာကို ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


…………………………..
(Chinese Version)
第二艘国产大型邮轮“爱达·花城号”出海试航
新华社照片,上海,2026年5月16日
5月16日,第二艘国产大型邮轮“爱达·花城号”驶离中船集团外高桥造船5号码头,开启为期12天的试航,来自12个国家共计937人的工程技术团队参加本次试航。 “爱达·花城号”全长341米,总吨位14.19万吨,拥有2130间客房和套房,满载可容纳5232名宾客,计划于2026年11月6日完成交付,将从广州南沙国际邮轮母港开启首航季。
图说1:5月16日,“爱达·花城号”邮轮停泊在外高桥造船5号码头准备启航。 新华社记者 方喆 摄
图说2:这是5月16日拍摄的“爱达·花城号”邮轮试航启动活动现场。新华社记者 方喆 摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117