China
တရုတ်နိုင်ငံ ဝူရီဆန်း အမျိုးသားဥယျာဉ် စောင့်ရှောက်သူက ကင်းလှည့်သစ်တောစောင့်ရှောက်ရင်း လက်ဖက်စိုက် လုပ်ငန်းလုပ်ဆောင်
ဖူကျိုး၊ မေ ၁၉ ရက် (ဆင်ဟွာ)
ဝူရီဆန်းတောင်သည် ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်နေရာဖြစ်ရာ ကမ္ဘာပေါ်တွင် တူညီသော လတ္တီတွဒ်တွင် အပြည့်စုံဆုံး၊ စံနမူနာအဖြစ်ဆုံးနှင့် ဧရိယာအကြီးဆုံးဖြစ်သည့် အလယ်ပိုင်းအပူပိုင်းဇုန်၏ မူလသစ်တောဂေဟစနစ်ကို ထိန်းသိမ်းထားကာ ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရန်အတွက် အရေးပါသော ဒေသလည်းဖြစ်သည်။
ဝူရီဆန်း အမျိုးသားဥယျာဉ် ကုန်းတွင်းပိုင်းရှိ ထုန်မုရွာ၌ နေထိုင်သော လော်ရှန်ဟွာတွင် လုပ်ငန်းတာဝန်နှစ်မျိုး ရှိနေသည်။ ယူနီဖောင်းဝတ်ဆင်ထားချိန်တွင် ၎င်းသည် ဝူရီဆန်း အမျိုးသားဥယျာဉ် ဖူကျန့် ထုန်မုကာကွယ်ရေးစခန်းမှ သစ်တောစောင့်ရှောက်ရေးဝန်ထမ်းဖြစ်သည်။ လစဉ် စီမံကာကွယ်သောဇုန်၏ သစ်တောတောင်တန်းများကြားတွင် အနည်းဆုံး ၁၅ ရက်ခန့် ဖြတ်သန်းသွားလာပြီး တောရိုင်း အပင်နှင့် တိရစ္ဆာန်များ စောင့်ကြည့်မှု၊ မီးဘေးအန္တရာယ်ရှာဖွေစစ်ဆေးမှု၊ တရားမဝင်တူးဖော်မှုနှင့် သစ်ခုတ်မှုများအား တားဆီးခြင်းတို့ လုပ်ဆောင်ရသည်။
ယူနီဖောင်းချွတ်လိုက်ချိန်တွင် ၎င်းသည် ကုန်းပြင်မြင့် လက်ဖက်ဥယျာဉ်မှ လက်ဖက်စိုက်တောင်သူဖြစ်သည်။ လက်ဖက်သည် ထုန်မုရွာ ရွာသူ၊ ရွာသားများဝင်ငွေအတွက် အဓိကအရင်းအမြစ်ဖြစ်ပြီး လက်ရှိတွင် လက်ဖက်ခူးဆွတ်မှုနှင့် လက်ဖက်ခြောက်ပြုလုပ်မှု ရာသီချိန်ဖြစ်ရာ လော်ရှန်ဟွာက လက်ဖက်ခြောက် ပြုလုပ်ခြင်းနှင့် တောင်တန်းများကြား ကင်းလှည့်ခြင်းတို့ကို စည်းချက်ညီညီ လုပ်ဆောင်လျက်ရှိသည်။
“တောင်တန်းကို ကောင်းကောင်း စောင့်ရှောက်နိုင်မှ လက်ဖက်ခြောက်ကောင်း ပြုလုပ်နိုင်မှာပါ။ ရွာသူ၊ ရွာသား ၁၂ ဦး သစ်တောစောင့်ရှောက်ရေးအဖွဲ့မှာပါဝင်လာပြီး ဒီစိမ်းလန်းစိုပြည်တဲ့ တောတောင်ရေမြေကို အတူတကွ စောင့်ရှောက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဝူရီဆန်း အမျိုးသားဥယျာဉ် ဖူကျန့် ထုန်မုကာကွယ်ရေးစခန်းမှ သစ်တောစောင့်ရှောက်ရေးဝန်ထမ်း လော်ရှန်ဟွာ (ဝဲဘက် ပထမ) က လုပ်ဖော်ကိုင်ဖက်နှင့်အတူ တောင်ပေါ် ကင်းလှည့်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဝူရီဆန်း အမျိုးသားဥယျာဉ် ဖူကျန့် ထုန်မုကာကွယ်ရေးစခန်းမှ သစ်တောစောင့်ရှောက်ရေးဝန်ထမ်း လော်ရှန်ဟွာက လက်ဖက်အလုပ်ရုံအတွင်း၌ လက်ဖက်ခြောက် ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
图片故事丨武夷山国家公园的守护者:巡山护林 种茶兴业
新华社照片,福州,2026年5月18日
武夷山是世界文化与自然双遗产地,保存着世界同纬度带最完整、最典型、面积最大的中亚热带原生性森林生态系统,也是全球生物多样性保护的关键地区。
家住武夷山国家公园腹地桐木村的罗贤华有着双重身份。穿上制服,他是武夷山国家公园福建桐木保护站的一名护林员,每月穿梭在管护片区的山林间至少15天,监测野生动植物、排查火险、制止盗采盗伐。
脱下制服,他是高山茶园的茶农。茶叶是桐木村村民收入的主要来源,眼下正值采茶制茶旺季,罗贤华在做茶与巡山中切换节奏。他说:“守好山才能出好茶,村里有12名村民加入护林员队伍,共同守护这片绿水青山。”
1、5月8日,武夷山国家公园福建桐木保护站护林员罗贤华在巡护途中观察藏酋猴。 新华社记者 姜克红 摄
2、5月8日,武夷山国家公园福建桐木保护站护林员罗贤华(左一)与同事巡山。新华社记者 魏培全 摄
3、5月7日,武夷山国家公园福建桐木保护站护林员罗贤华在制茶工坊内做茶。新华社记者 姜克红 摄
