Connect with us

China

“ရိဝူးထုတ် ကုန်ပစ္စည်းများ” က ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အသင့်ပြင်ဆင်

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ ရိဝူးနိုင်ငံတကာကုန်သွယ်ရေးဈေးတွင် ကုန်သည်တစ်ဦးက ခွင့်ပြုချက်ဖြင့် ထုတ်လုပ်ရောင်းချသည့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်အသင်း၏ ဆက်စပ်ထုတ်ကုန်များကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က ပြသနေစဉ် (ဆင်ဟွာ)

ရိဝူး (ကျဲ့ကျန်း)၊ မေ ၁၆ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် အမေရိကန်-ကနေဒါ-မက္ကဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲအချိန်နီးကပ်လာသည်နှင့်အမျှ “ကမ္ဘာ့စူပါမားကတ်” ဟု အမည်ရသည့် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့တွင် ကမ္ဘာ့ဖလား ဆက်စပ်ထုတ်ကုန်များမှာ လူကြိုက်များလျက်ရှိသည်။ ကုန်သည်အများစုသည် ယမန်နှစ်ကတည်းက အမေရိကန်-ကနေဒါ-မက္ကဆီကို ကမ္ဘာ့ဖလား သက်ဆိုင်ရာအမှာစာများ ထုတ်လုပ်မှုကို စတင်လုပ်ကိုင်လျက်ရှိပြီး ထုတ်ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝန်းဒေသအသီးသီးသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း မိတ်ဆက်ပြောကြားချက်အရ သိရသည်။

ရိဝူးမြို့ အကောက်ခွန်ဌာန စာရင်းကောက်ယူမှုအရ ၂၀၂၅ ခုနှစ်တွင် ရိဝူးမြို့ အားကစားသုံးပစ္စည်းနှင့် စက်ပစ္စည်းများ တင်ပို့မှုပမာဏသည် ယွမ် ၁၁.၆၅ ဘီလီယံအထိရှိပြီး ယခင်နှစ် ကာလတူထက် ၂၀.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ယခုနှစ် ပထမနှစ်လတည်းအတွက် ပို့ကုန်ပမာဏသည် ယွမ် ၂.၃၄ ဘီလီယံကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၃၈.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ၎င်းအနက် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံများသို့ အားကစားသုံးပစ္စည်းများ တင်ပို့မှုပမာဏသည် ယွမ် သန်းပေါင်း ၅၅၀ အထိရှိပြီး ယမန်နှစ်ကာလတူထက် ၂၁.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ ရိဝူးနိုင်ငံတကာကုန်သွယ်ရေးဈေးတွင် ကုန်သည်တစ်ဦးက ခွင့်ပြုချက်ဖြင့် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသော ပေါ်တူဂီနိုင်ငံ ဘောလုံးအသင်း ခေါက်ယပ်တောင်အား ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က ပြသနေစဉ် (ဆင်ဟွာ)

——————
(Chinese Version)
“义乌制造”备战世界杯
新华社照片,义乌(浙江),2026年5月15日
2026年美加墨世界杯临近,在有着“世界超市”之称的浙江义乌,世界杯周边商品备受欢迎。据介绍,大部分商家从去年就开始投入美加墨世界杯相关订单的生产,产品销往全球各地。
据义乌海关统计,2025年义乌市体育用品及设备出口额达116.5亿元,同比增长20.3%;仅今年前两个月,出口额已突破23.4亿元,同比增长38.5%。其中,对美国、加拿大、墨西哥体育用品出口额达5.5亿元,同比增长21.3%。
图说1:5月15日,义乌国际商贸城的一名商户展示获得授权生产销售的世界杯参赛球队周边产品。 新华社记者 黄宗治 摄
图说2:5月15日,义乌国际商贸城的商户展示获得授权设计生产的葡萄牙国家足球队折扇。新华社记者 黄宗治 摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117