Sport
တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့တွင် ၂၀၂၆ ခုနှစ် တာ့လီမခန်း ခရီးကြမ်းကားမောင်းပြိုင်ပွဲ စတင်ကျင်းပ
ဝူးလူမုချီ၊ မေ ၁၇ ရက် (ဆင်ဟွာ)
တာ့လီမခန်း ခရီးကြမ်း ကားမောင်းပြိုင်ပွဲကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူးလူမုချီမြို့တွင် မေ ၁၆ ရက်က စတင်ကျင်းပခဲ့ပြီး ယှဉ်ပြိုင်မှုများပြားသော ယခုပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၃၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်ကြခြင်းကြောင့် ပြိုင်ပွဲဝင်လမ်းကြောင်း တိုးချဲ့ခဲ့ရကြောင်း သိရသည်။အဆိုပါ ပြိုင်ပွဲကို တရုတ်နိုင်ငံ၏ အကြီးဆုံးဒေသဖြစ်သော ရှင်းကျန်းဒေသတစ်ခွင် ကျင်းပမည်ဖြစ်ကာ ဇွန် ၁ ရက်တွင် Aksu မြို့၌ ပြီးစီးမည်ဖြစ်သည်။ ကားမောင်းပြိုင်ပွဲ၏ စုစုပေါင်းအကွာအဝေးမှာ အထူးပြင်ဆင်ထားသောနေရာ ကီလိုမီတာ ၃,၄၀၀ အပါအဝင် ကီလိုမီတာ ၇,၅၀၀ ခန့်ရှိကာ ယင်းပြိုင်ပွဲသမိုင်း၌ အရှည်လျားဆုံး ပြိုင်ပွဲဝင်ခရီးလမ်း ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Aksu မြို့တွင် ၂၀၂၅ ခုနှစ် တာ့လီမခန်း ခရီးကြမ်းကားမောင်းပြိုင်ပွဲ အရည်အချင်းစစ်ဆေးပွဲ၌ တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင်ယာဉ်မောင်း Tao Yongming နှင့် ပူးတွဲယာဉ်မောင်း Shen Xin တို့ ပါဝင်ယှဉ်ပြိုင်နေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယခုနှစ်၏ ပြိုင်ပွဲနယ်ပယ်အနေဖြင့် ယှဉ်ပြိုင်သူ ၂၉၉ ဦး၊ ထရပ်ကား ၉ စီး အပါအဝင် မော်တော်ယာဉ် ၁၅၂ စီးဖြင့် တိုးချဲ့ထားကာ ပြိုင်ပွဲဝင်ယာဉ်များအားလုံးမှာ ပြိုင်ပွဲအတွက် အမြင့်ဆုံးစံချိန် ရရှိထားကြောင်း သိရသည်။ ပါဝင်ယှဉ်ပြိုင်သူများအနက် နိုင်ငံ ၈ နိုင်ငံမှ နိုင်ငံခြားသားယာဉ်မောင်း ၂၈ ဦး ပါဝင်ပြီး ရုရှားနိုင်ငံမှ Kamaz Master အဖွဲ့ကလည်း ယခုပြိုင်ပွဲသို့ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
“ပြိုင်ပွဲမှာ ရေတွေဖြတ်ကျော်ရတာတွေ၊ တောင်တန်းတွေနဲ့ ဂိုဘီသဲကန္တာရနဲ့ သဲသောင်ပြင်ဧရိယာတွေကို မောင်းနှင်ရပါတယ်။ တရုတ်နိုင်ငံမှာ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲ ဝင်ပြိုင်ရဖို့ ကျွန်မ သိပ်ကို စိတ်လှုပ်ရှားရပါတယ်” ဟု အီတလီနိုင်ငံမှ ပြိုင်ပွဲဝင်ယာဉ်မောင်း Rebecca Busi က ပြောသည်။
တာ့လီမခန်း ခရီးကြမ်းကားမောင်းပြိုင်ပွဲတွင် ပဉ္စမအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုအဖြစ် Giti Tire GF-Sport အဖွဲ့အတွက် ပါဝင်ယှဉ်ပြိုင်သူ တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင်ယာဉ်မောင်း Gao Feng ကလည်း နိုင်ငံတကာယှဉ်ပြိုင်မှုများရှိခြင်းအားဖြင့် ပြိုင်ပွဲအဆင့်အလုံးစုံကို မြှင့်တင်ရာ၌ အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။
“ပြည်တွင်းမှာ ထိပ်တန်း နိုင်ငံတကာယာဉ်မောင်းတွေနဲ့ ယှဉ်ပြိုင်ရတာဟာ ပြိုင်ပွဲဝင်ယာဉ်မောင်းတွေအတွက်ရော အဖွဲ့အတွက်ပါ တိုးတက်မှုဖြစ်စေတယ်။ နောက်ထပ်ပြိုင်ပွဲမှာလည်း ဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီပြိုင်ပွဲက ကျွန်တော်တို့အတွက် စမ်းသပ်မှုပါပဲ” ဟု Gao က ဆိုသည်။
၂၀၀၅ ခုနှစ်တွင် ပထမဆုံးကျင်းပခဲ့သော တာ့လီမခန်း ခရီးကြမ်းကားမောင်းပြိုင်ပွဲသည် တရုတ်နိုင်ငံတွင် ခရီးစဉ်အရှည်ဆုံး အထင်ကရ ခရီးကြမ်းကားမောင်းပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ကာ ၂၀၂၄ ခုနှစ်တွင်မူ နိုင်ငံတကာ မော်တော်ကားအဖွဲ့ချုပ် (FIA) ပြက္ခဒိန်တွင် တရားဝင်ပါဝင်လာခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
2026 Taklimakan Rally starts in Urumqi, Xinjiang
URUMQI, May 16 (Xinhua) — The Taklimakan Rally started Saturday in Urumqi, northwest China’s Xinjiang Uygur Autonomous Region, with an extended route that pushes nearly 300 competitors into the demanding edition.
The rally will cross Xinjiang, China’s largest region, before concluding in Aksu on June 1. Organizers said the total distance is about 7,500 kilometers, including 3,400 kilometers of special stages, the longest in the event’s history.
This year’s field has also expanded, with 299 competitors and 152 vehicles, including nine trucks, all record highs for the race. The lineup features 28 foreign drivers from eight countries. Russia’s Kamaz Master also made its debut in the event.
“There are water sections, mountains, and Gobi Desert and sandy areas. I’m very excited to explore China through such a big race,” said Italian driver Rebecca Busi.
Chinese driver Gao Feng, competing for the Giti Tire GF-Sport team in his fifth Taklimakan Rally, said the growing international presence helps raise the overall level of competition.
“Racing against so many top international drivers at home helps improve every aspect of both drivers and teams,” Gao said. “We are planning to take part in the next Dakar Rally, and this event is a test for us.”
First held in 2005, the Taklimakan Rally has grown into a flagship long-distance off-road event in China and was officially included in the International Automobile Federation (FIA) calendar in 2024.
Photo 1: Driver Zhao Wei and co-driver Yuan Bin of China compete during the qualifying race of the 2025 Taklimakan Rally in Aksu, northwest China’s Xinjiang Uygur Autonomous Region, May 20, 2025. (Xinhua/Hu Huhu)
Photo 2: Driver Tao Yongming and co-driver Shen Xin of China compete during the qualifying race of the 2025 Taklimakan Rally in Aksu, northwest China’s Xinjiang Uygur Autonomous Region, May 20, 2025. (Xinhua/Hu Huhu)
