Eastern Europe
ရုရှားနှင့် ယူကရိန်းက ၃ ရက်ကြာ အပစ်ရပ်မှုကို ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲ
မော်စကို/ကိဗ်၊ မေ ၁၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က ၃ ရက်ကြာ အပစ်ရပ်ကြောင်း ကြေညာချက်ကို ချိုးဖောက်သည်ဟု မေ ၁၀ ရက်၌ အပြန်အလှန်စွပ်စွဲခဲ့ကြသည်။
အဆိုပါအပစ်ရပ်ကြောင်း ကြေညာချက်ကို ယူကရိန်းတပ်ဖွဲ့များက လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၁၆,၀၇၁ ကြိမ် ချိုးဖောက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၀ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါအပစ်ရပ်ကြောင်း ကြေညာချက်အား ချိုးဖောက်မှုများကို ရုရှားတပ်ဖွဲ့များကလည်း အလားတူတုံ့ပြန်ခဲ့ပြီး ဒုံးကျည်ပစ်လွှတ်စနစ်၊ အမြောက်တပ်နှင့် မော်တာစခန်းများအပြင် ကွပ်ကဲရေးစခန်းများနှင့် ဒရုန်းပစ်လွှတ်ရာနေရာများကို လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဒေသများစွာတွင် အပစ်ရပ်ကြေညာချက် ချိုးဖောက်မှုပေါင်း ၈,၉၇၀ ကြိမ်ကိုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၉ ရက်၌ ထုတ်ပြန်ခဲ့သည်။
အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း ယူကရိန်းနိုင်ငံတစ်ဝန်းတွင် ရုရှားနိုင်ငံ၏ တိုက်ခိုက်မှုများကြောင့် လူ တစ်ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက မေ ၁၀ ရက်၌ ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များကလည်း မေ ၁၀ ရက်၌ ယူကရိန်းတပ်စခန်းများကို အကြိမ် ၆၀ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ရုံးကလည်း ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
မဟာမျိုးချစ်စစ်အောင်ပွဲနေ့အထိမ်းအမှတ်အတွင်း မေ ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်ကြာ အပစ်ရပ်ကြောင်း ရုရှားနှင့် ယူကရိန်းတို့က မေ ၈ ရက်၌ သဘောတူညီခဲ့ကြသည်။ (Xinhua)

ရုရှားနိုင်ငံ မြို့တော်မော်စကိုတွင် ၈၁ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားအတွင်း စစ်ချီတက်နေသည့် စစ်သည်များကို ၂၀၂၆ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော်မော်စကိုတွင် ၈၁ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားအတွင်း စစ်ချီတက်နေသည့် စစ်သည်များကို ၂၀၂၆ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Russia, Ukraine accuse each other of violating 3-day ceasefire
MOSCOW/KIEV, May 10 (Xinhua) — Russia and Ukraine on Sunday accused each other of violating a declared three-day ceasefire.
The Russian Defense Ministry said Sunday that Ukrainian forces committed 16,071 violations of the ceasefire regime in the past 24 hours.
Russian forces responded to the ceasefire violations in kind, launching retaliatory strikes against multiple launch rocket system, artillery, and mortar positions, as well as command posts and drone launch sites, the ministry said.
On Saturday, the ministry also reported 8,970 ceasefire violations in multiple regions.
Ukrainian authorities said Sunday that at least one person was killed and 15 others were injured in Russian attacks across Ukraine despite the ceasefire.
The General Staff of the Ukrainian Armed Forces said in a statement that Russian forces attacked Ukrainian positions 60 times on Sunday.
Russia and Ukraine on Friday agreed to a three-day ceasefire from Saturday to Monday during the Victory Day celebrations. ■
English Caption 1, 2, 3
Soldiers march during a parade marking the 81st anniversary of the victory in the Soviet Union’s Great Patriotic War in Moscow, Russia, May 9, 2026. (Xinhua/Hao Jianwei)
