Africa & Middle East
အစ္စရေးက Global Sumud Flotilla သင်္ဘောအုပ်စုအား ထပ်မံတိုက်ခိုက်မှုအပေါ် အင်ဒိုနီးရှား စသည့် ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ
ဂျကာတာ၊ မေ ၁၉ ရက် (ဆင်ဟွာ)
အစ္စရေးက Global Sumud Flotilla (GSF) သင်္ဘောအုပ်စုအား ထပ်မံတိုက်ခိုက်သည့် လုပ်ရပ်အပေါ် “အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချ” ကြောင်း အင်ဒိုနီးရှား စသည့် ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက မေ ၁၈ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် လူမှုမီဒီယာ၌ ထုတ်ပြန်သည့် ကြေညာချက်အရ တူကီယဲ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ လစ်ဗျား၊ မော်လ်ဒိုက်၊ ပါကစ္စတန်နှင့် စပိန် စသည့် နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက ထိုမတိုင်မီ နိုင်ငံတကာပင်လယ်ပြင်၌ အလားတူ သင်္ဘောအုပ်စုအား အစ္စရေး နှောင့်ယှက်သည့်လုပ်ရပ်အပေါ် များစွာစိုးရိမ်ပူပန်ကြောင်း၊ အရပ်ဘက်သုံးသင်္ဘောနှင့် လူသားချင်းစာနာထောက်ထားမှု လှုပ်ရှားသူ လူပုဂ္ဂိုလ်များအပေါ် ဆက်တိုက်ဦးတည်၍ ရန်လိုသည့်လုပ်ရပ်အား ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။
သင်္ဘောများအပေါ် တိုက်ခိုက်မှုနှင့် လှုပ်ရှားသူ လူပုဂ္ဂိုလ်များအား ထင်သလိုဖမ်းဆီးထိန်းသိမ်းခြင်း အပါအဝင် ထိုကဲ့သို့အမျိုးအစား တိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံကတာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ကြေညာချက်က ဆိုထားသည်။ ကြေညာချက်တွင် သင်္ဘောအုပ်စုပါ အရပ်သားပြည်သူ ပါဝင်သူများ၏ ဘေးကင်းလုံခြုံမှုအခြေအနေအပေါ် များစွာစိုးရိမ်ပူပန်ကြောင်းဆိုထားပြီး ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးအား ချက်ချင်းလွှတ်ပေးရန်၊ ၎င်းတို့၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာအား အပြည့်အဝလေးစားရန်လည်း တိုက်တွန်းထားသည်။
နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဥပဒေနှင့် ကိုယ်ကျင့်တရားတာဝန်ကို ထမ်းရွက်ကာ အရပ်သားပြည်သူနှင့် လူသားချင်းစာနာထောက်ထားမှု မစ်ရှင်အပေါ် ကာကွယ်မှုကို အာမခံပေးရန်၊ သက်ဆိုင်ရာ ဥပဒေချိုးဖောက်သည့် လုပ်ရပ်များကို တရားဥပဒေနှင့်အညီ အရေးယူရန်အတွက် အသေးစိတ်အစီအမံများ လုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။
အစ္စရေးစစ်တပ်သည် မေ ၁၈ ရက် နံနက်ပိုင်းတွင် ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်ရန် ကြိုးပမ်းလျက်ရှိသည့် Global Sumud Flotilla (GSF) သင်္ဘောအုပ်စု တစ်စုအား ထပ်မံတားဆီးခဲ့ကြောင်း အစ္စရေးမီဒီယာများက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။ ထိုမတိုင်မီ Global Sumud Flotilla (GSF) သင်္ဘောအုပ်စုတစ်စုသည် ဧပြီလ လကုန်ပိုင်းတွင် ဂရိနိုင်ငံ Crete ကျွန်းအနီး ပင်လယ်ပြင်၌ အစ္စရေးစစ်သင်္ဘော၏ တားဆီးခြင်းခံခဲ့ရပြီး သင်္ဘောပေါ်ပါ လှုပ်ရှားသူ ပုဂ္ဂိုလ်နှစ်ဦးသည် အစ္စရေးဘက်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
印尼等10国外长强烈谴责以色列再次袭击“全球坚韧船队”
新华社雅加达5月19日电(记者李嘉聪)印度尼西亚等10国外长18日发表联合声明,对以色列再次袭击“全球坚韧船队”的行为予以“最强烈谴责”。
根据印尼外交部当天在社交媒体发布的声明,土耳其、孟加拉国、巴西、哥伦比亚、印度尼西亚、约旦、利比亚、马尔代夫、巴基斯坦和西班牙等国外长严重关切以色列此前在国际水域对类似船队的干预行为,并谴责持续针对民用船只和人道主义活动人士的敌对行为。
声明说,此类袭击,包括对船只的攻击和对活动人士的任意拘留,公然违反了国际法和国际人道法。声明对船队平民参与者的安全状况表示严重担忧,呼吁立即释放所有被拘押人员,并充分尊重其权利和尊严。
各国外长呼吁国际社会承担法律和道义责任,确保平民和人道主义任务获得保护,并采取具体措施追究相关违法行为的责任。
据以色列多家媒体18日报道,以色列海军当天上午再次拦截一支试图驶往加沙地带的“全球坚韧船队”。此前一支“全球坚韧船队”4月底在希腊克里特岛附近海域遭以色列军舰拦截,船上两名活动人士被以方拘押。(完)
图说:2025年10月2日,在以色列南部阿什杜德港附近,“全球坚韧船队”船只被拖向港口。新华社发(贾马尔·阿瓦德摄)
