China
၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲ အများပြည်သူ လာရောက်လည်ပတ်ရန် ဖွင့်လှစ်
ဟားအယ်ပင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)
၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲသည် မေ ၁၇ ရက်တွင် အများပြည်သူ လာရောက်လည်ပတ်ရေးနေ့ ကျင်းပခဲ့သည်။ ၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲ၏ ခေါင်းစဉ်မှာ “ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု” ဖြစ်ပြီး တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟေးလုံကျန်းပြည်နယ် ပြည်သူ့အစိုးရ၊ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရုရှားနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့မှ အတူတကွကျင်းပခြင်းဖြစ်သည်။ ယခုအကြိမ်ပြပွဲ၏ စုစုပေါင်းဧရိယာမှာ စတုရန်းမီတာ ၅၅,၀၀၀ ကျယ်ဝန်းပြီး နိုင်ငံနှင့် ဒေသ ၄၆ ခုမှ တရုတ်နှင့် နိုင်ငံခြားကုမ္ပဏီလုပ်ငန်းပေါင်း ၁,၅၀၀ ကျော် ပါဝင်ပြသခဲ့သည်။ (Xinhua)

၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲ ကျင်းပရာနေရာတွင် နှီးနှောဖလှယ်နေကြသူများအား ၂၀၂၆ ခုနှစ် မေ ၁၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲ ကျင်းပရာနေရာတွင် လာရောက်ကြည့်ရှုသူများက စက်ရုပ်တစ်ရုပ်အကြောင်း လေ့လာနေကြသည်ကို ၂၀၂၆ ခုနှစ် မေ ၁၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
第十届中国—俄罗斯博览会迎公众开放日
新华社照片,哈尔滨,2026年5月17日
5月17日,第十届中国—俄罗斯博览会迎来公众开放日。第十届中俄博览会主题为“信任、合作、共赢”,由商务部、黑龙江省人民政府、俄罗斯经济发展部、俄罗斯工业和贸易部共同举办。本届博览会展览总面积5.5万平方米,46个国家和地区1500余家中外企业参展。
图说1:5月17日,参会者在第十届中国—俄罗斯博览会现场参观。 新华社记者 张涛 摄
图说2:5月17日,人们在第十届中国—俄罗斯博览会展览现场驻足交流。新华社记者 王松 摄
图说3:5月17日,参会者在第十届中国—俄罗斯博览会展览现场了解一款机器人。新华社记者 王建威 摄
