Connect with us

Europe

နိုင်ငံတကာ အရေးကြီးကိစ္စရပ်များနှင့် ရုရှား-တရုတ် ဆက်ဆံရေးအပေါ် ပူတင် ဆွေးနွေး

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာတီမာပူတင် (ယာ) က “နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်း” အခမ်းအနား တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၁၁ ရက် (ဆင်ဟွာ)
မဟာမျိုးချစ်စစ်အောင်ပွဲနေ့ စစ်ရေးပြပွဲ၊ ရုရှား-ယူကရိန်း ပဋိပက္ခ၊ အီရန်စစ်ရေးနှင့် ရုရှား-တရုတ် ဆက်ဆံရေး စသည်တို့နှင့်စပ်လျဉ်း၍ မီဒီယာ၏ မေးမြန်းမှုများကို ရုရှားသမ္မတ ပူတင်က မေ ၉ ရက် ညပိုင်း မော်စကိုမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။
ရုရှား-တရုတ် ဆက်ဆံရေးနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ပူတင်က ရုရှား-တရုတ် ညှိနှိုင်းဆောင်ရွက်မှုသည် နိုင်ငံတကာဆက်ဆံရေး တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် အရေးပါဆုံးသော အကြောင်းရင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် လက်နက်လျှော့ချရေးနှင့် နျူကလီးယားမပြန့်ပွားရေး ကဏ္ဍများ၏ နိုင်ငံတကာစာချုပ်များသည် မရှိသလောက်ဖြစ်နေချိန်တွင် ရုရှား-တရုတ် ညှိနှိုင်းဆောင်ရွက်မှုသည် နျူကလီးယားပြန့်ပွားမှုကို တားဆီးရန်နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အရေးပါသောအကြောင်းရင်း ဖြစ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှား၏ အရေးကြီးသော ကုန်သွယ်စီးပွားရေး မိတ်ဖက်ဖြစ်ပြီး ရုရှား-တရုတ် နှစ်ဖက် ကုန်သွယ်မှုပမာဏသည် ဆက်လက်တိုးတက်လျက်ရှိကြောင်း၊ အဆင့်မြင့်နည်းပညာစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုမှ အကျိုးကျေးဇူးရရှိခြင်းဖြင့် နှစ်ဖက် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွဲ့စည်းပုံသည် စဉ်ဆက်မပြတ် အမျိုးအစားကဏ္ဍစုံလင်လာလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့ ရင်ပြင်နီတွင် ကျင်းပခဲ့သည့် မဟာမျိုးချစ်စစ်အောင်ပွဲနေ့အထိမ်းအမှတ် စစ်ရေးပြပွဲတွင် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပြသမှု မရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ပူတင်က ဤသည်မှာ လုံခြုံရေးအရ ထည့်သွင်းစဉ်းစားထားခြင်းသာမဟုတ်ဘဲ ယူကရိန်းအပေါ် အထူးစစ်ရေးလှုပ်ရှားမှုများတွင် အာရုံစိုက်ရန်အတွက်လည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ စစ်အောင်ပွဲနေ့တွင် ရန်စမှုဖြစ်ရပ် ရှိသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံထားခြင်းမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ပူတင်က ယူကရိန်းဘက်၏ မည်သည့် စစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ်ကိုမျှ ရုရှားဘက် ရရှိထားခြင်းမရှိကြောင်း၊ ထို့အပြင် အမေရိကန်သမ္မတ ထရမ့်က သက်ဆိုင်ရာ အဆိုပြုချက်များ မပြုလုပ်မီ စစ်သုံ့ပန်းလဲလှယ်ရန် ရုရှားဘက်က ယူကရိန်းထံ အဆိုပြုခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားသည် ဖမ်းဆီးရမိသော ယူကရိန်းစစ်သည် ၅၀၀ ပါဝင်သော နာမည်စာရင်းတစ်စုံကို ယူကရိန်းထံ ပေးအပ်ခဲ့ဖူးသော်လည်း ယင်းနောက် ယူကရိန်းက “ကျွန်တော်တို့၏မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ဒီပြိုင်ပွဲဟာ နာကျင်ကြေကွဲဖွယ် ပေးဆပ်နိုင်ခြေရှိတယ် ဆိုတာ” ကို ဥရောပက နားလည်သော်လည်း ရုရှား-ယူကရိန်း ပဋိပက္ခ အဆင့်မြင့်တက်လာရန် တွန်းအားပေးလျက်ရှိသည်ဟု ပူတင်က ပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခသည် အဆုံးသတ်ဆီသို့ လျှောက်လှမ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရေးနှင့် စပ်လျဉ်း၍ပြောကြားရာတွင် ပူတင်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံရန် ၎င်းဘက်က စ၍ အဆိုပြုမည် မဟုတ်သလို ငြင်းဆိုမည်လည်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ဇယ်လန်းစကီးနှင့် ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် တွေ့ဆုံရန် ဆန္ဒရှိရုံသာမက အခြား တတိယနိုင်ငံများတွင်လည်း တွေ့ဆုံရန် ဆန္ဒရှိကြောင်း၊ သို့သော် တွေ့ဆုံဆွေးနွေးမှုသည် နှစ်ဖက်က သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ပြင်ဆင်သည့် အဆင့်ရောက်ချိန်မှသာ ဖြစ်နိုင်ခြေရှိမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
အီရန်စစ်ရေးနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ပူတင်က ရုရှား၊ အီရန်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများသည် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းထားသောကြောင့် အီရန်စစ်ရေးက ရုရှား “အနေအထားအား ရှုပ်ထွေးစေ” ကြောင်း၊ အကယ်၍ အခြေအနေ ဆိုးရွားလာပါက “အားလုံးကို ပျက်ဆီးဆုံးရှုံးစေမှာ” ဖြစ်ပြီး လက်ရှိ ပဋိပက္ခကို ဖြေရှင်းပေးမည့် သဘောတူညီချက်အနေဖြင့် ဒေသတွင်းနိုင်ငံအသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသင့်ကြောင်း ပြောကြားခဲ့သည်။
အီရန်ဘက်က နျူကလီးယားလက်နက်ထုတ်လုပ်ရန် အစီအစဉ်မရှိကို ရုရှားဘက်က ရှင်းရှင်းလင်းလင်း သိရှိကြောင်း၊ အီရန်က နျူကလီးယားလက်နက်များ စူးစမ်းလေ့လာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) ပြုလုပ်လျက်ရှိသည်ဟု အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က မည်သည့်အချိန်ကမျှ ဖော်ပြခဲ့ခြင်းမရှိကြောင်း၊ ထို့အပြင် အီရန်၏ သန့်စင်ပြီးယူရေနီယံများ လက်ခံရယူရန် ရုရှား၏ သက်ဆိုင်ရာအဆိုပြုချက်သည် “နိုင်ငံရေးအရ အမြတ်ထုတ်ရန်” မဟုတ်ဘဲ တင်းမာမှုအခြေအနေများကို လျှော့ချရန် မိမိတို့တတ်နိုင်သမျှ ကူညီပံ့ပိုးပေးလိုခြင်း ဖြစ်ကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
普京谈国际热点问题和俄中关系
新华社莫斯科5月9日电(记者黄河)俄罗斯总统普京9日晚在莫斯科举行新闻发布会,就卫国战争胜利日阅兵式、俄乌冲突、伊朗战事、俄中关系等回答媒体提问。
就俄中关系,普京表示俄中协作是维护国际关系稳定的最重要因素。他说,目前,当裁军和防止核扩散领域的国际条约几乎已荡然无存时,俄中协作成为防止核扩散和维持稳定的重要因素。中国是俄罗斯重要经贸伙伴,俄中双边贸易额持续增长。得益于高科技产业发展,双方经贸合作结构正持续多元化。
谈及当天在红场举行的纪念卫国战争胜利日阅兵式没有展示军事装备。普京说,这不仅是出于安全考虑,也是为了把注意力集中在对乌克兰的特别军事行动上。他还说,俄国防部没有报告胜利日当天发生挑衅事件。
对于俄乌冲突,普京表示,俄方尚未收到乌方任何换俘方案,而且,早在美国总统特朗普作出相关提议前,俄方就已向乌克兰方面提议交换战俘。俄方曾向乌方提供一份包含500人的被俘乌克兰士兵名单,但之后乌方就“从我们的视线中消失了”。
普京说,欧洲正推动俄乌冲突升级,虽然欧洲也明白“这场游戏可能会付出惨痛代价”。他表示,俄乌冲突正走向结束。
关于俄乌元首会晤,普京表示,他既不会主动提出、也不会拒绝与乌克兰总统泽连斯基会面。他不仅愿意在俄首都莫斯科,也愿意在第三国与泽连斯基会面。但他同时强调,会面只可能在双方准备签署协议的阶段实现。
就伊朗战事,普京说,由于俄罗斯与伊朗和海湾阿拉伯国家都保持着良好关系,伊朗战事让俄罗斯“处境复杂”。如果局势升级,“所有人都会受到损害”,解决当前冲突的协议应该符合地区各国利益。
普京还说,俄方清楚伊朗没有发展核武器的计划,国际原子能机构从未表示有证据表明伊朗正在研发核武器。另外,俄方有关接收伊朗浓缩铀的提议并非是为“攫取政治资本”,而是希望尽己所能为缓和局势作贡献。(完)
图说:12月19日,在俄罗斯首都莫斯科,俄罗斯总统普京出席“年度盘点”活动。新华社记者 郝建伟 摄