Connect with us

China

တရုတ်နိုင်ငံ ထိုက်ယွမ်မြို့မှ အကြားအာရုံချို့ယွင်းသူ ဇနီးမောင်နှံက ပန်းချီရေးဆွဲခြင်းဖြင့် မျှော်လင့်ချက် ရေးခြယ်ကာ ဆန်ခေါက်ဆွဲလိပ်ဖြင့် နွေးထွေးမှုများ လက်ဆင့်ကမ်းပေးနေ

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့ ရှောင်တျန့်ခရိုင်ရှိ ပန်းချီစာသင်ခန်းအတွင်း၌ အကြားအာရုံချို့ယွင်းသော ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပေးနေသည့် ဖုန်ရာ့ပင်းအား ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ထိုက်ယွမ်မြို့တွင် မွေးဖွားခဲ့သည့် ဖုန်ရာ့ပင်းသည် အကြားအာရုံချို့ယွင်း သူတစ်ဦးဖြစ်သည်။ ငယ်စဉ်ကတည်းက ပန်းချီရေးဆွဲမှုကို နှစ်သက်သည့် ၎င်းက အသက် ၁၈ နှစ်အရွယ်တွင် ချန်ချွမ်းတက္ကသိုလ် အထူးပညာရေးကျောင်း အနုပညာအထူးပြုဘာသာရပ်တွင် ကျောင်းဝင်ခွင့်ရခဲ့သည်။ ဘွဲ့ရပြီးနောက် ၎င်းသည် ပေကျင်း၊ ရှန်ဟိုင်း စသည့်ဒေသများတွင် ကာတွန်းဒီဇိုင်းလုပ်ငန်း လုပ်ကိုင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဖုန်ရာ့ပင်းက ထိုက်ယွမ်မြို့၌ ပန်းချီအလုပ်ရုံတစ်ရုံ ဖွင့်လှစ်ပြီး အကြားအာရုံချို့ယွင်းသော ကလေးငယ်များအတွက် ပန်းချီရေးဆွဲမှု သီးသန့်သင်ကြားပေးခဲ့သည်။ အသံမဲ့ကမ္ဘာအပေါ် ထပ်တူခံစားရမှုကြောင့် ဖုန်ရာ့ပင်းကလည်း ကလေးငယ်များ၏ ယုံကြည်မှု အမြဲရရှိလေ့ရှိသည်။ ၎င်းသည် ကလေးငယ်များ ပန်းချီရေးဆွဲရန် သင်ပေးသည်သာမက မိမိ၏ဘဝခံစားချက်များနှင့် လူမှုအသိုက်အဝန်း အတွေ့အကြုံများကိုလည်း မျှဝေပေးခဲ့ကာ ၎င်းတို့က လူမှုအသိုက်အဝန်းအတွင်း ပိုမိုကောင်းမွန်စွာ ပေါင်းစပ်ပါဝင်ရန် လမ်းညွှန်ပေးခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဖုန်ရာ့ပင်းသည် ကွမ်တုန်းပြည်နယ် ကျဲယန်မြို့မှ အကြားအာရုံချို့ယွင်းသူ ရင်ရင်းနှင့် သိကျွမ်း၍ နှစ်ဦးသား ချစ်ကျွမ်းဝင်ကာ မိသားစုဘဝကို စတင်ခဲ့ကြသည်။ ဆန်းရှီးပြည်နယ် နယ်ဝေးအထိ သျှောင်နောက်ဆံထုံးပါလာသော ဇနီးဖြစ်သူက ဇာတိမြေ ချောင်ဆန့်အရသာကို သတိရနေကြောင်း တွေ့မြင်ရသောအခါ ဖုန်ရာ့ပင်းက စုဆောင်းထားသည့်ငွေများဖြင့် ၎င်း၏ဇနီးအတွက် ထိုက်ယွမ်မြို့တွင် ဆန်ခေါက်ဆွဲလိပ်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ပေးခဲ့သည်။

၂၀၂၅ ခုနှစ်တွင် အွန်လိုင်းဗီဒီယိုတစ်ခုကြောင့် အဆိုပါဇနီးမောင်နှံ၏ အကြောင်းအရာကို အင်တာနက်အသုံးပြုသူများစွာက ဂရုပြုလာခဲ့ကြသည်။ အားလုံးက အွန်လိုင်းမှစားသောက်ဖွယ်ရာများ မှာယူခြင်း၊ လက်ဆောင်ပေးခြင်းတို့ဖြင့် ပံ့ပိုးပေးကြသည်။ ကြည်နူးပီတိဖြစ်ရသည့် ၎င်းတို့ဇနီးမောင်နှံကလည်း အခက်အခဲရှိသူများအတွက် စားသောက်ဖွယ် အခမဲ့ပံ့ပိုးပေးခြင်း၊ စည်ပင်သန့်ရှင်းရေးဝန်ထမ်းများ အခမဲ့လာရောက် သုံးဆောင်ရန် ဖိတ်ခေါ်ခြင်း စသည့်နည်းလမ်းများဖြင့် နွေးထွေးမှုကို ဆက်လက် လက်ဆင့်ကမ်းလျက်ရှိသည်။
ပန်းချီအလုပ်ရုံဖွင့်လှစ်ခြင်း၊ ဆန်ခေါက်ဆွဲလိပ်ဆိုင် ဖွင့်လှစ်လည်ပတ်ခြင်း၊ ပိုစတာဒီဇိုင်းရေးဆွဲခြင်း၊ မိုက်ခရိုရုပ်ရှင် ရိုက်ကူးခြင်း … အသံမဲ့သောကမ္ဘာတွင် ဖုန်ရာ့ပင်းက ပိုမိုများပြားသော ဖြစ်နိုင်ခြေများကို စူးစမ်းရှာဖွေနေဆဲဖြစ်သည်။ ဘဝအပေါ်ချစ်မြတ်နိုးမှုများ ရှိနေသေးသရွေ့ အသံမဲ့ကမ္ဘာဟာလည်း ထူးခြားတဲ့ အလှတရားများရှိနေလိမ့်မည်ဟု ၎င်းက အစဉ်အမြဲ ခိုင်မြဲစွာယုံကြည်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့ ရှောင်တျန့်ခရိုင်ရှိ ဆန်ခေါက်ဆွဲလိပ်ဆိုင်တွင် ရင်ရင်းက စားသုံးသူအတွက် ဟင်းပွဲချပေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
画笔绘希望 肠粉递暖意:听障夫妻把爱循环在太原街头
新华社照片,太原,2026年5月17日
出生于山西太原的冯亚斌是一名听障人士。自幼喜欢画画的他,18岁时考上长春大学特殊教育学院美术系,毕业后曾在北京、上海等地从事动漫设计工作。
2015年,冯亚斌在太原开办了一间画室,专门教听障儿童学画。对无声世界的感同身受,让冯亚斌总能赢得孩子们的信任。他不仅教孩子们画画,还分享自己的人生感悟和社会经验,引导他们更好地融入社会。
2016年,冯亚斌结识了来自广东揭阳的听障人士鄞瑛,二人坠入爱河,组成家庭。看到远嫁山西的妻子思念着家乡的潮汕味道,冯亚斌便拿出积蓄,为她在太原开了一家肠粉店。2025年,因为一则网络视频,这对夫妻的故事受到不少网友关注,大家纷纷通过点外卖、送礼物的方式表达支持。感动之余,这对夫妻也通过为困难人士提供免费餐食、邀请环卫工人免费用餐等方式,将温暖继续传递。
开画室、经营肠粉店、设计海报、拍微电影……在无声世界里,冯亚斌还在探索更多可能。他始终坚信,只要对生活充满热爱,无声世界也有别样精彩。
图说1:冯亚斌在位于山西省太原市小店区的画室内为听障学生讲课(5月16日摄)。 新华社记者 杨晨光 摄
图说2:在位于山西省太原市小店区的肠粉店,鄞瑛提醒顾客用餐(5月12日摄)。新华社记者 杨晨光 摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117