Connect with us

China

ဆန်းတုန်းပြည်နယ် ထိုက်အန်းမြို့တွင် မသန်စွမ်းသူများအတွက် တစ်သက်တာ ဝန်ဆောင်မှုစနစ်ကို တည်ဆောက်

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ထိုက်အန်းမြို့ရှိ မသန်စွမ်းသူများ ပြန်လည်သန်စွမ်းရေးစင်တာတွင် အထည်စဖြင့် အရုပ်ကလေးများပြုလုပ်သော လက်မှုပညာသင်ယူနေသည့် မသန်စွမ်းသူ (ယာဘက်) အား ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်အန်း (ဆန်းတုန်း)၊ မေ ၁၆ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ထိုက်အန်းမြို့ မသန်စွမ်းသူများ ပြန်လည်သန်စွမ်းရေးစင်တာသည် လူမှုအကျိုးပြုလုပ်ငန်းအနေဖြင့် ဆောင်ရွက်ကာ အသက်အရွယ်မတူသော မသန်စွမ်းသူများ၏ လိုအပ်ချက်ကိုဦးတည်၍ မသန်စွမ်းသူများအတွက် တစ်သက်တာ ဝန်ဆောင်မှုစနစ်ကို တည်ဆောက်လျက်ရှိသည်။
စင်တာတွင် မသန်စွမ်းသူများအတွက် အသက် ၀ နှစ် – ၆ နှစ် တိကျသောပြန်လည်သန်စွမ်းရေး၊ ၆ နှစ်-၁၆ နှစ် ပြန်လည်သန်စွမ်းရေးနှင့်ပညာရေးပေါင်းစည်းမှု၊ ၁၆ နှစ် – ၅၉ နှစ် အလုပ်အကိုင်စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် စောင့်ရှောက်ရေးဝန်ဆောင်မှုများ ပေးအပ်ကာ မသန်စွမ်းသူများ၏ “အရေးတကြီး၊ ခက်ခဲသော၊ စိုးရိမ်မျှော်လင့်သော” ပြဿနာများကို ဖြေရှင်းပေးပြီး ဝန်ဆောင်မှုစနစ်အဆင့်မြှင့်တင်မှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ထိုက်အန်းမြို့ရှိ မသန်စွမ်းသူများ ပြန်လည်သန်စွမ်းရေးစင်တာတွင် စားသုံးသူ ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေသော မသန်စွမ်းသူများအား ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(Chinese Version)
山东泰安构建残疾人全生命周期服务体系
新华社照片,泰安(山东),2026年5月15日
近年来,山东省泰安市残疾人康复中心立足公益属性,针对不同年龄段残疾人需求,构建残疾人全生命周期服务体系。中心为残疾人提供0-6岁精准康复、6-16岁康教融合、16-59岁就业赋能及托养服务,解决残疾人“急难愁盼”问题,推动服务体系升级。
图说1:5月15日,残疾人士(右)在山东省泰安市残疾人康复中心接受布艺制作培训。新华社记者 朱峥 摄
图说2:5月15日,残疾人士在山东省泰安市残疾人康复中心从事客服工作。新华社记者 朱峥 摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117