Agriculture
“ကောက်စိုက်ခရီးသည်” များက အထူးရထား စီးနင်းကာ မြေဆီလွှာကောင်းမွန်သော ဒေသသို့ သွားရောက်၍ စိုက်ပျိုးရေးလုပ်ငန်းများ ကြိုးပမ်းလုပ်ကိုင်
ဟားအယ်ပင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
ရထားအမှတ် K5153 “ကောက်စိုက်အထူးရထား” သည် တရုတ်နိုင်ငံ ဟားအယ်ပင်း အရှေ့ဘူတာမှစ၍ ဖူယွမ်ဘူတာသို့ ထွက်ခွာခဲ့ပြီး “ကောက်စိုက်ခရီးသည်” များသည် ဤအထူးရထားဖြင့် ဆန်းကျန်းလွင်ပြင်သို့ သွားရောက်ကာ နွေဦးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။
တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်ရှိ ဆန်းကျန်းလွင်ပြင်ဒေသသည် တရုတ်နိုင်ငံ၏ အရေးပါသော စားနပ်ရိက္ခာအဓိကထွက်ရှိရာ ဒေသတစ်ခုဖြစ်ရာ နှစ်စဉ် စပါးစိုက်ရာသီရောက်ချိန်တိုင်းတွင် မီးရထားဌာနသည် အထူးရထားများ မောင်းနှင်ပြေးဆွဲကာ ဆန်းကျန်းလွင်ပြင်သို့ သွားရောက်၍ ပျိုးပင်ပေါက်ခြင်း၊ ကောက်စိုက်ခြင်းလုပ်ဆောင်မည့် ဟားအယ်ပင်း၊ ဆွေဟွာ့နှင့် အနီးဝန်ကျင်းဒေသမှ အလုပ်သမားများအား ကူညီပေးခဲ့သည်။ ယခုနှစ်တွင် အလုပ်သမားဦးရေ ခရီးစဉ် သောင်းနှင့်ချီ၍ ပို့ဆောင်ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။
၂၀၀၀ ပြည့်နှစ်မှစ၍ China Railway Harbin Group Co., Ltd. သည် နှစ်စဉ် ခရီးသည်သယ်ယူပို့ဆောင်ရေး လိုအပ်ချက်အပေါ် အခြေခံ၍ “ကောက်စိုက်အထူးရထား” ကို စီစဉ်ပြေးဆွဲခဲ့ပြီး လွန်ခဲ့သော ၂၇ နှစ်အတွင်း “ကောက်စိုက်ခရီးသည်” ခရီးစဉ် အကြိမ်ရေ ၁.၉ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့သည်။ (Xinhua)

လူပုံစံတူ စက်ရုပ်က ရထားအမှတ် K5153 “ကောက်စိုက်အထူးရထား” ပေါ်တွင် ခရီးသွားဧည့်သည်များအတွက် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အသိပညာ ရှင်းလင်းပြောကြားသည့် ဝန်ဆောင်မှုပေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
黑龙江:“插秧客”搭乘专列奔赴沃土逐农忙
新华社照片,哈尔滨,2026年5月13日
5月13日,K5153次 “插秧专列” 从哈尔滨东站始发至抚远站, “插秧客” 们乘坐该专列奔赴三江平原进行春耕生产。
黑龙江省三江平原地区是中国重要的粮食主产区,每年水稻插秧季,铁路部门都会开行专列,帮助哈尔滨、绥化及周边地区务工人员赶赴三江平原进行育苗、插秧等工作,今年预计运送务工人员数万人次。
从2000年开始,中国铁路哈尔滨局集团有限公司每年根据客流运输需求组织开行“插秧专列”,27年来已累计运送“插秧客”超190万人次。
图说1:5月13日,乘客在哈尔滨东站搭乘K5153次“插秧专列”准备出行。 新华社记者 王松 摄
图说2:5月13日,具身机器人在K5153次“插秧专列”上为乘客提供农业知识讲解服务。新华社记者 王松 摄
