Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၄ လအတွင်း ဘတ်စ်ကားမတော်တဆမှုများကြောင့် လူ ၁၄ ဦး သေဆုံး

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီး၊ အမှတ် (၃) မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ Yangon Bus Service (YBS) ယာဉ်များ ပါဝင်သည့် ယာဉ်မတော်တဆမှုများကြောင့် လူ ၁၄ ဦး သေဆုံးခဲ့သည်ဟု မေ ၁၆ ရက်ထုတ် နိုင်ငံပိုင် Global New Light of Myanmar သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ယာဉ်မတော်တဆမှုများ လျှော့ချရေးနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် YBS ယာဉ်မောင်းများကို စိစစ်ကြပ်မတ်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါသတင်း၌ ဖော်ပြထားသည်။
ယင်းကော်မတီသည် အသိပညာပေး ဟောပြောပွဲများကို တစ်လလျှင်နှစ်ကြိမ် ပြုလုပ်ပေးလျက်ရှိကာ မြေပြင်၌ ကွင်းဆင်းစစ်ဆေးမှုများနှင့် စည်းကမ်းထိန်းသိမ်း ကြပ်မတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟုလည်း သတင်း၌ ဖော်ပြထားသည်။
လက်ရှိတွင် YRTC ၏ စီမံကြီးကြပ်မှုဖြင့် YBS ဘတ်စ်ကားအစီးရေ ၃,၇၀၀ ခန့်နှင့် ယာဉ်မောင်း ၇,၅၀၀ ခန့်က နေ့စဉ် ခရီးသည် ၁.၇ သန်းဝန်းကျင်အား သယ်ယူပို့ဆောင်ကာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………………………………….
(English Version)
14 killed in bus accidents in Myanmar’s Yangon in 4 months
YANGON, May 16 (Xinhua) — Fourteen people were killed in accidents involving the Yangon Bus Service (YBS) in Yangon, Myanmar, from January to April, the state-run Global New Light of Myanmar reported on Saturday.
To reduce accidents and ensure passenger safety, the Yangon Region Public Transport Committee (YRTC) has stepped up supervision of YBS drivers violating traffic rules, the report said.
The committee now holds educational seminars twice a month and carries out on-site inspections and enforcement, it said.
Currently, about 3,700 YBS buses and 7,500 drivers operate under the supervision of the YRTC, providing transport services to around 1.7 million passengers daily, it added.

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117