Environment, Disasters & Accidents
မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် ယာဉ်တိုက်မှုကြောင့် လူ ၃ ဦး သေဆုံး
ရန်ကုန်၊ မေလ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ မွန်ပြည်နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ (မေ ၁၁ ရက်) ပြောကြားသည်။
အဆိုပါ ယာဉ်မတော်တဆမှုသည် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သထုံ-ဘားအံ ကားလမ်းတွင် မေ ၁၀ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တစ်စီးနှင့် မော်တော်ကားတစ်စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့နယ် ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၁၉ နှစ်မှ ၂၀ နှစ်ဝန်းကျင်ရှိ အမျိုးသမီး ၃ ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများကို ဒေသခံလူမှုကူညီရေးအသင်းများက သထုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
