Connect with us

China

တရုတ်နိုင်ငံ၏ စီးပွားရေးက ခိုင်မာသော အားအင်တက်ကြွမှု၊ ကြံ့ကြံ့ခံနိုင်မှုတို့ဖြင့် တည်တည်ငြိမ်ငြိမ် ပြန်လည်ဦးမော့လာသည့် အရှိန်အဟုန်ကို ထိန်းသိမ်းထား

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းဆိပ်ကမ်းရှိ လုန်ထန် ကုန်သေတ္တာတင်ချဆိပ်ခံတံတားကို ၂၀၂၆ ခုနှစ် မေ ၁၇ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ် ပထမလေးလတာကာလအတွင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ဦးမော့လာပြီဖြစ်ကာ မက်ခရိုစီးပွားရေး မူဝါဒများ ဆက်လက်အသက်ဝင်နေသည်နှင့်အမျှ အဓိက စီးပွားရေးညွှန်းကိန်းများသည် အတက်ဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားသစ်များသည်လည်း ပိုမိုအရှိန်အဟုန်ကောင်းမွန်လာခဲ့သည်။
ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း ကုန်ထုတ်လုပ်မှုနှင့် ရောင်းလိုအားတို့တွင် တိုးတက်မှု အရှိန်အဟုန်မြန်ဆန်လာသည့် တစ်ချိန်တည်းတွင် ဈေးကွက်ဝယ်လိုအားသည်လည်း ဆက်လက်တိုးပွားလာခဲ့သည်။ ထို့အတူ အလုပ်အကိုင်ရရှိမှုနှင့် စားသုံးကုန်ဈေးနှုန်းများမှာလည်း ယေဘုယျအားဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်သည်ဟု အမျိုးသားစာရင်းအင်းဗျူရို (NBS) က မေ ၁၈ ရက်၌ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

နိုင်ငံတကာအခင်းအကျင်း ရှုပ်ထွေးနေသည့်ကြားတွင် တရုတ်နိုင်ငံသည် စီးပွားရေး စဉ်ဆက်မပြတ် မြှင့်တင်ခြင်းနှင့် ပိုမိုကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်းကို အထောက်အကူပြုနိုင်ရန် ပိုမိုထိရောက်သော ဘဏ္ဍာရေးမူဝါဒနှင့် သင့်တင့်လျောက်ပတ်စွာ လိုက်လျောညီထွေ ချိန်ညှိထားသော ငွေကြေးမူဝါဒတို့ကို ချမှတ်ကျင့်သုံးလျက် ခိုင်မာအားကောင်းသော ကြံ့ကြံ့ခံနိုင်စွမ်းနှင့် အားအင်တက်ကြွမှုကို လက်တွေ့ပြသခဲ့သည်ဟု NBS ပြောရေးဆိုခွင့်ရှိသူ ဖုလျင်ဟွေးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ‌တန်ဖိုးမြှင့် စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်မှုပမာဏသည် ၂၀၂၆ ခုနှစ် ပထမလေးလတာ ကာလအတွင်း ယမန်နှစ် အလားတူကာလထက် ၅.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု NBS ၏ အချက်အလက်များတွင် ဖော်ပြထားသည်။ ဧပြီလ တစ်လတည်းတွင် စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်မှုပမာဏသည် ယမန်နှစ် အလားတူကာလထက် ၄.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ မတ်လနှင့်နှိုင်းယှဉ်ပါက ၀.၀၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ကမ္ဘာ့စွမ်းအင် ဈေးကွက်များတွင် မတည်ငြိမ်မှုများ အရှိန်မြှင့်တက်နေသည့် ရိုက်ခတ်မှုများရှိနေသည့်တိုင် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်မှုသည် ယေဘုယျအားဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်ကာ အသွင်ပြောင်းလဲမှုနှင့် အဆင့်မြှင့်တင်မှုများ ဆက်လက်ဖော်ဆောင်ခဲ့ပြီး ခိုင်မာအားကောင်းသော ကြံ့ကြံ့ခံနိုင်စွမ်းကို ထင်ထင်ရှားရှား ပြသခဲ့သည်ဟု ဖုက ပြောသည်။

ထိုသို့ စက်မှုကဏ္ဍ တည်တည်ငြိမ်ငြိမ်ရှိနေသည့် စွမ်းဆောင်မှုမှာ တရုတ်နိုင်ငံ၏ ကောင်းမွန်ပြည့်စုံသော စက်မှုလုပ်ငန်းစနစ်၊ ခိုင်ခိုင်မာမာ အားဖြည့်ပံ့ပိုးနိုင်စွမ်းနှင့် ပြည်တွင်း၌ အစိမ်းရောင်စွမ်းအင် အသွင်ကူးပြောင်းမှုအပေါ် မူဝါဒပိုင်းအရ အထောက်အကူပေးမှုတို့ကြောင့် ဖြစ်သည်ဟု ဖုက ရှင်းလင်းပြောဆိုခဲ့သည်။
စားသုံးသူ ဝယ်ယူသုံးစွဲမှုမှာ ဆက်လက်ဦးမော့လာခဲ့ပြီး စားသုံးသူ ဝယ်ယူသုံးစွဲမှုနှင့် သက်ဆိုင်သည့် အဓိက ညွှန်းကိန်းဖြစ်သော လူသုံးကုန်ပစ္စည်း လက်လီရောင်းအားသည် ပထမလေးလတာအတွင်း ယမန်နှစ်ကာလတူထက် ၁.၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု NBS ၏ အချက်အလက်များတွင် ဖော်ပြထားသည်။
ထိုသို့ အခြေအနေများ ပြန်လည်ဦးမော့လာခြင်းက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်း အချက်အလက်များနှင့်လည်း ကိုက်ညီလျက်ရှိကာ အဆိုပါ အချက်အလက်များအရ ငွေကြေးဖောင်းပွမှုကို အဓိကတိုင်းတာသော စံပေတံဖြစ်သည့် ဝယ်ယူစားသုံးသူ ဈေးနှုန်းညွှန်းကိန်းသည် ဧပြီလတွင် ယမန်နှစ် ကာလတူထက် ၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ မတ်လကထက် ၀.၂ ရာခိုင်နှုန်းပွိုင့် မြင့်တက်ခဲ့သည်။

စားသုံးသူဈေးကွက် ဦးမော့လာသည့် အလားအလာနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုရာတွင် ဖုက တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်အရွယ်အစား အလွန်ကြီးမားခြင်းနှင့် အမျိုးမျိုးသော ဝယ်ယူစားသုံးမှု အလားအလာများအရ ဝယ်ယူစားသုံးမှုကို တစ်ဆင့်တိုးမြှင့်တင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ဝယ်ယူစားသုံးမှုကို မြှင့်တင်အားပေးသည့် အစီအမံအများအပြား ဆက်လက်အသက်ဝင်နေသည်နှင့်အမျှ တရုတ်နိုင်ငံ၏ စားသုံးသူ ဝယ်ယူသုံးစွဲမှုမှာ တည်တည်ငြိမ်ငြိမ် တိုးတက်နေမည်ဟု မျှော်မှန်းထားကြောင်း ဖုက ဖြည့်စွက်ပြောကြားသည်။
ပြည်တွင်းဝယ်လိုအား ရှုထောင့်အရဆိုလျှင်လည်း တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှုမှာ ယခုနှစ် ပထမလေးလတာအတွင်း ယမန်နှစ်ကာလတူထက် ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည့်တိုင် အသေးစိတ် ခွဲခြမ်းစိတ်ဖြာမည်ဆိုပါက အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်ကာလတူထက် ၄.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည့်အပြင် ကုန်ထုတ်လုပ်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာလည်း ယမန်နှစ် ကာလတူထက် ၁.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။https://english.news.cn/20260518/ba6dc9a4ebfe417fbf5f0b1dd450623c/c.html

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ကျွန်းဟွမြို့ရှိ ဖိုက်ဘာထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု၏ အလုပ်ရုံ၌ ဝန်ထမ်းတစ်ဦး အလုပ်လုပ်နေပုံကို ၂၀၂၆ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့ ကျိန့်တိန့်ခရိုင်ရှိ အထည်အလိပ်လုပ်ငန်းတစ်ခု၏ အလုပ်ရုံ၌ ဝန်ထမ်းတစ်ဦး အလုပ်လုပ်နေပုံကို ၂၀၂၆ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………………………..
(English Version)
China’s economy maintains steady recovery momentum with strong vitality, resilience
BEIJING, May 18 (Xinhua) — China’s economy posted a steady recovery in the first four months of 2026, with key indicators rebounding and new growth drivers gaining momentum as macroeconomic policies continued to take effect.
During the January-April period, growth in production and supply accelerated, while market demand continued to expand. Employment and consumer prices also remained generally stable, according to data released Monday by the National Bureau of Statistics (NBS).
Amid a complex international landscape, China has adopted a more proactive fiscal policy and an appropriately accommodative monetary policy to support the economy’s continued upgrading and optimization, demonstrating strong resilience and vitality, NBS spokesperson Fu Linghui said at a press conference.
According to NBS data, the country’s value-added industrial output increased by 5.6 percent year on year in the first four months of 2026. In April alone, industrial output grew 4.1 percent year on year, and rose 0.05 percent compared to the previous month.
Despite the impact of geopolitical tensions in the Middle East and heightened volatility in global energy markets, China’s industrial output has remained generally stable, continued its transformation and upgrading, and demonstrated strong resilience, Fu said.
Fu attributed the industrial sector’s steady performance to China’s comprehensive industrial system and strong supporting capabilities, as well as to policy support for the domestic green energy transition.
Consumption continued to recover, as retail sales of consumer goods — a key indicator of consumer spending — grew 1.9 percent year on year in the first four months, NBS data showed.
The upturn was in line with data released earlier this month, which showed that China’s consumer price index, a main gauge of inflation, rose 1.2 percent year on year in April, up 0.2 percentage points from the previous month.
Commenting on the upward trend in the consumer market, Fu said that China is well-positioned to further expand consumption, citing its super-large market and diverse consumption scenarios. With multiple pro-consumption measures continuing to take effect, the country is expected to sustain steady growth in consumer spending, Fu added.
Also on the domestic demand front, the country’s fixed-asset investment dropped 1.6 percent year on year in the first four months, but a breakdown showed that infrastructure investment grew 4.3 percent year on year, while manufacturing investment increased 1.2 percent over the same period last year.
https://english.news.cn/20260518/ba6dc9a4ebfe417fbf5f0b1dd450623c/c.html
English Caption 1
An aerial drone photo taken on May 17, 2026 shows a view of the Longtan Container Terminal at Nanjing Port, east China’s Jiangsu Province. (Photo by Yang Suping/Xinhua)
English Caption 2
A worker works at the workshop of a fiber enterprise in Zunhua City, north China’s Hebei Province, May 18, 2026. (Photo by Liu Mancang/Xinhua)
English Caption 3
A worker works at the workshop of a textile manufacturing enterprise in Zhengding County of Shijiazhuang, north China’s Hebei Province, May 18, 2026. (Photo by Liang Zidong/Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117