Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံတွင် ရွှေမှောင်ခိုကူးသည့်အဖွဲ့ ဖမ်းမိ

ရွှေတုံးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကာရာကာ့စ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဒိုမီနီကန်သမ္မတနိုင်ငံသို့ ပို့ဆောင်ရန် ရွှေများအား ခိုးဝှက်ယူဆောင်ခဲ့သည့် ရွှေမှောင်ခိုအဖွဲ့တစ်ဖွဲ့အား ဗင်နီဇွဲလား အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အစိုးရရှေ့နေချုပ် တာရက် ဝီလီယံ ဆတ် (Tarek William Saab) က သြဂုတ်လ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

“ရွှေမှောင်ခိုကူးမှုတွေက နိုင်ငံရဲ့ စီးပွားရေးကို အလွန်ဆိုးဝါးစွာ ပျက်စီးစေပါတယ်။ ဒါက ငွေကြေးအရန်ငွေအဖြစ် အသုံးပြုတဲ့ မဟာဗျူဟာမြောက် တွင်းထွက်ပစ္စည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာ လုပ်ငန်းတွေမှာလည်း အသုံးပြုလျက်ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။“ရွှေမှောင်ခိုကူးသူတွေက ဗင်နီဇွဲလားနိုင်ငံ စီးပွားရေးရဲ့ ရန်သူတွေ ဖြစ်လာပါတယ်” ဟု ဆတ်က ဖြည့်စွက်ပြောခဲ့သည်။ပြစ်မှုကျူးသော အဖွဲ့အစည်းအား ဦးဆောင်သူ ရောဘတ်တို အက်စ်ပက်ဂျို ကမ်မာချို (Roberto Espejo Camacho) အား ဖမ်းဝရမ်းထုတ်ပြန်ထားကြောင်း သိရသည်။စုံစမ်းစစ်ဆေးမှုအရ ဖမ်းဝရမ်းထုတ်ထားသူ ၇ ဦးနှင့် ဖမ်းဆီးမိသည့် ကိုယ်ပိုင်လေယာဉ် ၄ စင်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.