Videos
ဖေဖော်ဝါရီလ (၈)ရက်နေ့တွင်ကျရောက်မည့် တရုတ်နွေဦးပွဲတော်အထိမ်းအမှတ် ရိုးရာမီးပုံးပွဲတော် ကျင်းပခဲ့
အဂွါစကာလီရန်တစ်၊ ဇန်နဝါရီ (၆) ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီလ(၈) ရက်နေ့ တွင် ကျရောက်မည့် တရုတ်ရိုးရာ ပြက္ခဒိန် အရ နှစ်သစ်ကူးပွဲတော် (သို့မဟုတ်) နွေဦးပွဲတော် အထိမ်းအမှတ်အဖြစ် မက္ကဆီကိုနိုင်ငံအလယ်ပိုင်း အဂွါစကာလီရန်တစ် ပြည်နယ် တွင် ဇန်နဝါရီလဆန်းတွင် ပန်းများ၊ တိရစ္ဆာန်များ ၏ ပုံသဏ္ဍာန် မီးပုံးများအား ပြုလုပ်ကာ ပြသခဲ့ကြသည်။
စုစုပေါင်း မီးပုံးအရေအတွက် ၁၇ဝ ခန့် ဖြင့် အဆိုပါ မီးပုံးပွဲတော်ကျင်းပခဲ့ပြီး မက္ကဆီကန် ပြည်သူများ အနေဖြင့် တရုတ်ရိုးရာ ဓလေ့ထုံးစံများအား ပိုမိုနားလည်ပြီး နှစ်နိုင်ငံပြည်သူများချစ်ကြည်ရင်းနှီး မှု ပိုမိုတိုးမြင့်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
အဂွါစကာလီရန်တစ်ပြည်နယ်သည် မက္ကဆီကို နိုင်ငံတွင် မော်တော်ကားထုတ်လုပ်ငန်းဖြင့် အဖွံ့ဖြိုးဆုံး ဒေသများထဲမှ တစ်ခုဖြစ်သည့် အပြင် တရိုတ်လူမျိုး များ အများစု နေထိုင်ကာ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သည့် မြို့လည်းဖြစ်သည်။ (Xinhua)