Connect with us

Videos

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး အတွက် အစိုးရဘက်မှ ကော်မတီများဖွဲ့စည်း

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် ကိစ္စများအား ညှိနှိုင်းဆောင်ရွက်မည်ဆိုပါက အချို့ကိစ္စရပ်များတွင် နောက်ကျ သွားနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး ဗဟိုကော်မတီကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ဝန်ကြီး (၉) ဦး၊ ဒုတိယဝန်ကြီး(၂) ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း ၎င်းကဆိုသည်။

၂၀၁၆ ဇန်နဝါရီ (၁) ရက်က ပထမအကြိမ် ဗဟိုကော်မတီအစည်း အဝေးကျင်း ပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် လုပ်ငန်းကော်မတီ ၉ ခု ဖွဲ့စည်း တာဝန်ပေး အပ် ခဲ့ပါကြောင်းနှင့် ကော်မတီတစ်ခုချင်းစီ အလိုက်သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများ နှင့် ဒုတိယဝန်ကြီးများက ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း အစိုးရအဖွဲ့မှ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားသည့် ကိစ္စရပ်များအပေါ် ရှင်းလင်း တင်ပြမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ ၂၂ ရက် အထိ အနည်းဆုံး ၁၀ ရက်ကြာ ကျင်းပလိုသော်လည်း မေတ္တာရပ်ခံ မှုများကြောင့် ယခု ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ ၅ ရက်ကြာ ကာလကိုတော့ မဖြစ်မနေ လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.