Videos
ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို နိုဝင်ဘာ ၅ ရက်မှ ၁၀ အထိ ကျင်းပမည်
ရှန်ဟိုင်း၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)
ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ အထိ ကျင်းပမည်ဖြစ်သည်။ ယခုနှစ်တွင်လည်း နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော်မှ ကုမ္ပဏီ အဖွဲ့အစည်းပေါင်း ၃ထောင်ကျော် အခမ်းအနားကို တက်ရောက်ကြမည်ဖြစ်သည်။ တရုတ်နိုင်ငံ က ကျင့်သုံးလျှက်ရှိသည့် တံခါးဖွင့်ဝါဒကို မီးမောင်းထိုးပြနိုင်ခဲ့သည့် ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၏ ဦးတည်ချက်များလည်းပြည့်ဝခဲ့သည်။
ယမန်နှစ်က CIIE တွင်ပါဝင်ပြသခဲ့သည့် ထဲတွင် နိုင်ငံစုံ ဆေးဝါးအဖွဲ့အစည်း Elekta အဖွဲ့က နိုင်ငံတကာမှ အမှာစာများစွာကို ရရှိခဲ့သည်။ အထူးလူကြိုက်များခဲ့သည့် gamma knifeဖြင့် ရှန်ဟိုင်းမြို့ဆေးရုံတွင် လူနာပေါင်း ၂ထောင်ကျော်ကို ကုသပေးခဲ့ပြီးဖြစ်သည်။
Elekta (China) Investment Co., ltd. မှ SVP& Marketing Director Liu Jianbin က ယခုနှစ်တွင်လည်း မိမိတို့ ကုမ္ပဏီအနေဖြင့် နည်းပညာများစွာ၊ အတွေ့အကြုံများ နှင့် ဆေးဘက်ဆိုင်ရာ အပလီကေးရှင်းများ ကို ဝေမျှပေးသွားမည်ဖြစ်ကြောင်း ၊ ထပ်မံဖြည့်စွက်ရမည်ဆိုပါက တရုတ်နိုင်ငံတွင် အသိဉာဏ်နည်းပညာနှင့် ဒစ်ဂျစ်တယ်နည်းပညာများပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ မိမိတို့ Elekta အနေဖြင့်လည်း ယခုနှစ်တွင် အသိဉာဏ်ပါဝင်သည့် ဓါတ်ရောင်ခြည်ကုသနည်းဆိုင်ရာနည်းလမ်းများကို ပြသသွားဖို့ အဓိက ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် မိမိတို့ ပြခန်းကို လာရောက်လေ့လာကြပါလို့ဖိတ်ခေါ်ပါကြောင်းပြောကြားခဲ့သည်။
ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် စပိန် Iberian ဝက်ပေါင်ခြောက် ကီလို ၅၀၀ ရောင်းချနိုင်ခဲ့သည်။ ယခုနှစ်ပြပွဲတွင်လည်း စပိန်နိုင်ငံမှာ ပို့ကုန်သမားများက ပျော်ရွှင်စွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ La Encina Seleccion SL ( Shanghai) မှ Chief Ham Chef ဖြစ်သူ Wang Kai က စပိန် စားသောက်ကုန် ကုမ္ပဏီ အများစုက CIIE ပြပွဲမှာ မိမိတို့ကို သတိထားမိပြီး ကျွန်တော်တို့နဲ့အတူ ပူးပေါင်း လုပ်ငန်းလုပ်ကိုင်ဖို့ စိတ်အားထက်သန်နေကြကြောင်း၊ ယခုနှစ်မှာလည်း မိမိတို့ ထုတ်ကုန်တွေြဖစ်တဲ့ ဝိုင်တွေ၊ ဝက်ပေါင်ခြောက်တွေ၊ ချိစ် တွေကို ပိုမို ပြသသွားမှာဖြစ်ကြောင်း၊ ယခုနှစ်ပွဲမှာလည်းဖောက်သည်များအတွက် အရည်အသွေးကောင်းတဲ့ ထုတ်ကုန်များစွာနဲ့ မိတ်ဆက်ပေးနိုင်ဖို့ ကောင်းမွန်စွာပြင်ဆင်ထားပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)