Connect with us

Videos

ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို နိုဝင်ဘာ ၅ ရက်မှ ၁၀ အထိ ကျင်းပမည်

ရှန်ဟိုင်း၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ အထိ ကျင်းပမည်ဖြစ်သည်။ ယခုနှစ်တွင်လည်း နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော်မှ ကုမ္ပဏီ အဖွဲ့အစည်းပေါင်း ၃ထောင်ကျော် အခမ်းအနားကို တက်ရောက်ကြမည်ဖြစ်သည်။ တရုတ်နိုင်ငံ က ကျင့်သုံးလျှက်ရှိသည့် တံခါးဖွင့်ဝါဒကို  မီးမောင်းထိုးပြနိုင်ခဲ့သည့်  ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE)  ၏ ဦးတည်ချက်များလည်းပြည့်ဝခဲ့သည်။

ယမန်နှစ်က CIIE တွင်ပါဝင်ပြသခဲ့သည့် ထဲတွင် နိုင်ငံစုံ ဆေးဝါးအဖွဲ့အစည်း Elekta အဖွဲ့က နိုင်ငံတကာမှ အမှာစာများစွာကို ရရှိခဲ့သည်။ အထူးလူကြိုက်များခဲ့သည့်  gamma knifeဖြင့် ရှန်ဟိုင်းမြို့ဆေးရုံတွင် လူနာပေါင်း ၂ထောင်ကျော်ကို ကုသပေးခဲ့ပြီးဖြစ်သည်။

Elekta  (China) Investment Co., ltd. မှ  SVP& Marketing Director  Liu Jianbin  က  ယခုနှစ်တွင်လည်း မိမိတို့ ကုမ္ပဏီအနေဖြင့် နည်းပညာများစွာ၊ အတွေ့အကြုံများ နှင့် ဆေးဘက်ဆိုင်ရာ အပလီကေးရှင်းများ ကို ဝေမျှပေးသွားမည်ဖြစ်ကြောင်း ၊ ထပ်မံဖြည့်စွက်ရမည်ဆိုပါက တရုတ်နိုင်ငံတွင် အသိဉာဏ်နည်းပညာနှင့် ဒစ်ဂျစ်တယ်နည်းပညာများပိုမို  ကျယ်ပြန့်လာသည်နှင့်အမျှ မိမိတို့ Elekta အနေဖြင့်လည်း ယခုနှစ်တွင် အသိဉာဏ်ပါဝင်သည့် ဓါတ်ရောင်ခြည်ကုသနည်းဆိုင်ရာနည်းလမ်းများကို ပြသသွားဖို့ အဓိက ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် မိမိတို့ ပြခန်းကို လာရောက်လေ့လာကြပါလို့ဖိတ်ခေါ်ပါကြောင်းပြောကြားခဲ့သည်။

ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE)   တွင် စပိန် Iberian ဝက်ပေါင်ခြောက် ကီလို ၅၀၀ ရောင်းချနိုင်ခဲ့သည်။ ယခုနှစ်ပြပွဲတွင်လည်း စပိန်နိုင်ငံမှာ ပို့ကုန်သမားများက ပျော်ရွှင်စွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ La Encina Seleccion SL ( Shanghai) မှ Chief Ham Chef ဖြစ်သူ Wang Kai က စပိန် စားသောက်ကုန် ကုမ္ပဏီ အများစုက  CIIE ပြပွဲမှာ မိမိတို့ကို သတိထားမိပြီး  ကျွန်တော်တို့နဲ့အတူ ပူးပေါင်း လုပ်ငန်းလုပ်ကိုင်ဖို့ စိတ်အားထက်သန်နေကြကြောင်း၊ ယခုနှစ်မှာလည်း မိမိတို့ ထုတ်ကုန်တွေြဖစ်တဲ့ ဝိုင်တွေ၊ ဝက်ပေါင်ခြောက်တွေ၊ ချိစ် တွေကို ပိုမို ပြသသွားမှာဖြစ်ကြောင်း၊ ယခုနှစ်ပွဲမှာလည်းဖောက်သည်များအတွက် အရည်အသွေးကောင်းတဲ့ ထုတ်ကုန်များစွာနဲ့ မိတ်ဆက်ပေးနိုင်ဖို့  ကောင်းမွန်စွာပြင်ဆင်ထားပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.