Connect with us

Sport

အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံ အတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆုကို ဘိလိယက် အားကစားနည်းမှ ရရှိ

မြန်မာနိုင်ငံ အတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆုကို ဘိလိယက် အားကစားနည်းမှ ရရှိခဲ့မှုအား တွေ့ရစဉ်(ဓာတ်ပုံ - အားကစားနှင့် ကာယပညာ ဦးစီးဌာန)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသော အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက်  စတုတ္ထမြောက် ရွှေတံဆိပ်ဆုကို ဘိလိယက် အားကစားနည်းမှ ရရှိခဲ့ကြောင်း အားကစားနှင့်ကာယ ပညာ ဦးစီးဌာန ၏ ထုတ်ပြန်မှု အရ သိရသည်။

မနီလာမြို့၌ ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပ ပြုလုပ်သော (အမျိုးသား) တစ်ဦးချင်း 9ball Pool ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မြန်မာမှ ဘုန်းမြင့်ကျော်သည် စင်္ကာပူကစားသမားကို (၉)ပွဲ (၆)ပွဲဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ညနေပိုင်း ဗိုလ်လုပွဲ ပွဲစဉ်တွင် ဗီယက်နမ်ကစားသမားကို (၉)ပွဲ (၄)ပွဲဖြင့် အနိုင်ရယူကာ ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။

ဆီးဂိမ်း ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်ဆုများကို အားနစ် အားကစားနည်းမှ ၁ ခု ၊ ဘိလိယက် အားကစားနည်းမှ ၁ ခုနှင့် လှေလှော် အားကစားနည်းမှ ၁ ခုတို့ ရရှိထားခဲ့ရာ ဘိလိယက် အားကစားနည်းမှ ထပ်မံ၍ ရွှေတံဆိပ် တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၄)ခု၊ ငွေ(၁၈)ခု၊ ကြေး(၅၂)ခု ရရှိပြီး အဆင့်(၇)နေရာတွင် ရပ်တည်နေကြောင်း သိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117