Connect with us

Videos

အမေရိကန်ပြည်ထောင်စုတွင် Moderna မှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးကို အရေးပေါ်သုံးရန် FDA ခွင့်ပြု

နယူးယောက်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဋ္ဌာန FDA က Moderna ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုတွင် အရေးပေါ်အသုံးပြုရန် ပြီးခဲ့သည့်သောကြာနေ့က ခွင့်ပြုပေးခဲ့သည်။အမေရိကန်ပြည်ထောင်စုတွင် အသုံးပြုရန်ယခုကဲ့သို့ခွင့်ပြုပေးခြင်းမှာ အမေရိကန် Pfizer နှင့် ဂျာမန် BioNTech ဆေးဝါးကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်သည့် ကာကွယ်ဆေးပြီးနောက် FDA မှ အရေးပေါ်အသုံးပြုခွင့်ပေးသည့် ဒုတိယမြောက် COVID-19 ကာကွယ်ဆေး ဖြစ်လာသည်။

Moderna COVID-19 ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် နှင့် အထက် ရှိသူများ အတွက်သာအသုံးပြုရန် FDA က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။အဆိုပါ Moderna COVID-19 ကာကွယ်ဆေးကို တစ်လခြားကာ ၂ကြိမ်ထိုးနှံရန်လိုအပ်ကြောင်းသိရသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချိန်နှင့်တပြေးညီစာရင်းကောက်ယူမှုများအရ ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းအထိ အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်ခံရသည့်ဦးရေမှာ ၁၇.၄၁သန်းကျော်လွန်ခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၃၁၃,၀၀၀ ကျော်ရှိခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.