Videos
သစ်သားဖြင့် Chang’e-5 လကမ္ဘာလေ့လားရေးယာဉ်ပုံတူ တစ်ခုဖန်တီးသူ
ကွေ့ကျိုး၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် /စုဝင့်
မကြာသေးမီက တရုတ်လူမျိုး လက်သမားဆရာတစ်ဦးသည် သစ်သားဖြင့် Chang’e-5 လကမ္ဘာလေ့လားရေးယာဉ်ပုံတူ တစ်ခုကို တစ်လခွဲခန့်အချိန်ယူကာဖန်တီးခဲ့ပြီး တရုတ်လူမှုမီဒီယာတွင် ဖော်ပြခဲ့ရာ လူကြိုက်များကျော်ကြားလျက်ရှိသည်။
An Xu ဟု အမည်ရသည့် အသက် ၂၅ နှစ်အရွယ် အဆိုပါ လက်သမားဆရာသည် တရုတ်နိုင်ငံ အနောက်တောင်ဘက် ကွေ့ကျိုးပြည်နယ် Fenggang ကောင်တီ တွင် နေထိုင်သူတစ်ဦးဖြစ်သည်။
၎င်းဖန်တီးထားသည့် သစ်သား Change’e-5 သည် လူတစ်ရပ်စာထက်မြင့်ပြီး အလေးချိန်မှာ ၁၀၀ ကီလို ဂရမ်ခန့်ရှိသည်။ အာကာသသို့လွှတ်တင်ခဲ့သည့် ယာဉ်နည်းတူ lander နှင့် ascender ယာဉ်များကိုထည့်သွင်းထားပြီး ရွှေရောင်ဖလင်စများနှင့် အပူခံစက္ကူများဖြင့် အစစ်နှင့်အသွင်သဏ္ဍာန်တူစေရန်တန်ဆာဆင်ထားသောကြောင့် လက်ရာမြောက်လှပသည့် သစ်သားပုံစံတူ တစ်ခုဖြစ်ခဲ့သည်။
An က Change’e-5 ခရီးစဉ်အောင်မြင်မှုအတွက် ထိုသို့ဂုဏ်ပြုဖန်တီးခြင်းဖြစ်ကြောင်းဆိုသည်။ (Xinhua)