WORLD
တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးက သက်ကြီးရွယ်အိုများတွင် ဆေးစွမ်းထက်ကြောင်း မော်ရိုကိုနိုင်ငံ ကျန်းမာရေးဝန်ကြီးပြော
ရာဘတ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများတွင် ဆေးစွမ်းထက်ကြောင်းနှင့် မော်ရိုကိုနိုင်ငံအနေဖြင့် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများကို အဆိုပါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။
မော်ရိုကိုနိုင်ငံ ကာကွယ်ဆေးထိုးနှံခြင်း ကမ်ပိန်းမှ ရရှိသော အချက်အလက်များအရ Sinopharm ကာကွယ်ဆေးထိုးနှံထားသော အသက် ၆၀ နှစ်နှင့်အထက်ရှိသူများမှာ အခြားသူများနှင့် နှိုင်းယှဉ်ရာတွင် ဆိုးကျိုးသက်ရောက်မှုတိုးလာခြင်းမရှိကြောင်း ပြသထားသည်ဟု မော်ရိုကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
အဆိုပါ အသက်အရွယ်အုပ်စုများတွင် လူ ၈ ဦးသာ Sinopharm ကာကွယ်ဆေးထိုးနှံပြီးနောက် ဆိုးကျိုးသက်ရောက်မှု အနည်းငယ် တွေ့ရှိရကြောင်း၊ ယင်းမှ လူဦးရေ ၁၀,၀၀၀ လျှင် ၂.၂ ဦးနှင့် ညီမျှကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
မော်ရိုကိုနိုင်ငံတွင် တစ်စိတ်တစ်ပိုင်း ပြုလုပ်လျက်ရှိသော Sinopharm ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်-၃ တွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ ပါဝင်ပြီး ၎င်းတို့တွင် ကောင်းမွန်စွာခံနိုင်ရည်ရှိသည်ကို ပြသကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
လက်တွေ့စမ်းသပ်မှုအဆင့်-၃ တွင်လည်း ယေဘုယျအားဖြင့် ၈၆ ရာခိုင်နှုန်း ဆေးစွမ်းထက်ကြောင်းနှင့် စိတ်ချရကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။
မော်ရိုကိုနိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်းကို တရုတ်နိုင်ငံ Sinopharm နှင့် ဗြိတိန်နိုင်ငံ အော့စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca တို့မှ COVID-19 ကာကွယ်ဆေး ၆၆ သန်းရရှိပြီးနောက် ဇန်နဝါရီ ၂၉ ရက်တွင် နေရာပေါင်း ၃,၀၀၀ တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
————————————————————–
(English Version)
Chinese Sinopharm COVID-19 vaccine effective in older people: Moroccan health ministry
RABAT, Feb. 8 (Xinhua) — The Chinese Sinopharm vaccine is effective in older people and Morocco will continue using it to vaccinate the population aged 60 and over, authorities said Monday.
Available data from the Moroccan vaccination campaign showed no increase in adverse effects on the vaccinated people aged 60 and over compared with others receiving the Sinopharm vaccine, Moroccan Health Ministry said in a statement.
So far, only eight people in this age group have reported minor adverse effects after receiving Sinopharm doses, which is equivalent to 2.2 cases per 10,000, it said.
A phase III clinical trial of the Sinopharm vaccine, partly carried out in Morocco, included people aged 60 and over and showed good tolerance in this population, the statement said.
The phase III clinical trial showed an overall efficacy of 86 percent and good safety, it added.
Morocco launched a nationwide vaccination campaign at 3,000 locations on Jan. 29 after securing acquisition of 66 million doses of COVID-19 vaccines from China’s Sinopharm and Britain’s Oxford University and AstraZeneca. Enditem
A medical worker wearing protective equipment takes a swab sample from a student for a COVID-19 test in Rabat, Morocco, Jan. 12, 2021. Morocco on Tuesday reported 801 new COVID-19 cases, taking the tally of infections in the country since March 2 to 453,789. A campaign to detect the new variants of COVID-19 has been organized in middle and high schools across six regions in the country. (Photo by Chadi/Xinhua)