Videos
တရုတ်ပြည်တွင်းဖြစ်ကုန်ရေ နှစ်မျိုးသွား AG600 လေယာဉ်အား မီးသတ်စွမ်းရည်စမ်းသပ်စစ်ဆေးမှုစတင်
ကျန်းမန်၊ မတ် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် ကုန်းရေ နှစ်မျိုးသွားနိုင်သည့် AG600 လေယာဉ်အား မီးသတ်စွမ်းရည် စမ်းသပ်စစ်ဆေးမှုလုပ်ငန်းစဉ်စတင်လျက်ရှိကြောင်း အဆိုပါ လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းက ကြေညာခဲ့သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က ဟူပေပြည်နယ် Jingmen မြို့တွင် AG600 လေယာဉ်ဖြင့် ပထမဆုံးအကြိမ်ရေများသယ်ဆောင်ခြင်းကို စမ်းသပ်ပြုလုပ်ခဲ့သည်။
၎င်းမှာ ကုန်းရေ နှစ်မျိုးသွား လေယာဉ်ကြီး၏ အဓိက ကျသည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည့်အပြင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင်အထူးအရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်သည်။
ယခုနှစ်မကုန်ခင် AG600 ကုန်းရေ နှစ်မျိုးသွား လေယာဉ်ဖြင့် ရေများသယ်ဆောင်က မီးလောင်သည့်ဒေသများအပေါ်သို့ပျံသန်းငြှိမ်းသတ်မှု ပြုလုပ်နိုင်ရန်မျှော်လင့်ထားသည်။
AG600 လေယာဉ်သည် တရုတ်ပြည်တွင်း၌ ထုတ်လုပ်သည့် အဓိကကျသည့် လေယာဉ်ကြီးအမျိုးအစားများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
AG600 လေယာဉ်သည် ၂၀၁၇ ခုနှစ်တွင် အောင်မြင်စွာစမ်းသပ်ပျံသန်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရေကာတာပေါ်မှပထမဆုံးပျံတက်နိုင်ခဲ့သည်။ (Xinhua)