Connect with us

Economy

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားလားဆန်းခိုဂိတ်တွင် သွားလာသည့် တရုတ်-ဥရောပ ရထားအစီးရေ (၉၈) ရက်အတွင်း (၁,၅၀၀)ရှိ

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့ ဟိုင်ချန်းဘူတာတွင် တရုတ်-ဥရောပ ကုန်တင်ရထားအား ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူးလူမုချီ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ Sassnitzမှ စတင်ထွက်ခွာလာသည့် “ချန်းအန်” တရုတ်-ဥရောပရထားကြီးသည် မော်တော်ယာဉ်အပိုပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းကိရိယာ၊ ပရိဘောဂ၊ အိမ်သာရေချိုးခန်းသုံး ကုန်ပစ္စည်းများ တင်ဆောင်၍ တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ အားလားဆန်းခိုနယ်စပ်ဂိတ်သို့ ယခုရက်ပိုင်းများအတွင်း အဆင်ပြေချောမွေ့စွာ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ယခုနှစ်အတွင်း ယင်းဂိတ်တွင် ဖြတ်သန်းသွားလာသည့် ရထားအစီးရေ (၁,၅၀၀)မြောက် တရုတ်-ဥရောပရထားကြီး ဖြစ်သည်။

“ဒီနှစ် (၉၈)ရက် လောက်နဲ့ ရထားသွားလာသည့် အစီးအရေ (၁,၅၀၀)ရှိတယ်။ ဒါက ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် (၄၂)ရက်စောပြီး စံချိန်တင်တာ။”အားလားဆန်းခို အကောက်ခွန်ကြီးကြပ်ရေးဌာန အကြီးအကဲ လီဟုန်ဖုန်းက ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွားသည့် အခြေအနေတွင် တရုတ်-ဥရောပရထားသည် သယ်ယူပို့ဆောင်ပေးနိုင်သည့် ပမာဏများခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ရောက်ရှိနိုင်ငံသည့် နိုင်ငံနှင့်ဒေသများပြားခြင်း၊ တည်ငြိမ်မှုရှိခြင်း၊ အားသာချက်တွေကြောင့် ပိုမိုများပြားသောကုမ္ပဏီလုပ်ငန်းတွေက ပိုပြီးနှစ်သက်ကြကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့ ဟိုင်ချန်းဘူတာတွင် တရုတ်-ဥရောပ ကုန်တင်ရထားပေါ်သို့ ကွန်တိန်နာများတင်ဆောင်နေသည်ကို ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့ ဟိုင်ချန်းဘူတာတွင် တရုတ်-ဥရောပ ကုန်တင်ရထားပေါ်သို့ ကွန်တိန်နာများတင်ဆောင်နေသည်ကို ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အားလားဆန်းခိုအဝင်ဂိတ် အကောက်ခွန်ရှင်းတန်းလုပ်ငန်းများ ပို၍တွင်ကျယ်ထိရောက်စေရန် တရုတ်-ဥရောပရထား သီးသန့်ဝန်ဆောင်မှုထားရှိ၍ (၂၄)နာရီ အချိန်ပြည့်လည်ပတ်ဆောင်ရွက်လျက်ရှိပြီး မီးရထားဌာနနှင့်ပူးတွဲ၍ ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ရထားအကောက်ခွန်ရှင်းတန်းလုပ်ထုံးလုပ်နည်းနှင့် ဂိတ်အဝင်အထွက်ရပ်နားချိန် တစ်ဆင့်တိုး လျော့နည်းစေခဲ့သည်။

ယခင် လူလုပ်အားနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းကွင်းဆက်များကို ဒေတာအချက်အလက်များနှင့် လုပ်ဆောင်သွားခြင်းကြောင့် တရုတ်-ဥရောပရထား၏ အကောက်ခွန်ရှင်းတန်းလုပ်ငန်းတွင်ကျယ်မှု တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း Xinjiang zhonglian haitong international freight forwarders co., LTD အားလားဆန်းခို ကုမ္ပဏီခွဲ တာဝန်ခံ မာဝန်ချန်က ဆိုသည်။

လက်ရှိ ယင်းဂိတ်တွင် အဓိကအားဖြင့် ချုံချင့်-ရှင်းကျန်း-ဥရောပ၊ ကျိန့်ကျိုး-ရှင်းကျင်း-ဥရော၊ ချန်အန်း ၊ ချိန်တူး-ရှင်းကျင်း-ဥရောပ စသည့် ရထားလမ်းကြောင်း ၂၂ ကြောင်း ပြေးဆွဲလျက်ရှိရာ ဂျာမနီ၊ ပိုလန်၊ ဘယ်လ်ဂျီယမ်၊ ရုရှား စသည့် နိုင်ငံပေါင်း (၁၃)နိုင်ငံကို ရောက်ရှိနိုင်ပြီး ကုန်ပစ္စည်းအမျိုးအစားပေါင်း (၂၀၀)ကျော်ကို သယ်ယူပို့ဆောင်လျက်ရှိရာ သွင်းကုန်အနေဖြင့် မော်တော်ယာဉ်နှင့် အပိုပစ္စည်း၊ ချည်မျှင်၊ သစ်သား၊ ပို့ကုန်အနေဖြင့် မော်တော်ယာဉ်နှင့်အပိုပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ နေ့စဉ်သုံးကုန်စုံပစ္စည်းများ အဓိကပါဝင်ကြောင်း သိရသည်။
————————————-
(Chinese Version)
(经济)仅98天!新疆阿拉山口口岸通行1500列中欧班列
2021-04-12 10:40:27
新华社乌鲁木齐4月12日电(记者孙少雄)近日,从德国萨斯尼茨始发满载汽车配件、工程设备、家具卫浴等货物的“长安号”中欧班列,顺利入境到达新疆阿拉山口口岸,这是今年该口岸通行的第1500列中欧班列。
  “今年仅98天就通行1500列,相比去年提前了42天,刷新纪录!”阿拉山口海关监管二科科长李宏峰说,全球疫情之下,中欧班列运量大、价格低、通达国家(地区)多、稳定性强,优势更为凸显,受到更多企业青睐。
  为提高阿拉山口口岸通关效率,当地为中欧班列设立专门窗口,24小时随到随放,海关部门持续优化舱单归并、转关无纸化作业,并与铁路部门联合推广“数字口岸”系统,进一步简化班列通关手续,压缩班列在口岸停留时间。
  新疆中联海通国际货运代理有限公司阿拉山口分公司负责人马文强说,以前许多需要人跑路的环节变成了数据跑,中欧班列通关效率大幅提升。
 目前,口岸开行班列线路主要为渝新欧、郑新欧、长安号、蓉新欧等22条,可到达德国、波兰、比利时、俄罗斯等13个国家,搭载的货物品类200余种。进口货物有汽车及配件、棉纱、木材等,出口货物主要为汽车及配件、家电、日用百货等。(完)

图说1:4月10日在福建厦门海沧火车站拍摄的中欧(厦门)班列X8208次货物列车。新华社记者 魏培全 摄
图说2:4月10日,在福建厦门海沧火车站,货运员在吊运中欧(厦门)班列X8208次货物列车货箱。新华社记者 魏培全 摄
图说3:4月10日,在福建厦门海沧火车站,货运员在吊运中欧(厦门)班列X8208次货物列车货箱。新华社记者 魏培全 摄