Connect with us

China

ဟိုင်နန်ပြည်နယ် ကမ်းလွန်အခွန်ကင်းလွတ်ခွင့်မူဝါဒ ဖော်ဆောင်ခြင်း ၁၅ နှစ်အတွင်း စုစုပေါင်း ရောင်းချမှုတန်ဖိုး ယွမ် ၂၈၆.၄ ဘီလီယံ ရှိ

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ ရစ်ယွဲ့ရင်ပြင်ရှိ China Duty Free Group အခွန်လွတ်ဆိုင်တွင် ဈေးဝယ်ထွက်နေသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ကမ်းလွန်အခွန်လွတ်ခွင့် ဈေးဝယ်ခြင်းမူဝါဒကို ၂၀၁၁ ခုနှစ် ဧပြီ ၂၀ ရက်တွင် ဖော်ဆောင်ခဲ့ချိန်မှစ၍ ယခုအခါ ၁၅ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
၁၅ နှစ်တာကာလအတွင်း ဟိုင်နန်ပြည်နယ် ကမ်းလွန်အခွန်ကင်းလွတ်ခွင့်ဖြင့် ဈေးဝယ်မှုတန်ဖိုးမှာ စုစုပေါင်းယွမ် ၂၈၆.၄ ဘီလီယံ ရှိခဲ့ပြီး စျေးဝယ်ယူသည့် ပစ္စည်းအရေအတွက်မှာမူ ၃၄၇ သန်းနှင့် စျေးဝယ်သူ အကြိမ်ရေ ၅၀.၈၆၆၇ သန်းကျော်ရှိခဲ့ကြောင်း ဟိုင်ခိုအကောက်ခွန်ဌာနမှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)


………………
(Chinese Version)
海南离岛免税政策实施15年 累计销售额2864亿元
新华社照片,海口,2026年4月26日
海南离岛免税购物政策自2011年4月20日实施以来,至今已满15年。海口海关发布的数据显示,15年来,海关累计监管海南离岛免税购物金额2864亿元,购物件数3.47亿件,购物人数5086.67万人次。
图说:4月25日,顾客在中免集团海口日月广场免税店购物。 新华社记者 蒲晓旭 摄