Connect with us

Videos

လေ‌ပေါ်တွင်ပျံဝဲရုံသာမက ‌ရေအောက်သို့ဆင်းသက်မောင်းနှင်နိုင်သည့် ဟိုက်ဘရစ်အမျိုးအစား မောင်းသူမဲ့ ယာဉ်

ရှန်ဟိုင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တရုတ် သုတေသီများက NEZHA III  နီကျား ၃ ဟု အမည်ပေးထားသော လေ‌ပေါ်တွင်ပျံဝဲရုံသာမက ‌ရေအောက်သို့ ဆင်းသက် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ ဟိုက်ဘရစ်အမျိုးအစား ယာဉ်တစ်စင်း အား တီထွင်ခဲ့သည်။

နီကျား ၃ ယာဉ်အား အဏ္ဏဝါသိပ္ပံကျောင်း နှင့် ရှန်ဟိုင်း ကျားထုံးတက္ကသိုလ်မှ သုတေသီများက ပူးပေါင်း ထုတ်လုပ်ခြင်းဖြစ်သည်။

၎င်းတွင်အသုံးပြုသည့် နည်းပညာအများစုသည်အမျိုးသားတီထွင်မှုမူပိုင်ခွင့်များရရှိခဲ့ပြီး အဆိုပါ သုတေသန စာတမ်း ကို Ocean Engineering ဂျာနယ်တွင်ဖော်ပြခဲ့သည်။

နီကျား ၃ ကို တရုတ်နိုင်ငံရှိ Qiandao ကန်၌ လေပေါ်ပျံဝဲနိုင်စွမ်းနှင့်ရေငုပ်နိုင်စွမ်း တို့အား စမ်းသပ်မှု တစ်ခု ပြုလုပ်ခဲ့သည်။ ယာဉ်မှာ အလေးချိန် ၅ ကီလို တင်ဆောင်ကာ ပျံသန်းနိုင်ပြီး ရေအောက် မီတာ ၅၀ အနက်အထိ ရေငုပ်နိုင်သည်။

နီကျား ၃ ကို အနာဂတ်တွင် ရေအောက်ကယ်ဆယ်ရေး၊ ရေအောက်သိပ္ပံနှင့် တည်ဆောက်ရေး ဆိုင်ရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။

လေကြောင်း နှင့် ရေမျက်နှာပြင်များ တွင် ၎င်းအား အသုံးပြုမည်ဖြစ်ပြီး တိကျသည့် ပင်လယ်ပြင်ဧရိယာများ တွင် ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ရာ၌အသုံးပြုသွားမည်ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ၏ ‌အဏ္ဏဝါဗေဒ စောင့်ကြည့်လေ့လာရေးစွမ်းဆောင်ရည်အားတိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.