Connect with us

Social, Education & Health

တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်အတွင်း ပညာရေးကဏ္ဍတွင် ယွမ် ၅ ဒသမ ၃ ထရီလီယံကျော် အသုံးပြုခဲ့

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် တက်ရောက်သင်ကြားနေသော ကျောင်းသား/သူများအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း ပညာရေးကဏ္ဍတွင် ယွမ် ၅ ဒသမ ၃ ထရီလီယံကျော်(အမေရိကန်ဒေါ်လာ ၈၁၇ ဘီလီယံဝန်းကျင်) အသုံးပြုခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ်ကထက် ခန့်မှန်းခြေအားဖြင့် ၅ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

အဆိုပါ စာရင်းများအရ ယွမ် ၄ ဒသမ ၃ ထရီလီယံဝန်းကျင် သို့မဟုတ် စုစုပေါင်းအသုံးစရိတ်၏ ၈၀ ရာခိုင်နှုန်းကျော်သည် အစိုးရဘတ်ဂျက် အသုံးစရိတ်မှ ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်အတွင်း မူကြိုပညာရေး ၊ မသင်မနေရ ပညာရေး ၊ အထက်တန်းကျောင်း ပညာရေး နှင့် အဆင့်မြင့်ပညာရေးတို့တွင် အသုံးစရိတ်များသည် ၂၀၁၉ ခုနှစ် အသုံးစရိတ်များနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၃၉ ရာခိုင်နှုန်း ၊ ၆ ဒသမ ၅၅ ရာခိုင်နှုန်း ၊ ၉ ဒသမ ၁၄ ရာခိုင်နှုန်း နှင့် ၃ ဒသမ ၉၉ ရာခိုင်နှုန်း အသီးသီး တိုးမြှင့်သုံးစွဲခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
China spends over 5.3 trillion yuan on education in 2020
BEIJING, April 27 (Xinhua) — China spent more than 5.3 trillion yuan (around 817 billion U.S. dollars) on education in 2020, up approximately 5.65 percent from 2019, showed statistics released Tuesday by the Ministry of Education.
The statistics indicated that about 4.3 trillion yuan, or over 80 percent of the total spending, came from government budgetary spending.
Spendings on pre-school education, compulsory education, senior high school education and higher education had increased by 2.39 percent, 6.55 percent, 9.14 percent and 3.99 percent, respectively, in 2020, compared with the expenditures in 2019. ■