Connect with us

Science & Technology

လေယာဉ်ဆီဖြည့် စခန်းများ ဆက်လက် တည်ဆောက်မည်ဟုဆို

ရန်ကုန် မင်္ဂလာဒုံ လေဆိပ်၌ ဆိုက်ကပ်ထားသော လေယာဉ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ မင်္ဂလာဒုံ လေယာဉ်ဆီ ဌာနခွဲအား စတင်ပြီးနောက် မြန်မာနိုင်ငံ တစ်ဝန်းရှိ လေယာဉ်ကွင်းများ၌ လေယာဉ် ဆီဖြည့်စခန်းများ ဆက်လက် တည်ဆောက်မည် ဖြစ်ကြောင်း လေယာဉ်ဆီ၊ ဒီဇယ်၊ CNG ဖြန့်ဖြူးမှုနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းပွဲထံမှ သိရသည်။

အဆိုပါ လေယာဉ် ဆီဖြည့်စခန်းများကို မြန်မာနိုင်ငံ တစ်ဝန်းရှိ လေယာဉ်ကွင်း ၁၁ ကွင်း ဖြစ်သည့် တံတားဦး၊ မြစ်ကြီးနား၊ ဟဲဟိုး၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ မော်လမြိုင်၊ ကော့သောင်း၊ နေပြည်တော်၊ တာချီလိတ်၊ ကျောက်ဖြူမြို့များတွင် လေယာဉ် ဆီဖြည့်စခန်းများ ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ် ရေးလုပ်ငန်း၏ လေယာဉ်ဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း လေယာဉ်ဆီ၊ ဒီဇယ်၊ CNG ဖြန့်ဖြူးမှုနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းနှင့် စင်ကာပူနိုင်ငံ Puma Energy Group Pte Ltd တို့ အကျိုးတူ ပူးပေါင်း ၍ National Energy Puma Aviation Services Co., Ltd. အမည်ဖြင့် ဖက်စပ်လုပ်ငန်းအဖြစ် ဇူလိုင် ၁၅ရက်တွင် စတင်လုပ် ဆောင်ရန် ယခုနှစ် ဇွန်လက လေယာဉ်ဆီ တင်သွင်းလုပ်ငန်း သဘောတူညီ လက်မှတ်ထိုးခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက လေယာဉ်ဆီ၊ ဒီဇယ်ဆီ၊ Cooker Gas Oil နှင့် ဆီပြာ ((Blue Oil)၊ CNG သဘာဝဓာတ်ငွေ့ ဖြည့်တင်းမှု၊ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများကို ဇူလိုင်လ ၇ ရက်နေ့၌ နေပြည်တော်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117