Connect with us

Media

တိဘက်ဒေသရှိ ကမ္ဘာ့အနက်ဆုံးချောက်ကြီးအား ဖြတ်သန်းဖောက်လုပ်ထားသည့် အဝေးပြေးလမ်း

တိဘက်၊ မေ ၁၈ ရက် (ဆင်ဟွာ)

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ္ဘာ့အနက်ဆုံး Yarlung Zangbo ချောက်ကြီးကို ဖြတ်သန်းကာ ၇ နှစ် နီးပါးခန့် အချိန်ယူ ဖောက်လုပ်ခဲ့ရသည့် အဝေးပြေးလမ်းမကြီးသည် စနေနေ့က ဖောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။

၆၇.၂၂ ကီလိုမီတာအရှည်ရှိသော လမ်းပိုင်း၏ အဓိက အစိတ်အပိုင်း အဖြစ် ၂,၁၁၄မီတာ အရှည်ရှိသော ဥမင်တစ်ခုကိုပါ ထည့်သွင်း ဖောက်လုပ်ပြီးစီးခဲ့သည်။

အဝေးပြေးလမ်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်ကွာခြားချက်မှာ ၂,၈၉၂ မီတာအထိရှိခဲ့သည်။စီမံကိန်း၏ ခန့်မှန်းရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ရှိရာ ‌ဂေဟဗေဒနှင့် ရေအရင်းအမြစ်ထိန်းသိမ်းရေးစီမံကိန်းများအတွက် အမေရိကန်‌ဒေါ်လာ ၁၇ သန်းအထိအကုန်အကျခံထားသည်။

အ‌‌‌‌‌ဝေးပြေးလမ်းမှတစ်ဆင့်  Nyingchi မြို့ Pad ခရိုင် နှင့် Medog စီရင်စု တို့အား အချိန် ၈ နာရီဖြင့် သွားလာ နိုင်မည်ဖြစ်ရာ ခရီးလမ်းပမ်းကြာမြင့်ချိန်အားလျှော့ချပေးနိုင်ခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.