Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံပြည်တွင်း ထမံသီမြို့၏ တောင်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား၄.၁ အဆင့်မြေငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှု နှင့် ပတ်သက်၍ မိုးဇလ၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၂)နာရီ (၂၆)မိနစ် (၅၀)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် (၂၂၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ထမံသီမြို့၏ တောင်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “အခုလှုပ်တဲ့ငလျင်က ၄.၁ ဆိုတော့ အင်အားနည်းတယ်။ဗဟိုချက်ကလည်း အတန်အသင့်နက်တယ်။ ဒေသကလူတွေကို ဆက်သွယ်ကြည့်တော့ သူတို့ငလျင်လှုပ်တာကို ခံစားရမှုမရှိဘူးလို့ ပြောပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.